သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်ဝါဒစွဲတိုက်ဖျက်ရေး IT ကုမ္ပဏီကြီးတွေ့ပိုမိုပူးပေါင်းလာ


ဗြိတိန် နိုင်ငံ မန်ချက်စတာမြို့ တိုက်ခိုက်ခံရမှုကြောင့် နိုးကြားမှု ရှိလာတာနဲ့ အတူ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးမှာ အင်တာနက် ကုမ္ပဏီတွေ ဘက်က ပိုပြီး ကူညီပေးလာကြတယ်လို့ ပြည်ထဲရေး ဝန်ကြီးက ပြောဆိုပါတယ်။

ဗြိတိန် ပြည်ထဲရေး ဝန်ကြီး Amber Rudd က ဒီကနေ့ တနင်္ဂနွေနေ့ ဗြိတိန် ရုပ်သံတခုနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ အခုလို ပြောဆိုခဲ့တာပါ။ အကြမ်းဖက် ဝါဒီတွေ အဖြစ် သံသယရှိသူတွေရဲ့ စကားဝှက်နဲ့ စာပို့တာတွေကို ရယူနိုင်ဖို့ နည်းပညာကုမ္ပဏီတွေနဲ့ ဗြိတိန် အစိုးရကြား ဆောင်ရွက်နေတာတွေမှာ တိုးတက်မှုတွေ ရှိတယ်လို့လည်း ပြည်ထဲရေး ဝန်ကြီးက ပြောပါတယ်။

မန်ချက်စတာ အားကစားရုံမှာ ပြီးခဲ့တဲ့ တနလာၤနေ့ ဗုံးဖောက်ခွဲ တိုက်ခိုက်ခံရမှု နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ်နဲ့ မနေ့ စနေနေ့က ဒေသတွင်း တီးဝိုင်းတွေရဲ့ ဂီတဖျော်ဖြေပွဲမှာတော့ လူပေါင်း ၅ သောင်းလောက် တက်ရောက်ခဲ့ကြပါတယ်။ မနေ့ စနေနေ့ အစောပိုင်းမှာဘဲ ဗြိတိန်နိုင်ငံရဲ့ အကြမ်းဖက် ခြိမ်းခြောက်မှုကို အမြင့်ဆုံး အဆင့် သတ်မှတ်ထားရာကနေ တဆင့် လျှော့ချ သတ်မှတ်ခဲ့ပါတယ်။

ဒါပေမယ့် မန်ချက်စတာမြို့က တီးဝိုင်းတွေ ဖြစ်တဲ့ Courteneers၊ the Charlatans ၊ Blossoms နဲ့ Cabbage တို့ရဲ့ မြို့စွန်က Old Trafford ခရစ်ကက် ကွင်းမှာ လုပ်တဲ့ ဂီတဖျော်ဖြေပွဲကိုတော့ လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားခဲ့ပါတယ်။ ဂီတပွဲကို လာမယ့်လူတွေကို ပွဲမစမီ စောစောလာဖို့နဲ့ အိတ်တွေ ယူမလာကြဖို့ ကြိုတင်ကြေညာခဲ့တာပါ။ ကက်ဦးထုပ်တွေ၊ ထင်သာမြင်သာရှိတဲ့ ဂျက်ကက်တွေ ဝတ်ထားတဲ့ လုံခြုံရေး တာဝန်ရှိသူတွေကိုလည်း ဂီတပွဲ ကျင်းပရာ နေရာနဲ့ မီတာ ၅၀ လောက် အတွင်းမှာ လမ်းမတွေပေါ်မှာ တာဝန်ချထားခဲ့ပါတယ်။

မန်ချက်စတာမြို့က တေးဂီတပွဲ တခု အသေခံ ဗုံးခွဲခံရမှုကြောင့် လူပေါင်း ၂၂ ဦး သေဆုံးခဲ့ရပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့တာပါ။ အသေခံ ဗုံးဖောက်ခွဲမှုနဲ့ ဆက်စပ်ပြီး စစ်ဆေးမေးမြန်းဖို့ အမျိုးသား ၁၁ ဦးကို ထိန်းသိမ်းထားတယ်လို့ ဗြိတိန် ရဲတပ်ဖွဲ့က တွစ်တာမှာ ရေးသားထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG