သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD သုတေသနမှူး ဦးမျိုးရန်နောင်သိန်း ပြန်လွတ်မြောက်


ဦးမျိုးရန်နောင်သိန်း
ဦးမျိုးရန်နောင်သိန်း

ဆက်သွယ်ရေးဥပဒေပုဒ် ၆၆ (ဃ) နဲ့ ထောင်ဒဏ် ၆ လ ချမှတ်ခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၊ ဗဟို သုတေသနအဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်းဟာ ဒီကနေ့မှာပဲ အင်းစိန်အကျဉ်းထောင် ကနေ ပြန်လွတ်လာပါပြီ။ ထောင်က လွတ်လွတ်ချင်း မှာပဲ ပုဒ်မ ၆၆ (ဃ) နဲ့ပတ်သက်တဲ့ သူ့ရဲ့အမြင်ကို ထောင်ရှေ့မှာစောင့်နေတဲ့ သတင်းထောက်တွေကို အခုလို ပြောပြပါတယ်။

“၆၆ (ဃ) ကိုလုံးဝဖျက်သိမ်းရမယ်လို့ ကျနေ်ာမမြင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါသည် ဆက်သွယ်ရေးပုဒ်မကို မမှန်မကန်အသုံးချပြီးတော့ ငွေညှစ်တာတွေဖြစ်ခဲ့လို့ရှိရင် ကာကွယ်ဖို့အတွက်လိုတယ်။ ဒါကိုအလွဲသုံးစားလုပ်ပြီးတော့ နိုင်ငံရေးလက်နက်အဖြစ်နဲ့ နိုင်ငံရေးအရ ဖိနှိပ်တာကိုလည်း ကာကွယ်ဖို့လိုတယ်လို့ မြင်ပါတယ်။"

ဦးမျိုးရန်နောင်သိမ်းဟာ မြန်မာနိုင်ငံတဝန်း အကျဉ်းထောင်စခန်းအသီးသီးကနေ ဒီကနေ့ပြန်လွှတ်ပေးလိုက်တဲ့ အကျဉ်းသူ ၊ အကျဉ်းသား ၁၈၈၃ ယောက်ထဲမှာ ပါလာတာပါ။

အကျဉ်းစခန်းအသီးသီးက စည်းကမ်းလိုက်နာသူ နဲ့ ကောင်းမွန်စွာနေထိုင်သူတွေ ကို မြန်မာ့နှစ်သစ်ကူး သင်္ကြန်ပွဲတော်ကာလ မတိုင်မီမှာ အထူးလေ ျှာ့ရက် နဲ့ ပြန်လွှတ်ပေးလိုက်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက ဒီကနေ့ရက်စွဲနဲ့ သတင်း ထုတ်ပြန်ထားပါတယ်။

ဦးမျိုးရန်နောင်သိမ်းဟာ ထောင်ဒဏ် ၆ လမှာ ၅ လနဲ့ သီတင်းတပတ် ကျခံပြီး တဲ့နောက် ပြန်လွတ် လာတာဖြစ်ပါတယ်။

သူဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိ ထိခိုက်စော်ကားတယ်ဆိုတဲ့စာသားတွေ Facebook လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားခဲ့တယ် ဆိုတဲ့စွဲချက်နဲ့ ပြီးခဲ့တဲ့ ဧပြီလ ရက်နေ့ကမှ ထောင်ဒဏ် ၆ လ ချမှတ်ခံခဲ့ရတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG