သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားနဲ့အမေရိကန် ထိပ်သီးဆွေးနွေးပွဲ ကျင်းပမည်


အမေရိကန် သမ္မတနဲ့ တောင်ကိုရီးယားသမ္မတ
အမေရိကန် သမ္မတနဲ့ တောင်ကိုရီးယားသမ္မတ

နျူကလီးယားနဲ့ မစ်ဇိုင်းဒုံးစမ်းသပ်မှုတွေကြောင့် မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ ကြုံနေရချိန်မှာပဲ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကြား ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်နိုင်ဖို့ ရည်ရွယ်ပြီး၊ ထိပ်သီးဆွေးနွေးပွဲ တခုကို ဇွန်လထဲ ကျင်းပသွားမှာဖြစ်ကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။

ထိပ်သီးဆွေးနွေးပွဲနဲ့အတူ၊ မြောက်ကိုရီးယားရဲ့ နျူကလီးယား ပြဿနာကို ဖြေရှင်းရာမှာ ပြတ်ပြတ်သားသားနဲ့ လက်တွေ့ကျတဲ့ အစီအစဉ်တွေကို ရှာဖွေဖို့ အမေရိကန်နဲ့ တောင်ကိုရီးယားကြား အဆင့်တိုင်းမှာ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Cho June-Hyuck ကပြောဆိုလိုက်တာပါ။

မြောက်ကိုရီးယားကတော့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ပြီး တနင်္ဂနွေနေ့မှာပဲ နောက်ဆုံးအကြိမ် ပဲ့ထိန်းတပ်ဒုံး စမ်းသပ်မှုတွေ လုပ်ခဲ့ပြီး၊ နျူကလီးယားထိပ်ဖူး အကြီးစား တပ်ဆင်နိုင်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ တောင်ကိုရီးယား သမ္မတသစ်အဖြစ် ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ကျမ်းသစ္စာ ကျိန်ဆိုခဲ့တဲ့ Moon Jae-in ကတော့ မြောက်ကိုရီးယား အရေးနဲ့ ပတ်သက်လို့ အလယ်အလတ်လမ်းစဉ်နဲ့ ချဉ်းကပ်ဖို့ မဲဆွယ်စည်းရုံးခဲ့သူ ဖြစ်သလို၊ မြောက်ကိုရီးယား အနေနဲ့ ဆွေးနွေးပြောဆိုမှုတွေ မလုပ်ခင်မှာ လက်ရှိအပြုအမူတွေကို အရင်ပြင်ရလိမ့်မယ်လို့လည်း ပြောဆိုထားတာပါ။

အမေရိကန်သမ္မတ Donald Trump ကတော့ မြောက်ကိုရီးယားနဲ့ ကြီးမားတဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ကြုံရနိုင်ခြေ ရှိတယ်လို့ ပြောဆိုထားပြီး၊ နည်းလမ်းပေါင်းစုံကို စဉ်းစားထားတယ်လို့လည်း ဆိုပေမဲ့၊ စီးပွားရေးအရ ပိတ်ဆို့ဒဏ်ခတ်မှုတွေနဲ့ ပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်း သံတမန်ရေး နည်းလမ်းတွေနဲ့ ဖြေရှင်းလိုကြောင်းလည်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG