သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါရီတိုက်ခိုက်မှု ပြင်သစ်ရွေးကောက်ပွဲကို ဘယ်လိုရိုက်ခတ်


 အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးတဲ့ ပြင်သစ်နိုင်ငံ ပါရီမြို့တော် ရဲ့အထင်ကရ" ချောင်ဇေလီဇေ" လမ်းမကြီး။
အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးတဲ့ ပြင်သစ်နိုင်ငံ ပါရီမြို့တော် ရဲ့အထင်ကရ" ချောင်ဇေလီဇေ" လမ်းမကြီး။

ပြင်သစ်နိုင်ငံ ပါရီမြို့တော် ရဲ့အထင်ကရ" ချောင်ဇေလီဇေ" လမ်းမကြီးပေါ်မှာ တမြန်နေ့က အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးတဲ့နောက် လုံခြုံရေးအထူးတင်းကြပ်ထားပါတယ်။ ဒီတိုက်ခိုက်မှုဟာ တနင်္ဂနွေနေ့ စတင်ကျင်းပမယ့် ပြင်သစ်နိုင်ငံ အထွေထွေရွေးကောက်ပွဲ အပေါ် ရိုက်ခတ်မှု တစုံတရာရှိနိုင်ပါသလား။ အထူးသဖြင့် အမျိုးသားရေး ဝါဒီ လက်ျာစွန်း သမ္မတလောင်းတွေ အလားအလာကောင်း သွားနိုင်သလား ဆိုတာ ပါရီမှာနေထိုင်နေတဲ့ "Beyond Rangoon" ရုပ်ရှင်မင်းသားကြီး ဦးအောင်ကိုးကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်းထားပါတယ်။ ပါရီမြို့တော် လက်ရှိလုံခြုံရေးအခြေအနေကို ဦးအာင်ကိုးက အခုလိုစပြောခဲ့ပါတယ်။

ဦးအောင်ကိုး။ ။ အခုတော့ ဆိုင်တွေပြန်ဖွင့်နေပြီ ဒီနေ့ကစပြီး။ ခါတိုင်းလို စည်စည်ကားကား မဟုတ်တာတောင်မှ ပြန်ပြီးဖွင့်နေပြီပေါ့။

ဦးကျော်ဇံသာ။ ။ ဟုတ်ကဲ့ ဒါပေမဲ့ "ချောင်ဇေလီဇေ" မှာ လုပ်မယ့် လူထုစည်းဝေးပွဲနှစ်ခုကိုတော့ ဖျက်သိမ်းလိုက်တယ်လို့ ဆိုထားပါတယ်။ အဲ့တော့ နိုင်ငံရေး လူစုလူဝေးတော့ ပြန်မလုပ်နိုင်ဘူးထင်တယ်ဆရာ။

ဦးအောင်ကိုး။ ။ အဲ့တာကတော့ သူတင်မကဘူး။ ဒီ့ပြင်သမ္မတလောင်းတွေရော တချို့ အသွားအလာတွေ သူတို့ဆင်ခြင်လိုက်တယ်ဗျာ။ ဒီ့ပြင်နယ်ဘက်မှာလည်း ပါတယ်။ အခုအရေးကြီးဆုံးကတော့ လုံခြုံရေးအတွက် အဓိက ထားပြီးတော့ ဆင်းကြည့် ဒီလိုအခြေအနေမှာ ရှိနေတာပေါ့ဗျာ။ တကယ့်မြို့ရဲ့ " ချောင်ဇေလီဇေ" မှာဖြစ်တယ်ဆိုတော့ သမ္မတအိမ်နဲ့လည်း မဝေးဘူးပေါ့ဗျာ။ အဲ့လိုဖြစ်တယ်ဆိုတော့ တော်တော်လေးကို လုံခြုံမှုကို အရင်ကထက်ပိုဂရုစိုက်တဲ့သဘောပေါ့။

ဦးကျော်ဇံသာ။ ။ ရွေးကောက်ပွဲကျင်းပဖို့ နှစ်ရက်၊ သုံးရက်လောက်အလိုမှာ အခုလို အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်တယ်ဆိုတော့ ဒီတိုက်ခိုက်မှုဟာ ပြင်သစ်နိုင်ငံရွေးကောက်ပွဲကို ဂယက်ရိုက်မယ်လို့ သုံးသပ်သူတွေရှိပါတယ်။ အမေရိကန်သမ္မတက သူ့ရဲ့တွစ်တာထဲမှာလည်း ပြောထားပါတယ်။ ရွေးကောက်ပွဲကို ဒီတိုက်ခိုက်မှုဟာ ဂယက်ရိုက်ခတ်လိုက်မယ်လို့။ ဆရာ ဘယ်လိုသဘောရပါသလဲ။ ရွေးကောက်ပွဲအပေါ်မှာ ဒီတိုက်ခိုက်မှုဟာ ဘယ်လို ဂယက်ရိုက်နိုင်တယ် ထင်ပါသလဲ။

ဦးအောင်ကိုး။ ။ ဂယက်ရိုက်တယ်ဆိုတာ ဒီအခု လုပ်တဲ့သူကိုလည်း သူတို့အခုမှ ဒီမှာ စုံစမ်းလိုက်တုန်းရှိတဲ့အခါကျတော့ အမှန်မှာကတော့ ဟိုဘက်က ချက်ခြင်းတုန့်ပြန်တာက သူက အသိအမှတ်ပြုတယ်။ ဒီလူရဲ့ကားထဲမှာ ကိုရမ်စာအုပ်တို့ နောက် လက်နတ်လည်း ရှိတယ်။ သို့သော်လည်းပဲ သူတို့ဆုံးဖြတ်ရတာက စွပ်စွဲတဲ့ကိစ္စတွေတော့ လုံးဝမပါသေးတဲ့ အခါကျတော့ ချက်ခြင်းတော့ လက်ငင်းအဖြေမထွက်သေးသလို သဘောမျိုးပေါ့ ပြန်တမ်းထုတ်ဖို့တော့ အခြေအနေ မရှိသေးဘူးဗျာ။

ဦးကျော်ဇံသာ။ ။ နိုင်ငံရေးအားဖြင့်ရော အခုလို တိုက်ခိုက်မှုတွေဖြစ်လာတော့ ပြည်ဝင်ခွင့်တို့ နယ်စပ်ပိတ်ဆို့ဖို့ကိစ္စတွေ အဲ့လိုမျိုး ဦးစားပေးတဲ့ လက်ယာစွန်းဝါဒီတွေက ဒီရွေးကောက်ပွဲမှာ အလေးသာသွားနိုင်တယ် ထင်ပါသလား။ အထူးသဖြင့် Marine Le Pen လို သမ္မတလောင်း အနိုင်ရနိုင်တဲ့ အလားအလာရော ဘယ်လောက်ရှိသွားနိုင်ပါသလဲ ဒီတိုက်ခိုက်မှုကြောင့်။

ဦးအောင်ကိုး။ ။ အခုဟာကတော့ လောလောဆယ် Marine Le Pen နဲ့ Macron ပေါ့လေ အငယ်ဆုံးပေါ့ ဝန်ကြီးဟောင်းပေါ့ဗျာ လက်ရှိဆိုရင် အထူးသဖြင့် Marine Le Pen က ခါတိုင်းထက်ပိုပြီးကြိမ်းတယ်။ သူ့ ရွေးကောက်ပွဲလည်းရှိတဲ့အခါကျတော့သူက တော်တော့်ကို ကြိမ်းတယ်။ ဒီ နိုင်ငံခြားသားကိစ္စတွေဘာတွေကို။ သူကတော့ အခြေအနေကောင်းသွားတဲ့သဘောမျိုး ဖြစ်တယ်ပေါ့လေ။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြိး သမ္မတဖြစ်ဖို့ဆိုတာကတော့ ကျနော် ခုနကပြောတဲ့ မစ္စတာMacron နဲ့ Marine Le Pen ကတော့ မတိမ်းမယိမ်းမှာ ဖြစ်နေကြတယ်ဗျ။

ဦးကျော်ဇံသာ။ ။ ပြင်သစ်လူထုရဲ့သဘောထားကရော ဘယ်လိုဖြစ်သွားနိုင်ပါသလဲ။ ပြည်ဝင်ခွင့်ပိတ်တာတို့ ဘာတို့ဘက်ကို ပိုပြီးတော့ အားသာသွားနိုင်ပါသလား ဒီလိုတိုက်ခိုက်မှုကြောင့်။ ပြင်သစ်သတင်းစာဆရာတွေ ရေဒီယိုတို့ တီဗီတို့မှာ သုံးသပ်ချက်တွေ ဘယ်လိုကြားမိပါသလဲ လူထုသဘောထားနဲ့ပတ်သက်ပြီး။

ဦးအောင်ကိုး။ ။ လူထုသဘောထားကတော့ ခုနက သူတို့အင်တာဗျူးတွေ လုပ်နေတဲ့အခါမှာတော့ ခါတိုင်းလိုပဲ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လက်လျှော့ပြီးနေမှာတော့ မဟုတ်ဘူးဆိုတဲ့သဘောမျိုးပေါ့လေ အရပ်သူအရပ်သားတွေကတော့ အဲ့လိုသဘောမျိုး ရှိပါတယ်။ မဲသွားထည့်မှာပေါ့လေ။

ဦးကျော်ဇံသာ။ ။ နောက်တခုမေးချင်တာက ပြင်သစ်နိုင်ငံရဲ့ ကမ္ဘာကျော် သတင်းစာကြီးတွေကရော ဒီကိစ္စနဲ့ ရွေးကောက်ပွဲ ဆက်စပ်မှုနဲ့ ပတ်သက်ပြီး ဒီကိစ္စအပေါ် ဘယ်လိုသုံးသပ်ပါသလဲ။

ဦးအောင်ကိုး။ ။ သတင်းစာတွေကတော့ ဒီမှာ Debate တွေ ချက်ခြင်းလုပ်ပါတယ်။ သတင်းသမားတွေပေါ့လေ။ ပြည်သူလူထုရဲ့သဘောထားကတော့ ပြည်သူလူထုဘက်က မဲထည့်စရာပျက်ကွက်စရာအကြောင်းမရှိဘူးဆိုတာတော့ အင်တာဗျူးတွေမှာ ပြောနေကြတယ် အထူးသဖြင့်ကတော့ ဝမ်းနည်းတဲ့သူတွေ စိတ်ဆိုးတဲ့သူတွေ ရှိတာပေါ့ဗျာ။ နောက်ခရီးသွားမယ့်သူတွေ အလည်လာမယ့်သူတွေ စိတ်တွေပူတာပေါ့ဗျာ အရင်ကလည်း ဖြစ်ခဲ့ဖူးတော့ ပူပါတယ်။ သို့သော်လည်းပဲ လက်ရှိအခြေအနေမှာတော့ ရွေးကောက်ပွဲကို လုပ်နေကျအတိုင်း ဆက်လုပ်မယ့်သဘောမျိုးရှိပါတယ်။

ပါရီမှာနေထိုင်နေတဲ့ "Beyond Rangoon" ရုပ်ရှင်မင်းသားကြီး ဦးအောင်ကိုးကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG