သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား တာတိုဒုံးလက်နက်ပစ်လွှတ်စမ်းသပ်


မြောက်ကိုရီးယားအစိုးရဟာ တာတိုပစ် ပဲ့ထိန်းဒုံးကျည် နောက်တစင်းကို ဒီကနေ့ တနင်္လာနေ့အစောပိုင်းက ထပ်မံ ပစ်လွှတ်စမ်းသပ်လိုက် ပါတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီးယား ရည်မှန်းချက်တွေကို စွန့်လွှတ်ဖို့ G-7 စက်မှုအင်အားကြီး နိုင်ငံတွေက တောင်းဆိုလိုက်အပြီး ရက်ပိုင်းအကြာမှာပဲ အခုလို စမ်းသပ်ပစ်လွှတ်တာပါ။

ဒီစမ်းသပ်မှုကိုတော့ မြောက်ကိုရီးယား အရှ့ဘက်ကမ်းရိုးတန်း Wonsan မြို့အနီးမှာ လုပ်ခဲ့တာဖြစ်တာလို့ ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန် ကွပ်ကဲရေးဌာနက ပြောပါတယ်။ ဂျပန်နိုင်ငံရဲ့ သီးသန့် စီးပွားရေးဇုံအဖြစ်သိကြတဲ့ ဂျပန်ပင်လယ်ထဲ ကျမသွားခင် ဒီဒုံးကျည်ဟာ လေထဲမှာ ခြောက်မိနစ်ကြာလောက် ရှိနေခဲ့တာကို အမေရိကန် ကွပ်ကဲရေးဌာနက ဖမ်းယူ သိရှိခဲ့တာပါ။ ဒီဒုံးကျည်ဟာ အမေရိကန်ပြည်ထောင်စုအတွက်တော့ ခြိမ်းခြောက်မှု မဖြစ်နိုင်ဘူးလို့လည်း ဒီကွပ်ကွဲရေးဌာနက ပြောပါတယ်။

ဒါပေမဲ့ အခုလို နောက်တကြိမ် ဒုံးကျည်စမ်းသပ်မှု အတွက် ဒေါသထွက်နေတဲ့ ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ကတော့ မြောက်ကိုရီးယားရဲ့ လုပ်ရပ်ကို တုံ့ပြန် သွားမယ့်အကြေငာ်း ကတိပြု ပြောဆိုပါတယ်။ အမေရိကန်အစိုးရနဲ့လက်တွဲပြီး မြောက်ကိုရီးယားကို ဟန့်တားနိုင်မယ့် နည်းလမ်းတွေကို ခိုင်ခိုင်မာမာ ချမှတ်လုပ်ဆောင်သွားမယ်လို့ ဂျပန်ဝန်ကြီးချုပ်က ဂျပန်ရုပ်သံကနေတဆင့် ပြောသွားတာပါ။ မြောက်ကိုရီးယားအစိုးရနဲ့ ခေါင်းဆောင် ကင်မ်ဂျုံအွန်းအပေါ် ပြင်းပြင်းထန်ထန် စကားလုံးတွေသုံးပြီး ပြစ်တင်ရှုတ်ချနေတဲ့ အမေရိကန် သမ္မတ Trump အစိုးရ အနေနဲ့ကတော့ မြောက်ကိုရီးယားကို ဘယ်လိုတုံ့ပြန်မလဲဆိုတဲ့ ခိုင်မာတဲ့မူဝါဒ အခုချိန်ထိ ချမှတ်လုပ်ဆောင်တာ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG