သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စလမ်ဘာသာကိုပြောင်းရင် အမှုက လွှတ်မည်


ပါကစ္စတန်ပြည်သူ့စစ်များ ခရစ်ယာန်ဘုရားကျောင်းကို စစ်ဆေးနေ
ပါကစ္စတန်ပြည်သူ့စစ်များ ခရစ်ယာန်ဘုရားကျောင်းကို စစ်ဆေးနေ

သံသယရှိသူတွေအဖြစ် စွဲချက်အတင်ခံနေရတဲ့ ခရစ်ယာန်ဘာသာဝင် ၄၀ ကျော်ကို ပါကစ္စတန် အစိုးရရှေ့နေ Syed Anees Shah က သူ့တရားရုံးအပြင်မှာ စုခိုင်းပြီး တကယ်လို့ သူတို့အစ္စလမ်ဘာသာကို ပြောင်းပြီး ကိုးကွယ်မယ်ဆိုရင် တရားသေ လွှတ်ပေးမှာ ဖြစ်ကြောင်း မတ်လ နှောင်းပိုင်းမှာ ကမ်းလှမ်းခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်တုန်းက Lahore မြို့က ခရစ်ယာန် ဘုရားကျောင်း ၂ ခုမှာ လူသေဆုံးစေတဲ့ အသေခံ ဗုံးဖေါက်ခွဲမှုတွေ ဖြစ်ပွါးခဲ့အပြီးမှာ မူဆလင် အမျိုးသား ၂ ဦးကို လူအုပ်ကြီးက ဝိုင်းပြီး အသေရိုက်သတ်ခဲ့မှုမှာ ပါဝင်ခဲ့တယ်လို့ သံသယရှိသူ ၄၀ ကျော်ကို အစိုးရရှေ့နေ Shah က တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီဗုံးခွဲ တိုက်ခိုက်မှုတွေကြောင့် တနင်္ဂနွေနေ့ ဝတ်ပြုဆုတောင်းပွဲမှာ ဝတ်ပြုနေသူ ၁၅ ဦး သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

ဖေါက်ခွဲမှုဖြစ်ပွါးခဲ့ပြီးတဲ့ နောက်ပိုင်း၊ ဒီဖေါက်ခွဲမှုနဲ့ ဆက်နွယ်နေမယ်လို့ သံသယရှိတဲ့ အမည်မသိ မူဆလင် ၂ ဦးကို ဒေါသထွက်နေတဲ့ ဆန္ဒပြ လူအုပ်ကြီးက ဝိုင်းရိုက်ပြီး သူတို့ကို မီးရှို့ပစ်ခဲ့တာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုမှာ ပါဝင်တယ်လို့ သံသယရှိသူတွေကိုတော့ ဘေးကကြည့်နေသူတွေ လက်ကိုင်ဖုံးနဲ့ ရိုက်ယူထားတဲ့ ဓါတ်ပုံတွေနဲ့ ဗီဒီယိုတွေကို ကြည့်ပြီး ရဲက သိရှိခဲ့တာ ဖြစ်ပါတယ်။ ဒီသက်သေ အထောက်အထားတွေ ကနေ ခရစ်ယာန် အများစုနေထိုင်ရာ Lahore က Youhanabad အရပ်သား ခရစ်ယာန် ၄၀ ကျော်ကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ သူတို့ရဲ့ အမှုကို Lahore က အကြမ်းဖက် တိုက်ဖျက်ရေး ဆိုင်ရာ တရားရုံးမှာ ကြားနာစဉ် အခုလို အစိုးရရှေ့နေ Shah က ကမ်းလှမ်း ခဲ့တာ ဖြစ်ပါတယ်။

တရားစွဲဆိုတာ ခံနေရတဲ့ ခရစ်ယာန်တွေ အနေနဲ့ သူတို့ရဲ့ ဘာသာကို စွန့်လွှတ်ပြီး အစ္စလမ်ဘာသာကို ပြောင်းမယ်ဆိုရင် အမှုက လွှတ်အောင် လုပ်ပေးမှာ ဖြစ်ကြောင်း အစိုးရရှေ့နေ Shah က ကမ်းလှမ်းခဲ့တယ်လို့ ခရစ်ယာန်တွေရဲ့ ရှေ့နေဖြစ်သူ Joseph Francis က သတင်းမီဒီယာ တွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG