သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ထောက်လှမ်းရေး အကြီးအကဲ ဖယ်ရှားခံရ


ရာထူးက ဖယ်ရှားခံလိုက်ရတဲ့ မြောက်ကိုးရီးယား နိုင်ငံတော် လုံခြုံရေးဝန်ကြီး Kim Won Hong။
ရာထူးက ဖယ်ရှားခံလိုက်ရတဲ့ မြောက်ကိုးရီးယား နိုင်ငံတော် လုံခြုံရေးဝန်ကြီး Kim Won Hong။

မြောက်ကိုးရီးယား နိုင်ငံတော် လုံခြုံရေးဝန်ကြီးကို အကျင့်ပျက်ခြစားမှု၊ အာဏာ အလွဲသုံးစားမှုနဲ့ သူတာဝန်ယူထားတဲ့ဌာနက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်တယ်ဆိုတဲ့ စွဲချက်တွေနဲ့ ခေါင်းဆောင် ကင်မ် ဂျူံံအွန်းက ရာထူးကနေ ထုတ်ပယ်လိုက်တယ်လို့ တောင်ကိုးရီးယား၊ ပြန်လည် ပေါင်းစည်းရေး ဝန်ကြီးဌာနကပြောပါတယ်။

ကင်မ်ဂျူံအွန်းက သူ့ရဲ့ အဓိက လက်ထောက်တဦးဖြစ်တဲ့ Kim Won Hong ကို ဇန်နဝါရီလ လယ်ပိုင်းမှာ ထုတ်ပစ်လိုက်တာလို့ တောင်ကိုးရီးယားက ဒီကနေ့ သောကြာနေ့မှာပြောပါတယ်။ ထောက်လှမ်းရေး အကြီးအကဲကို ခုလို ရုတ်တရက် ထုတ်ပယ်လိုက်တဲ့အတွက် မြောက်ကိုးရီးယား အုပ်ချုပ်သူ လူတန်းစားကြားမှာ စိုးရိမ်မှုတွေ တိုးလာတာကြောင့် မြောက်ကိုရီးယားရဲ့ မတည်မငြိမ် ဖြစ်နေတဲ့ အခြေအနေ ပိုအရှိန်မြင့်လာနိုင်တယ် လို့ တောင်ကိုရီးယား၊ ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။

မြောက်ကိုးရီးယား ခေါင်းဆောင်မှု အဝန်းအဝိုင်းကနေ Kim Won Hong ကို အပြီးတိုင် ထုတ်ပယ် လိုက်တာလား ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ ခေါင်းဆောင် ကင်မ်ဂျုံအွန်း ဟာ သူရာထူး စတင်ယူတဲ့အချိန်ကစပြီး သူ့ဦးလေးအပါအဝင် အဆင့်မြင့် အစိုးရတာဝန်ရှိသူ အတော်များများကို ထုတ်ပယ်တာ၊ ကွပ်မျက်တာတွေ လုပ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG