သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Raqqa သိမ်းပိုက်ရေးကူညီဖို့ ကန် မရိန်းတပေ်ရာက်ရှိ


အိုင်အက်စ် စစ်သွေးကြွအဖွဲ့ကို တိုက်ခိုက်နေတဲ့ syrian Democratic Forces (SDF) တပ်သားများ
အိုင်အက်စ် စစ်သွေးကြွအဖွဲ့ကို တိုက်ခိုက်နေတဲ့ syrian Democratic Forces (SDF) တပ်သားများ

အိုင်အက်စ် စစ်သွေးကြွအဖွဲ့ရဲ့ မြို့တော်လို့ သူတို့ကိုယ်တိုင် ကြေညာထားတဲ့ Raqqa မြို့ကို ဝင်သိမ်းတဲ့အခါ အီရတ်တပ်တွေကို လက်နက် အထောက်အကူ ပေးဖို့ အတွက် အမေရိကန် မရိန်းတပ်သားတွေဟာ ဆီးရီးယား အရှေ့မြောက်ပိုင်း ဒေသကိုရောက်သွားပြီလို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။

ဒါပေမယ့်လည်း အခုလို Raqqa ကို တိုက်ခိုက်ရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ တူရကီတို့ကြား နောက်ဆုံး သဘောတူညီမှု ရရှိတဲ့ အနေထား အခုထိ မတွေ့ရသေးပါဘူး။ Raqqa မြို့ထဲက ဂျီဟတ် ၄ ထောင်လောက်ကို နှင်ထုတ်နိုင်ဖို့ အမေရိကန်အကူညီပေးတဲ့ Kurd တပ်ဖွဲ့တွေ ကပဲ ဦးဆောင်မလား ဒါမှမဟုတ် တူရကီဦးဆောင်တဲ့ ဆီးရီးယား သူပုန်တွေကပဲ ဦးဆောင်မလား ဆိုတာ ဆုံးဖြတ်နိုင်တဲ့ပုံမျိုး ခုထိ မတွေ့ရသေး တာပါ။

ဒါပေမယ့် ဆီးရီးယား မြောက်ပိုင်းက အဓိကကျတဲ့ ဒီမြို့ကနေ အမေရိကန်တွေ ပံ့ပိုးကူညီနေတဲ့ Kurd ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ YPG တွေ ထွက်မသွားရင် တူရကီဦးဆောင်တဲ့ တပ်ဖွဲ့တွေက တိုက်ထုတ်မှာ ဖြစ်ကြောင်း အမေရိကန် မရိန်းတပ်သားတွေ ရောက်ရှိသွားချိန် ကြာသပတေးနေ့မှာ တူရကီ နိုင်ငံခြားရေးဝန်ကြီးက သတိပေးခဲ့ပါတယ်။

ဒီ Raqqa ကို ဝင်ရောက်စီးနင်းဖို့ အရေးမှာ ရှုပ်ထွေးမှုတွေ ဖြစ်နေဘယ်အဖွဲ့က ဦးဆောင်မယ် ဆိုတာနဲ့ ပတ်သက်ပြီး အငြင်းပွါးမှုတွေကြောင့် လနဲ့ချီကြန့်ကြာနေတာ ဖြစ်ပါတယ်။ တူရကီ နိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu က အမေရိကန်အစိုးရဟာ အိုင်အက်စ် စစ်သွေးကြွတွေ အခိုင်အမာ ခြေကုပ်ယူထားတဲ့ Raqqa မြို့ကို တိုက်ခိုက်ဖို့ အစီအစဉ်တွေ လုပ်ပြီး အခြေနေကို ရှုပ်ထွေးအောင် လုပ်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။

အမေရိကန် အရာရှိတွေကတော့ Raqqa မြို့နဲ့ ၃၂ ကီလိုမီတာ အကွာလောက်မှာ အမေရိကန် မရိန်းတပ်ဖွဲ့တဖွဲ့ကို လက်နက်ကြီးတွေနဲ့အတူ တပ်ချထားတယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG