သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ ပြည်နယ်ရွေးကောက်ပွဲ ဝန်ကြီးချုပ်ပါတီ အနိုင်ရ


Uttar Pradesh ပြည်နယ်ရွေးကောက်ပွဲ စည်းရုံးရေး ဆင်းနေတဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi (March 4, 2017)
Uttar Pradesh ပြည်နယ်ရွေးကောက်ပွဲ စည်းရုံးရေး ဆင်းနေတဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi (March 4, 2017)

အိန္ဒိယရဲ့ နိုင်ငံရေးအရ အရေးပါလှတဲ့ အူထရာ ပရာဒက်ရှ် Uttar Pradesh ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲမှာ အာဏာရ BJP ပါတီက အပြတ်အသတ် အနိုင်ရ သွားပါပြီ။ ဒီအောင်မြင်မှုက အုပ်ချုပ်မှု သက်တမ်း တဝက် ရောက်လာပြီဖြစ်တဲ့ ဝန်ကြီးချုပ် Narendra Modi အတွက် အင်အားဖြစ် လာစေပါတယ်။

လူဦးရေ အထူထပ်ဆုံးဖြစ်တဲ့ ဒီပြည်နယ်ရဲ့ အာဏာရ Samajwadi ပါတီကို BJP ပါတီက ဖယ်ရှားနိုင်လိုက်တာပါ။ လွှတ်တော် ရွေးကောက်ပွဲတွေ လတ်တလော ကျင်းပနေတဲ့ ပြည်နယ်ငါးခုထဲက အကြီးဆုံးပြည်နယ်မှာ ခုလို အနိုင်ရ လိုက်တာဟာ အကြီးမားဆုံးရွေးကောက်ပွဲ ဆုလဒ်လည်း ဖြစ်ပါတယ်။ အူထရာ ပရာဒက်ရှ် ြပည်နယ် သားတွေကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ ဒါဟာ BJP ပါတီ အတွက် သမိုင်းဝင်အောင်မြင်မှုဖြစ်သလို ဖွံ့ဖြိုး တိုးတက်ရေးနဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေး အတွက်အောင်မြင်မှုလည်း ဖြစ်ပါတယ်လို့ Modi ကပြောပါတယ်။ အူထရာ ပရာဒက်ရှ်ပြည်နယ် ပါတီမဲဆွယ် ပွဲတွေကို ဝန်ကြီးချုပ်မိုဒီ ကိုယ်တိုင် ဦးဆောင် ခဲ့တာဖြစ်ပါတယ်။ ကြီးပွါး တိုးတက်လာစေရေး ကတိပေး ခဲ့သလို ရူပီးငွေ ၅၀၀ တန်နဲ့ ၁၀၀၀ တန်တွေကို ဖျက်သိမ်းလိုက်တဲ့ အငြင်းပွါးစရာ လုပ်ရပ်ကိုလည်း ဝန်ကြီးချုပ် Modi က ကာကွယ်ပြောဆို သွားခဲ့တာပါ။

ဒီလုပ်ရပ်ကြောင့် ဆင်းရဲ နွမ်းပါးတဲ့ အူထရာပရာဒက်ရှ် ပြည်နယ်တွင်းက မဲဆန ္ဒရှင်တွေရဲ့ မဲမရမှာ စိုးရိမ်မှုတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ကိုယ်စားလှယ် ၄၀၃ နေရာ အတွက် အာဏာရ BJP ပါတီ က ၃၂၀ ကျော်နဲ့ ရှေ့က ဦးဆောင်နေတယ် လို့ ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။

Uttarakhand ပြည်နယ်မှာလည်း BJP ပါတီက အမတ်နေရာ ၇၀ မှာ ၅၄ နေရာနဲ့ သိသိသာသာ ဦးဆောင်နေပါတယ်။ Punjab ပြည်နယ်က လွှတ်တော် ကိုယ်စားလှယ် ၁၁၇ နေရာအတွက် အဓိက အတိုက်အခံ ကွန်ဂရက်ပါတီက ၆၉ နေရာ ရထားပါပြီ။ လွှတ်တော် ရွေးကောက်ပွဲတွေ ကျင်းပနေတဲ့ ဂိုဟာနဲ့ မဏိပူရ် ပြည်နယ်တွေမှာတော့ ပါတီနှစ်ရပ်တို့ အကြိတ်အနယ် ယှဉ်ပြိုင်နေကြ ပါတယ်။ ရွေးကောက်ပွဲမဲရလာဒ်တွေကို ဒီကနေ့နှောင်းပိုင်းမှာ ထုတ်ပြန်ကြေငြာ မယ်လို့ ခန့်မှန်း ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG