သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယန်ဟီးလီ ကို တွေ့ဖို့ ANP ငြင်းဆန်


ရခိုင်ပြည်နယ် စစ်တွေမြို့ ရခိုင်အမျိုးသားပါတီရုံး ( ၂၀၁၅ သတင်းဓာတ်ပုံ)
ရခိုင်ပြည်နယ် စစ်တွေမြို့ ရခိုင်အမျိုးသားပါတီရုံး ( ၂၀၁၅ သတင်းဓာတ်ပုံ)

ရခိုင်ပြည်နယ်မှာ မဲအများဆုံး အနိုင်ရထားတဲ့ ANP ရခိုင်အမျိုးသားပါတီက ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms.Yanghee Lee နဲ့ တွေ့ဆုံရေးကို လက်မခံပဲ ငြင်းပယ်လိုက် ပါတယ်။ မြန်မာနိုင်ငံကို ၁၂ ရက်ခရီး လာရောက်နေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ Yanghee Lee ဟာ သောကြာနေ့မှာ ရခိုင်ပြည်နယ် ကို ရောက် သွားပြီ ဖြစ်ပြီး ပြည်နယ်မြောက်ပိုင်း က အကြမ်းဖက် အတိုက်ခိုက် ခံခဲ့ရတဲ့ နေရာတွေကို စနေနေ့ မသွားခင်မှာ ANP ရခိုင်အမျိုးသားပါတီ နဲ့ တွေ့ဆုံဖို့ မျှော်လင့်ထားတာ ဖြစ်ပါတယ်။

အခုလို မစ္စ Yanghee Lee ဘက်က တွေ့ဆုံဖို့ ပြောကြားခဲ့ပေမယ့် သူတို့ပါတီအနေနဲ့ တွေ့ဆုံဖို့ အစီစဉ် မရှိဘူးလို့ ANP ပါတီ ဒုဥက္ကဌ ဦးခိုင်ပြည်စိုးက AFP သတင်းဌာနကို ပြောပါတယ်။

အောက်တိုဘာ ၉ ရက်က မောင်တောဒေသမှာ အကြမ်းဖက်အတိုက်ခိုက် ခံခဲ့ရတဲ့အတွက် စစ်တပ်က နယ်မြေရှင်းလင်းရာမှာ ဆိုးဝါးတဲ့ လူ့အခွင့်ရေး ချိုးဖေါက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ အတူ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ရိုဟင်ဂျာ ၆ သောင်းခွဲလောက် ထွက်ပြေးခဲ့ တယ်လို့ ဘင်္ဂလားဒေ့ရှ် အခြေစိုက် ကုလသမဂ္ဂက ပြောဆိုခဲ့တဲ့ နောက်ပိုင်း အဲဒီဒေသကို မစ္စ Yanghee Lee သွားရောက် ကြည့်ရှုမှာ ဖြစ်ပါတယ်။

သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် မတိုင်ခင်မှာတော့ ရခိုင်ဒေသ အကြမ်းဖက်မှုဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လမ်းနေတဲ့ မြန်မာ အစိုးရ သစ်အတွက် အခက်အခဲဖြစ်စေမှာမို့ စိုးရိမ်ကြောင်း ပြောဆိုခဲ့တာပါ။ ဒါပေမယ့် အဲဒီဒေသကို သတင်းမီဒီယာတွေကို သွားခွင့်မပြုခဲ့တဲ့ အချိန် တုန်းကတော့ မစ္စ Yanghee Lee က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

မူစလင်အများစု နေထိုင်တဲ့ ဒေသတွင်းက မလေးရှားနိုင်ငံဟာ လာမယ့် သီတင်းပါတ်ထဲမှာပဲ အစ္စလန် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ အစည်းဝေးကို သူ့နိုင်ငံမှာ ခေါ်ယူပြီး ရိုဟင်ဂျာတွေ အရေးကို ဆွေးနွေးဖို့ ရှိပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရက သူ့နိုင်ငံဘက် ထွက်ပြေးလာသူတွေကို ပြန်ခေါ်ယူဖို့ အခု ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေတဲ့ မြန်မာကိုယ်စားလှယ် အဖွဲ့ကို တောင်းဆိုခဲ့တာပါ။ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အခုလို ထွက်ပြေးလာသူတွေနဲ့ ပါတ်သက်ပြီး နိုင်ငံသား ဟုတ်မဟုတ် စီစစ်မှုတွေ လုပ်ပြီး ဟုတ်မှန်ရင် ပြန်ပို့ရေး ဆွေးနွေးဖို့ ၂ နိုင်ငံ သဘောတူညီမှု ရပြီလို့ ပြောကြားခဲ့ပါတယ်။

ယန်ဟီးလီ ကို တွေ့ဖို့ ANP ငြင်းဆန်
please wait

No media source currently available

0:00 0:01:35 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG