သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဲရစ်လေဆိပ် သေနတ်လုမှုကို အကြမ်းဖက်မှုအဖြစ် ကိုင်တွယ်


မတ်လ ၁၈ ရက်နေ့က ပဲရစ်မြို့ Orly လေဆိပ်အတွင်းမှ ခရီးသည်တွေ ထွက်ပြေးလာကြစဉ်။
မတ်လ ၁၈ ရက်နေ့က ပဲရစ်မြို့ Orly လေဆိပ်အတွင်းမှ ခရီးသည်တွေ ထွက်ပြေးလာကြစဉ်။

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ လေဆိပ်မှာ စနေနေ့က လုံခြုံရေးတာဝန်ယူထားတဲ့ အမျိုးသမီးစစ်သည်ထံက ရိုင်ဖယ်သေနတ်လုယူဖို့ ကြိုးစားတဲ့ အစွန်းရောက် အစ္စလာမ်မစ်အဖွဲ့အစည်းတွေနဲ့ ဆက်နွယ်မှုရှိတယ်လို့ သံသယ ရှိခံရသူဟာ သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားပါတယ်။

သေနတ်ကို လုဖို့ ကြိုးစားသူဟာ အသက် ၃၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Ziyed Ben Belgacem ဆိုသူဖြစ်ကြောင်း အေပီသတင်းမှာ ဖော်ပြထားပြီး သူဟာ လုံခြုံရေး တာဝန်ယူထားတဲ့ အမျိုးသမီး စစ်သည်ကို နပန်းဝင်လုံးပြီး ရိုင်ဖယ် သေနတ်ကို လုဖို့ ကြိုးစားတဲ့အချိန် ဘေးမှာ ရှိနေတဲ့ တခြား လုံခြုံရေး ၂ ဦးက သူ့ကို သေနတ်နဲ့ ပစ်သတ်လိုက်ကြတာလို့ ပြင်သစ် ကာကွယ်ရေးဝန်ကြီး Jean-Yves Le Drian က ပြောပါတယ်။

မနက် ၈ နာရီခွဲလောက်က ပဲရစ်မြို့ Orly လေဆိပ်မှာ ဖြစ်သွားခဲ့တဲ့ အဲဒီ အဖြစ်အပျက်ကြောင့် တခြား ထိခိုက် ဒဏ်ရာရသူတော့ မရှိဘူးလို့ ဆိုပါတယ်။

အခု သေနတ်ဝင်လုသူဟာ အစွန်းရောက် အစ္စလာမ် အဖွဲ့တွေနဲ့ ဆက်နွယ်မှုရှိတဲ့အတွက် ၂၀၁၅ ခုနှစ်တုန်းက ပဲရစ်မြို့ အကြမ်းဖက် တိုက်ခိုက်ခံရပြီး လူ ၁၃၀ သေဆုံးသွားခဲ့တဲ့ ဖြစ်ရပ်နောက်ပိုင်း သူ့အိမ်ကို ဝင်ရောက် ရှာဖွေခဲ့ဘူးကြောင်း အစိုးရရှေ့နေရုံးက ပြောပါတယ်။

အခု လေဆိပ်မှာ ဖြစ်သွားခဲ့တဲ့ တိုက်ခိုက်မှုကို ဘာကြောင့် ပြုလုပ်ခဲ့တယ်ဆိုတာနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ခြင်း မရှိပါဘူး။ ဒါပေမယ့် သူ့ရဲ့အမှုကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဌာနက ကိုက်တွယ် ဆောင်ရွက်နေတယ်လို့ အစိုးရရှေ့နေရုံးက ပြောပါတယ်။ သေနတ် ဝင်လုသူရဲ့ ဖခင်နဲ့ ညီအကိုတော်သူ တဦးကိုလည်း စနေနေ့က ထိန်းသိမ်းလိုက်ပါတယ်။ ပြင်သစ် ရဲတပ်ဖွဲ့ကတော့ ဒါဟာ လုပ်ထုံး လုပ်နည်းအရ ထိန်းသိမ်းခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG