သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ဂျပန်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံမည်


ဂျပန်ရောက် မြန်မာနိူင်ငံသားများကို မိန့်ခွန်းပြော ဆိုနေသည့် ဒေါ်အောင်ဆန်းစုကြည် (၂ နိူဝင်ဘာ ၂၀၁၆)
ဂျပန်ရောက် မြန်မာနိူင်ငံသားများကို မိန့်ခွန်းပြော ဆိုနေသည့် ဒေါ်အောင်ဆန်းစုကြည် (၂ နိူဝင်ဘာ ၂၀၁၆)

ဂျပန်နိူင်ငံကို ချစ်ကြည်ရေးခရီး တရားဝင်သွားရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ အောက်တိုဘာ ၂ရက်- ဗုဒ္ဓဟူး ဒီကနေ့မှာ ဂျပန်ဝန် ကြီးချုပ် ရှင်ဇိုအာဘေး နဲ့ တွေ့ဆုံဖို့ရှိပြီး၊ ဂျပန်စီးပွားရေးကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှု ပ်နှံကြဖို့ တိုက်တွန်းမယ့် အလားအလာ ရှိနေပါတယ်။ အဲဒီမတိုင်ခင်မှာ တိုကျိုမြို့ RIHGA ROYAL ဟိုတယ်မှာ ဂျပန်ရောက် မြန်မာနိူင်ငံသား တစ်ထောင်နီးပါး နဲ့ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံဖို့ရှိပါတယ်။ ဆက်သွယ်မေး မြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

နိူဝင်ဘာ ၁ရက် အင်္ဂါနေ့မှာ ဂျပန်ချစ်ကြည်ရေးခရီးကို စတင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစု ကြည်ဟာ ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေးနဲ့ တွေ့ဆုံမှာဖြစ် ပါတယ်။ ဘယ်လို အကြောင်းအရာတွေ ဆွေးနွေးကြမလဲဆိုတာ တရားဝင်ထုတ်ပြန် ထားတာမျိုး မရှိပေမယ့်၊ ဂျပန် မြန်မာ နှစ်နိူင်ငံခေါင်းဆောင်တွေ တွေ့ဆုံချိန်မှာ ဂျပန် စီးပွားရေးကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ အရင်ထက်ပိုပြီး လာရောက် ရင်းနှီးမြှုပ်နှံ ကြဖို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တိုက်တွန်းမယ်လို့ သုံးသပ်ကြောင်း တိုကျိုမြို့ေ န ဂျပန်မြန်မာအရေးလေ့လာသူ ဦးကျော်ကျော်စိုးက ပြောပါတယ်။

“ ဒီကနေ့ ဝန်ကြီးချုပ် အာဘေးနဲ့တွေ့ဖို့ အစီအစဉ် ရှိတယ်လေ။ ပြီးခဲ့တဲ့ သီတင်းနှစ် ပတ်လောက်ကပဲ ရင်းနှီးမြှုပ်နှံဆိုင်ရာ ဥပဒေကို လွှတ်တော်ကနေ ရှိပြီးသားဥပဒေ ကို ပြန်လည်ပြုပြင် ထားတယ်ဆိုတော့ .. ဒါနဲ့ပတ်သက်ပြီး မြန်မာနိူင်ငံမှာ ရင်းနှီးြ မှုပ်နှံမှု ပိုလိုအပ်နေတယ် ဆိုတဲ့ဟာကို သူပြောမယ်။ ဂျပန်ကိုယ်နှိုက်ကလည်း မြန် မာ ပြည်မှာ ရင်းနှီးမြှုပ်နှံမှုကို ပိုလုပ်ချင်နေတဲ့ အနေအထားမှာ ရှိတယ်။ ဆိုတော့ အခု ဒီခရီးစဉ်မှာ အရင်ကထက် ပိုပြီးတော့ စီးပွားရေးအရ ဆွဲဆောင်မှု၊ နောက် တချက် ရင်းနှီးမြှုပ်နှံမှု ပိုပြီးတော့ အားကောင်းလာမယ်။ နောက် တချက်က စီမံ ဘဏ္ဍာဝန်ကြီးပါ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူပါလာတော့ ငွေကြေးဆိုင်ရာကိစ္စတွေ ချေးငွေကိစ္စမျိုးတွေ ပါလာလိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်။ ဂျပန် ကလဲ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှုကို အရင်ကထက် ပိုပြီးလုပ်ဖို့ မျှော်လင့် ထားပါတယ် ”

အာရှဒေသမှာ မြန်မာနိူင်ငံဟာ ပထဝီနိူင်ငံရေးအရ အရေးပါတာကြောင့် ဒေသတွင်း တနေ့တခြား သြဇာကြီးထွားလာနေတဲ့ တရုတ်နိူင်ငံကို ဂျပန်အနေနဲ့ အာဏာချိန် ခွင်ညှာ ညှိရေးကိစ္စမှာ ဂျပန်က မြန်မာနိူင်ငံကို ပိုပြီးချည်းကပ်လိုတဲ့ သဘောရှိ တယ်လို့ မြန်မာ့အရေးကျွမ်းကျင်သူ ဂျပန်သတင်းစာဆရာ ဦးရွှေဘ (ခေါ်) Hisao Tanabe က ပြောပါတယ်။

“ သိတဲ့အတိုင်းပဲ ဂျပန်က အာရှဒေသမှာ တခုတည်း ကျန်ရှိသေးတဲ့ ရင်းနှီးမြှုပ်နှံဖို့ စီးပွားရေးလုပ်ဖို့ သင့်တဲ့နေရာ ဆိုပြီးတော့ မြန်မာနိူင်ငံကို ရည်မှန်းထားတယ် ဆိုတော့လေ၊ ဂျပန့်အနေနဲ့လဲ မြန်မာပြည်မှာ စီးပွားလုပ်ဖို့ ရင်းနှီးမြှုပ်နှံဖို့ မျှော်လင့် ချက် အများကြီးရှိမယ် ထင်ပါတယ်။ အခု အရှေ့တောင်အာရှ နိူင်ငံတွေ ဖိလစ်ပိုင် ပဲဖြစ်ဖြစ်၊ ဗီယက်နမ်ကိုပဲဖြစ်ဖြစ် အင်ဒိုနီးရှားကိုပဲ ဖြစ်ဖြစ် အခြားနိူင်ငံတွေ အားလုံး က တရုတ်ရဲ့ သြဇာအာဏာကို ဘယ်လို ထိန်းချုပ်ရမလဲဆိုတဲ့ ရှုထောင့် .. အဲဒါ ဂျပန်ရဲ့ မဟာဗျူဟာဖြစ်တယ်။ အဲဒီတော့ မြန်မာနိူင်ငံကိုလဲ အဲဒီကိစ္စမှာ ကျနော်တို့ (ဂျပန်)ဖက်မှာ ရပ်တည်စေဖို့ အာဘေး ဝန်ကြီးချုပ်က ကြိုးစားမယ်ထင်ပါရဲ့”

ဒီကနေ့ ဂျပန်ဝန်ကြီးချုပ်နဲ့ မတွေ့ဆုံမီ မနက် ၉နာရီခွဲလောက်မှာ နိုင်ငံတော် အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ဂျပန်ရောက် မြန်မာနိူင်ငံသား အနည်းဆုံး ၈၀၀ လောက် တိုကျိုမြို့ RIHGA ROYAL ဟိုတယ်မှာ တွေ့ဆုံမှာဖြစ် ပါတယ်။ နောက် တနေ့ အောက်တိုဘာ ၃ ရက်နေ့ကျရင်တော့ ၁၉၈၀ ကျော် နှစ်တွေတုန်းက ဒေါ်ေ အာင်ဆန်းစုကြည် သုတေသနလုပ်ခဲ့တဲ့ ကျိုတိုတက္ကသိုလ်ကို သူသွားရောက်ပြီး တက္ကသိုလ်ကျောင်းသားတွေကို ဟောပြောပို့ချ ဆွေးနွေးမှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၅ ရက်ကြာ ခရီးစဉ်အတွင်း မြန်မာ့အရေးဆိုင်ရာ ဂျပန် လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံဖို့ ရှိသလို၊ ဂျပန်ဧကရာဇ် Akihito ကြင်ယာတော် Michiko တို့နဲ့လည်း တွေ့ဆုံမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီခရီးစဉ်ကနေ ဂျပန်-မြန်မာ နှစ်နိုင်ငံကြား ဆက်ဆံရေးကို ပိုခိုင်မြဲစေမယ်လို့ မျှော်လင့်ကြောင်း ဂျပန်ဝန်ကြီးချုပ်ရုံးက ပြီးခဲ့တဲ့ သီတင်းပါတ်ထဲ ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ တရုတ်နိူင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်ပြီး၊ ရင်းနှီးမြှုပ်နှံမှု နည်းေ နသေးတဲ့ ဂျပန်နိူင်ငံဟာ ၂၀၁၅ ခု တနှစ်ထဲမှာတင် မြန်မာ နိုင်ငံကို ဂျပန်နိူင်ငံ က ချေးငွေ အမေရိကန်ဒေါ်လာ ၁ ဘီလျံပေးခဲ့ပြီး၊ ရန်ကုန်လေဆိပ် တိုးချဲ့ရေး လုပ်ငန်း တွေအတွက် ကူညီသွားဖို့ ၂၀၁၆ အစမှာ ဂျပန်နိုင်ငံက ကြေညာခဲ့ ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၅ရက် ချစ်ကြည်ရေးခရီးအပြီး နိူဝင်ဘာ ၈ ရက်နေ့မှာပြုလုပ်မယ့် ဂျပန်-မြန်မာစက်မှုကုန်သည် လုပ်ငန်းရှင်များ သီးခြားေ ဆွးနွေးပွဲကို မြန်မာနိုင်ငံက လုပ်ငန်းရှင် ၃၀ လောက် တက်ရောက်လိမ့်မယ်လို့ ဂျပန်အစိုးရ သတင်းမှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG