သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Koh Toh လူသတ်မှု အယူခံဝင်ဖို့ မြန်မာအစိုးရပြင်ဆင်


Koh Toh အမှု အကူညီပေးရေး မြန်မာကိုယ်စားလှယ်အဖွဲ့
Koh Toh အမှု အကူညီပေးရေး မြန်မာကိုယ်စားလှယ်အဖွဲ့

ထိုင်းနိုင်ငံ ခိုတောင်ကျွန်းမှာ ဗြိတိန် လူငယ် ၂ ဦး သတ်ဖြတ်ခံရမှုနဲ့ ဆက်စပ်ပြီး သေဒဏ် ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံသား ၂ ဦး အတွက် ထိုင်း တရားရုံးချုပ်မှာ အယူခံဝင်ဖို့ မြန်မာ အစိုးရဘက်က ပြင်ဆင်နေပါတယ်။ တရားရုံးချုပ်ကို တင်မယ့် အယူခံ မူကြမ်းကို မြန်မာ ဥပဒေ ပညာရှင်၊ မှုခင်းဆိုင်ရာ ကျွမ်းကျင်သူတွေက ထိုင်းရှေ့နေများ ကောင်စီနဲ့ အတူ ပြင်ဆင်နေတာပါ။ ဗြိတိန် နိုင်ငံသားတွေ ဖြစ်တဲ့ David Miller နဲ့ Hannah Withridage တို့ ၂၀၁၄ ခုနှစ်က သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေ ဖြစ်တဲ့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ကို ထိုင်းတရားရုံးက သေဒဏ်ချမှတ်ထားတာ ဖြစ်ပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ဗြိတိသျှလူငယ်၂ဦး သတ်ဖြတ်ခံခဲ့ရတဲ့ လိပ်ကျွန်း လူသတ်မှုနဲ့ပတ်သက်လို့ သေဒဏ် ေ ပးခြင်းခံထားရတဲ့ မြန်မာရွှေ့ပြောင်းလူငယ်၂ဦးရဲ့အယူခံကို မတ်လ ၁ရက်နေ့က ပယ်ချ ခံခဲ့ရ ပြီးနောက်မှာတော့ မြန်မာနိုင်ငံက ဥပဒေပညာရှင်တွေနဲ့ မူခင်းဆိုင်ရာ ကျွမ်းကျင် သူတွေဟာ ထိုင်းနိုင်ငံ ရှေ့နေများကောင်စီနဲ့ တွေဆုံဆွေးနွေးပြီး ထိုင်းတရားရုံးချုပ်ကို တင်မယ့်အယူခံကို ပြင်ဆင်နေကြတယ်လို့ မြန်မာသံရုံး ကိုယ်စားပြု လိုက်ပါဆောင် ရွက်ပေးနေတဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

“ ပြည်ထောင်စု ရှေ့နေချုပ် ရုံးကနေပြီးတော့ ညွှန်ချုပ်အနေနဲ့ ဒေါ်ခင်ချိုအုန်း ပါလာတယ်။ နောက်တခါ CID ကနေပြီးတော့ မှုခင်းဆိုင်ရာ ကျွမ်းကျင်တဲ့ ရဲအုပ် ဦးစိုးနိုင်ဦး အဲဒီ ၂ယောက် ခေါင်းဆောင်လာတာပါ။ မနေ့တုန်းက အန်ကယ်တို့ လူငယ် ၂ယောက်ကို သွားတွေ့တယ်။ နောက် ထိုင်းရှေ့နေတွေနဲ့ နေ့လည်ပိုင်းက စပြီး ၂နာရီလောက် စကားသွားပြောတယ်။ အဓိက သူတို့ပြောတာက DNA ကိုပဲ သုံးသပ်သွားတဲ့ သဘောရယ်၊ နောက်ပြီး တခုလုံးကို လိုက်လေ့လာ ကြည့်တဲ့အခါ ကျတော့ အဲဒီ အချက်တွေ အားလုံးထဲမှာ တရားခံတွေဘက်က တင်ပြတဲ့ အချက်တွေဟာ ခိုင်လုံနေပါလျက်သားနဲ့ ဒီအချက်လက်တွေပေါ်မှာ သုံးသပ်ခဲ့ခြင်း မရှိဘူး။ နောက်ပြီး တရားခံဖက်က အချက်ကို သုံးသပ်ချက်နည်းပြီးတော့ တရားလိုဖက်က အချက်တွေနဲ့သာ သုံးသပ်ထားတယ်ဆိုတာကိုပဲ ဆွေးနွေးကြတာပါ”

မြန်မာနိုင်ငံက ဥပဒေပညာရှင်တွေနဲ့ မူခင်းဆိုင်ရာ ကျွမ်းကျင်သူတွေဟာ မတ်လ ၂၆ ရက်နေ့ကနေ မတ် ၂၉ ရက်အထိ ထိုင်းနိုင်ငံကို လာရောက်ခဲ့တဲ့ ၄ ရက်တာ ခရီးစဉ်အတွင်းမှာ လိပ်ကျွန်း လူသတ်မူနဲ့ ပတ်သက်လို့ သေဒဏ်ပေး ခံထားရတဲ့ မြန်မာလူငယ် ၂ ဦးကိုလည်း တွေဆုံခဲ့ပါတယ်။ မတ်လ ၂၈ ရက်နေ့ မှာတော့ မြန်မာရွှေ့ပြောင်း လူငယ်၂ ဦးရဲ့ အယူခံအတွက် ပြင်ဆင်မူတွေကို မြန်မာသံရုံး ကိုယ်စားပြု ရှေ့နေ ဦးအောင်မျိုးသန့်နဲ့အတူ ပူးပေါင်းပြင်ဆင် မူတွေလုပ်ခဲ့တာပါ။ ပြင်ဆင်ချက်တွေနဲ့ ပတ်သက်လို့ ရှေနေဦးအောင်မျိုးသန့်က အခုလိုပြောပါတယ်။

Koh Toh အယူခံမှု မြန်မာကိုယ်စားလှယ်အဖွဲ့ ထိုင်းရှေ့နေများနဲ့ဆွေးနွေး
Koh Toh အယူခံမှု မြန်မာကိုယ်စားလှယ်အဖွဲ့ ထိုင်းရှေ့နေများနဲ့ဆွေးနွေး

“ ဒီ မူရင်းအချက် ၂၄ ချက်ရယ် နောက်တခါ ပထမအယူခံရုံးက အမိန့်ချတဲ့ အချက် ၁၉ ချက်ပေါ် မူတည်ပြီးတော့ပဲ အန်ကယ်တို့ ဒီဟာကို အယူခံ သွားဖို့ အစီစဉ်ပါ။ အခုအကြမ်းဖျဉ်းကတော့ နက်ဖြန်လောက်ဆို ပြီးမှာပါ”

မြန်မာလူငယ် ၂ဦးရဲ့အယူခံကို ထိုင်းနိုင်ငံ တရားရုံးချုပ်မှာ လာမယ့် ဧပြီလ ၂၃ ရက်နေ့ထိ အယူခံရက် တလ ထပ်တိုးခွင်ြ့ပုပေး ခဲ့ပါတယ်။ မြန်မာရွှေ့ပြောင်း အလုပ်သမား ခန့်မှန်းချေ ၄,၀၀၀ လောက် အလုပ်လုပ်ကိုင်နေတဲ့ လိပ်ကျွန်းမှာ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့က လူသတ်မှု ဖြစ်ပွား ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် စက်တင်ဘာ လကုန်ပိုင်းမှာတော့ လူသတ်မှုနဲ့ တရားစွဲဆို ခံခဲ့ရတဲ့ မြန်မာလူငယ် ၂ ဦးကိုတော့ တနှစ်ကျော်ကြာ ထိုင်းနိုင်ငံ ကော့စမွေ အကျဉ်းထောင်မှာ ဖမ်းဆီးထားပြီး ၂၀၁၅ ခုနှစ်ကုန်မှာ ထိုင်းနိုင်ငံကောစမွေ တရားရုံးကနေ အမူ ၇ မှုနဲ့ အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် သေဒဏ်ပေးခဲ့ပြီး ဘန်ခွမ်အကျဉ်းထောင်မှာ ထိမ်းသိမ်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG