သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဗုံးခွဲရန်ကြံစည်မှု ဆော်ဒီ ဖော်ထုတ်


Saudi Arbia နိုင်ငံ Fahad ကစားကွင်းတွင် ပရိတ်သတ်များကိုတွေ့ရစဉ်
Saudi Arbia နိုင်ငံ Fahad ကစားကွင်းတွင် ပရိတ်သတ်များကိုတွေ့ရစဉ်

၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံး ခြေစစ်ပွဲကို ဗုံးခွဲတိုက်ခိုက်မယ့် အစီအစဉ်ကို ဖော်ထုတ် တားဆီးလိုက်ကြောင်းနဲ့ IS အစ္စလာမ်မစ်စစ်သွေးကြွအဖွဲ့နဲ့ ဆက်နွယ်မှုရှိတယ်လို့ မသင်္ကာရသူတွေကို ဖမ်းဆီးလိုက်နိုင်ကြောင်း ဆော်ဒီအာရေးဗီးယားက ပြောပါတယ်။

Jeddah မြို့ Al-Jawhara အားကစားကွင်းမှာ အောက်တိုဘာလ ၁၁ ရက်နေ့က ကျင်းပဖို့ရှိတဲ့ ဆော်ဒီအာရေးဗီးယားနဲ့ UAE အာရပ်စော်ဘွားများနိုင်ငံတို့ရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် အားကစားရုံအပြင်မှာ ကားဗုံးထောင် တိုက်ခိုက်ဖို့ လူတစုက စီစဉ်ခဲ့ကြောင်း ဆော်ဒီ အာဏာပိုင်တွေက တနင်္ဂနွေနေ့မှာ ကြေညာပါတယ်။ ဒီအားကစားကွင်းဟာ လူပေါင်း ၆၂,၀၀၀ ဆံ့တဲ့ကွင်း ဖြစ်ပါတယ်။

တိုက်ခိုက်မှု မဖြစ်ပွားခင် တရက်အလိုမှာ ပါကစ္စတန်နိုင်ငံသား ၂ ဦး၊ ဆီးရီးယားနဲ့ ဆူဒန်နိုင်ငံသား တဦးစီ၊ စုစုပေါင်း နိုင်ငံခြားသား ၄ ဦးကို ဖမ်းဆီးလိုက်တယ်လို့ ဆိုပါတယ်။ သူတို့ဟာ IS အဖွဲ့နဲ့ ဆက်နွယ်မှု ရှိမရှိဆိုတာကိုတော့ တာဝန်ရှိသူတွေက ထုတ်ဖော် ပြောဆိုခြင်း မရှိပါဘူး။

အလားတူပဲ IS အဖွဲ့ရဲ့ ညွန်ကြားချက်အရ Shaqraa ခရိုင်အတွင်းက ရဲအရာရှိတွေကို တိုက်ခိုက်ဖို့ စီစဉ်ခဲ့တဲ့ ဆော်ဒီနိုင်ငံသား ၄ ဦးကိုလည်း တိုက်ခိုက်မှု မဖြစ်ပွားခင် ဖမ်းဆီးလိုက်ကြောင်း ဆော်ဒီ အာဏာပိုင်တွေက ပြောပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဗုံးခွဲရန်ကြံစည်မှု ဆော်ဒီ ဖော်ထုတ်
please wait

No media source currently available

0:00 0:00:32 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG