သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ၅ ဦးသတ်ခံရမှု သံသယရှိသူ မလေး ၁၅ ဦးကို ထိန်းသိမ်း


ပြီးခဲ့တဲ့ အပတ်က မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသား ၅ယောက် အသတ်ခံခဲ့ရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ရဲတပ်ဖွဲ့က မလေးရှားနိုင်ငံသား ၁၅ ယောက်ကို ထိန်းသိမ်းထားတဲ့အကြောင်း The Strait Times သတင်းစာကရေးပါတယ်။

အသက် ၁၉ နှစ်နဲ့ ၅၀ အကြား လူ ၁၅ ယောက်ကို မြန်မာနိုင်ငံသားတွေ အတိုက်ခိုက်ခံခဲ့ရတဲ့ စက်ရုံအနီးမှာ မလေးရှားရဲတွေက ကြာသာပတေးနေ့ ဖမ်းဆီးလိုက်တာဖြစ်ပြီး ရဲတပ်ဖွဲ့ရဲ့ မေးခွန်းတွေကို ဖြေကြားဖို့ ၆ ရက် ရမန်ယူ ချုပ်နှောင်မှာဖြစ်ပါတယ်။ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့အနီး ဆာဒန်းမြို့နယ်မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေကို ပြီးခဲ့တဲ့ ကြာသာပတေးနေ့က လက်နက်ကိုင်လူတစုက ဓားတွေနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် မြန်မာနိုင်ငံသား ၅ ယောက်သေဆုံးခဲ့ပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသား ၇ ယောက်ကိုလည်း ရဲက ဖမ်းဆီခဲ့ပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာ မွတ်ဆလင်တွေ ဖိနှိပ်ခံနေရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ မလေးရှားနိုင်ငံမှာ အလုပ်လုပ်တဲ့ မြန်မာနိုင်ငံသားတွေ အခုလို တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့် မလေးရှားရဲတွေကတော့ ဒီ တိုက်ခိုက်မှုဟာ ရိုဟင်ဂျာကိစ္စနဲ့ မဆိုင်ဘဲ၊ နှစ်ဘက် အဖွဲ့နှစ်ခု ခိုက်ရန်ဖြစ်ပွားရာက စခဲ့တာဆိုပြီး ပြောဆိုနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG