သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"တရုတ်တနိုင်ငံတည်း " မူဝါဒ Trump အစိုးရ ပြန်သုံးသပ်မည်လော


အရွေးကောက်ခံ သမ္မတ Donald Trump
အရွေးကောက်ခံ သမ္မတ Donald Trump

၂၀၁၆ သမ္မတ ရွေးကောက်ပွဲ နောက်ပိုင်းမှာ အရွေးကောက်ခံ သမ္မတ Donald Trump က တိုင်ဝမ်သမ္မတ Tsai Ing-wen ရဲ့ တယ်လီဖုန်းနဲ့ ဆက်သွယ်မှုကို လက်ခံ ပြောကြားခဲ့သလို ကွန်မြူနစ်ပါတီ ဦးဆောင်တဲ့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံနဲ့ ပါတ်သက်ပြီး ၁၉၇၉ ခုနှစ်က အမေရိကန် အစိုးရ အသိမှတ်ပြု ကျင့်သုံးခဲ့တဲ့ “One China” တရုတ်တနိုင်ငံထဲအဖြစ် သတ်မှတ်တဲ့မူဝါဒကို ဆက်လက် ကျင့်သုံးသင့်မသင့် မေးခွန်းထုတ်ခဲ့ပါတယ်။

ဒီသီတင်းပတ်ထဲမှာ အမေရိကတိုက်အလယ်ပိုင်း နိုင်ငံများကို အလည်လာရောက်တဲ့ Tsai ဟာ Texas ပြည်နယ် Houston မြို့မှာ ခေတ္တဝင်ရောက်တုန်း အမေရိကန် အထက်လွှတ်တော်အမတ် Ted Cruz နဲ့ ရော Texas ပြည်နယ်အုပ်ချုပ်ရေးမှူး Greg Abbott တို့နဲ့ပါ တွေ့ဆုံခဲ့တာပါ။

Stratfor ထောက်လှမ်းရေးအဖွဲ့က အရှေ့အာရှ ဆိုင်ရာ ဆန်းစစ်လေ့လာသူ John Minnich ကတော့ အခုလို တွေ့ဆုံမှုက ထူးခြားစေတာ မဟုတ်ပဲ သူ့ရဲ့ အလည်ပတ်ခရီးစဉ် ကိုယ်တိုင်က ထူးခြားမှုကို ပြနေသလို ဒါဟာ အမေရိကန်နဲ့ တရုတ်တို့ကြား ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ပြန်လှန် သုံးသပ်နေကြချိန် ဘာမှ သဲသဲကွဲကွဲ မသိရသေးချိန်မှာ ခုလို လာရောက်တာမို့ အနှောက်အယှက် ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

ဒါပေမယ့်လည်း အမျိုးသား အကျိုးစီးပွါးဆိုင်ရာ ဌာန ကာကွယ်ရေးလေ့လာမှု အကြီးအကဲ Harry Kazianis ကတော့ ဒီခရီးစဉ်ဟာ Trump နဲ့ တခြား Republican ပါတီဝင်တွေနဲ့ ဆက်ဆံရေး ရအောင် လုပ်တဲ့ သဘောမို့ သိပ်ကို ထူးခြားတဲ့ ခရီးစဉ် ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG