သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအတွင်းရေးမှူးချုပ်သစ် Antonio Guterres နှစ်သစ်မှာ တာဝန်စထမ်းဆောင်မည်


ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် သစ် Mr. Antonio Guterres
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် သစ် Mr. Antonio Guterres

ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ရာထူးက အနားယူတော့မယ့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနေရာမှာ Mr Antonio Guterres က ထိပ်တန်း နိုင်ငံတကာ သံတမန်တဦးဖြစ်တဲ့ အတွင်းရေးမှူးချုပ်အသစ် တာဝန်ကို ယူတော့မှာ ဖြစ်ပါတယ်။

အရင်က ပေါ်တူဂီ ဝန်ကြီးချုပ် ဖြစ်ခဲ့ ပြီး ကုလသမ္မဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး တာဝန်ယူခဲ့သူ Mr. Guterres က ကမ္ဘာပေါ်က ပဋိပက္ခတွေနဲ့ စစ်ပွဲတွေကြားမှာ ပိတ်မိနေကြတဲ့ သန်းနဲ့ချီတဲ့ ပြည်သူတွေကို ကူညီရမယ့်အရေးဟာ သူ့နှလုံးသားထဲမှာ အလေးနက်ဆုံး ရှိနေတဲ့ တာဝန်ဖြစ်တယ်လို့ ကုလသမ္မဂ္ဂမိန့်ခွန်းတခုမှာ ပြောဆိုခဲ့ပါတယ်။

အရပ်သားပြည်သူတွေဟာ အသက်ဆုံးရှုံးစေလောက်တဲ့ တိုက်ခိုက်မှုတွေ၊ ထိခိုက်ဒဏ်ရာရမှုတွေ၊ အိုးအိမ်စွန့်ထွက်ပြေးရမှုတွေနဲ့ ဆင်းရဲတွင်းထဲ ကမထွက်နိုင်အောင် ပြင်းထန်တဲ့ စစ်ဘေးဒဏ်တွေကို ရင်ဆိုင်နေကြရတယ်လို့ သူက ပြောဆိုသွားပါတယ်၊ ဆေးရုံတွေနဲ့ အကူအညီပေးတဲ့ ယာဉ်တန်းတွေတောင်မှ အကြမ်းဖက်ခံနေရတဲ့ အခြေအနေကိုလည်း Mr. Guterres က ထောက်ပြပြောဆိုခဲ့ပါတယ်၊

၂၀၁၇ခုနှစ် အတွက် နှစ်သစ် ဆုံးဖြတ်ချက်အဖြစ် ငြိမ်းချမ်းရေး ကို ဦးစားပေးဆောင်ရွက်ရေးကိုသူ့ရဲ့ ကုလသမ္မဂ္ဂ လုပ်ဖော်ကိုင်ဖက်အားလုံး တညီတညွတ်ထဲလက်ခံဆောင်ရွက်ကြဖို့ အတွင်းရေးမှူချုပ်သစ် Mr. Guterres က တိုက်တွန်းပြောဆိုလိုက်ပါတယ်။

အမေရိကန်ရွေးကောက်ခံသမ္မတ Donald Trump က ကုလသမ္မဂ္ဂအဖွဲ့ကြီးရဲ့ လုပ်ငန်းတွေ ထိရောက်မှု မရှိဘူး လို့ ဝေဖန်ပြောဆိုပြီးမကြာခင် ကမ္ဘာ့ ငြိမ်းချမ်းရေးလုပ့်ငန်း တွေ အတွက် ကုလသမဂ္ဂက တံတားခင်းပေးမယ့် အဖွဲ့ကြီး တခု ဖြစ်ကြောင်း ကတိပေး ပြောဆို လိုက်တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG