သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအိုဘားမားရဲ့ နောက်ဆုံးပြည်ပခရီး


အမေရိကန်သမ္မတ အိုဘားမား ခရီးစဉ်။ (နိုဝင်ဘာ ၂၊ ၂၀၁၆)
အမေရိကန်သမ္မတ အိုဘားမား ခရီးစဉ်။ (နိုဝင်ဘာ ၂၊ ၂၀၁၆)

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား က ဦးစားပေး လုပ်ဆောင်နေတာတွေကို စွန့်ပစ်ဖို့ ကတိပေးထားတဲ့အတွက် ကမ္ဘာတဝှမ်းမှာ စိုးရိမ်စရာ ဖြစ်ခဲ့ရတဲ့ ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားလှယ်လောင်း Donald Trump ရွေးကောက်ပွဲမှာ မမျှော်လင့်ဘဲ အနိုင်ရခဲ့ပြီးနောက်၊ အမေရိကန်သမ္မတအဖြစ် သမ္မတ အိုဘားမားရဲ့ နောက်ဆုံး ပြည်ပခရီးစဉ်ဟာ သိပ်တော့ အားရစရာ မရှိလှဘဲ ဖြစ်နေပါတယ်။

အိမ်ဖြူတော် အမျိုးသား လုံခြုံရေး လက်ထောက် အကြံပေး အရာရှိ Ben Rhodes ကတော့ သောကြာနေ့မှာပဲ သမ္မတအိုဘားမားရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။

Trump ရဲ့ မမျှော်လင့်တဲ့ ရွေးကောက်ပွဲအောင်နိုင်မှုနဲ့အတူ အပြန်အလှန် ဆက်ဆံရေးတွေ၊ နိုင်ငံတကာ သဘောတူညီချက်တွေအပေါ် သက်ရောက်လာမယ့် အလားအလာတွေကို ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ အဓိက ပြောကြား မှာဖြစ်တယ်လို့လည်း အိမ်ဖြူတော် အမျိုးသား လုံခြုံရေး လက်ထောက် အကြံပေး အရာရှိ Ben Rhodes က အတည်ပြု ပြောဆိုခဲ့ပါတယ်။

သမ္မတ အိုဘားမားရဲ့ ခရီးစဉ်အစမှာတော့ ဂရိနိုင်ငံကို သွားရောက်မှာဖြစ်ပြီး ပါသီနွမ်ရှေးဟောင်း အဆောက်အဦးကို သွားရောက်လည်ပတ်မှာဖြစ်သလို၊ ကမ္ဘာတဝှမ်း ရင်ဆိုင်နေရတဲ့ စိန်ခေါ်ချက်မှုတွေနဲ့ ပတ်သက်လို့လည်း အေသင်မြို့မှာ မိန့်ခွန်း ပြောကြားမှာ ဖြစ်ပါတယ်။

အဲဒီကနေမှတဆင့် ဂျာမနီနိုင်ငံကို ဆက်မှာဖြစ်ပြီး၊ ဂျာမနီဝန်ကြီးချုပ် အန်ဂလာ မာကဲနဲ့ တွေ့ဆုံဆွေးနွေးပြီး ကြာသပတေးနေ့မှာ ပူးတွဲ သတင်းစာရှင်းလင်းပွဲ ကျင်းပဖို့လည်း ရှိပါတယ်။ ဂျာမနီနိုင်ငံ ဘာလင်မြို့မှာပဲ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံ ခေါင်းဆောင် တွေနဲ့လည်း သမ္မတ အိုဘားမား တွေ့ဆုံသွားဖို့ ရှိပါတယ်။

အဲဒီနောက် အာရှ-ပစိဖိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု APEC ထိပ်သီးညီလာခံ ကျင်းပရာ ပီရူးနိုင်ငံ Lima မြို့ကို ခရီးဆက်မှာ ဖြစ်ပါတယ်။ ညီလာခံဘေးပန်း အပြင်ဘက်မှာ စနေနေ့ကျရင် တရုတ်သမ္မတ ရှီ ကျင့်ပင်၊ တနင်္ဂနွေနေ့မှာ သြစတြေးလျ ဝန်ကြီးချုပ် Malcolm Turnbull တို့နဲ့ နှစ်နိုင်ငံကြား သီးခြားစီ ဆွေးနွေးကြဖို့ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG