သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပဋိပက္ခ ပွင့်လင်းမြင်သာမှု ရှိဖို့လို


ရခိုင်ပြည်နယ်အစိုးရတာဝန်ရှိသူများ သံတမန်များကို ရှင်းပြ
ရခိုင်ပြည်နယ်အစိုးရတာဝန်ရှိသူများ သံတမန်များကို ရှင်းပြ

အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ဒေသခံ ပြည်သူ တွေအားလုံးရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေး အတွက် အာဏာ ပိုင်တွေရဲ့ဆောင်ရွက် ချက်တွေဟာ ပွင့်လင်းမြင်သာမှု ရှိဖို့လိုတယ်လို့ ဘာသာရေးနဲ့ လူထုအခြေပြု အဖွဲ့အစည်း ခေါင်းဆောင်တွေက တိုက်တွန်းနေ ကြပါတယ်။ ဒေသ တွင်းက ရဲကင်းစခန်းတွေနဲ့ ရဲလုံခြုံရေးတွေကို အကြမ်းဖက် တိုက်ခိုက်မှုတွေ ရှိေ နသေး တဲ့အတွက် စိုးရိမ်မှုတွေ ပိုမြင့်လာနေတာပါ။ အာဏာပိုင်တွေဘက်က ဒေသ လုံခြုံရေး ကိုလည်း ပိုပြီးတော့မှ တင်းတင်းကျပ်ကျပ် ဆောင်ရွက်နေပါတယ်။ အသေးစိတ်ကို မဆုမွန် ပြောပြပါမယ်။

ရခိုင်ပြည်နယ်မောင်တောမြို့နယ်အတွင်း လုံခြုံရေးအဖွဲ့ဝင်တွေ အသက်သေဆုံး မှု ဖြစ်ခဲ့ရတဲ့ အောက်တိုဘာလ အစောပိုင်းက စခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခေ တွကြောင့် ဒေသခံ ပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်ရသလို စစ်ဆင်ရေး နယ်မြေအဖြစ် သတ်မှတ် ပြီးလည်း တပ်မတော်စစ်ကြောင်းတွေ၊ နယ်ခြားစောင့် တပ်တွေနဲ့ ရဲလုံခြုံရေးတွေဘက်က နယ်မြေ ရှင်းလင်းရေးတွေ နဲ့ ဒေသတွင်း လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်နေရတာပါ။

အခုလို စိုးရိမ်မှုတွေ မြင့်မားနေတဲ့ အခြေအနေမှာ ဒေသခံတွေ အားလုံးရဲ့ အသက် အိုးအိမ် စည်းစိမ်လုံခြုံရေးကို တန်းတူညီမျှ ဆောင်ရွက်ပေး ဖို့နဲ့ အာဏာပိုင်တွေရဲ့ လုံခြုံရေး အစီအမံဆောင်ရွက် ချက်တွေဟာ ပွင့်လင်းမြင်သာမှုရှိဖို့ အရေးကြီး ဆုံး ဖြစ်တယ်လို့ အစ္စလာမ် သာသနာရေး ရာကောင်စီ ( Islamic Religious Affairs Council) အဖွဲ့ဝင် ဦးဝင်းထွန်းစိုးကပြော ပါတယ်။

“ သက်ဆိုင်ရာ တာဝန်ယူထားကြတဲ့ အာဏာပိုင် အစိုးရတွေရော ပြည်ထောင်စု အစိုးရရော သက်ဆိုင်ရာ လူမျိုးစု ကိုယ်စားလှယ်တွေရော သက်ဆိုင်ရာ လူမျိုးစု ကိုယ်တိုင်ကိုရော အကုန်လုံးက ပွင့်လင်းမြင်သာမှု ရှိဖို့လိုတာပေါ့၊ အဲဒီလို ပွင့်လင်းြ မင်သာမှု ရှိတဲ့အခြေနေပေါ် မှာပဲ အားလုံး လိုချင်နေတဲ့ ငြိမ်းချမ်းရေးဆိုတဲ့ ကိုယ့်ရဲ့ အသက် အိုးအိမ်စည်းစိမ် လုံခြုံရေးဆိုတဲ့ ကဏ္ဍတွေကို ဖြေရှင်းနိူင်မှာ ဖြစ်တာေ ပါ့နော်။ တခုပြောချင်တာက ပွင့်လင်းမြင်သာမှု ဆိုတာက ဒေသခံတွေရဲ့ အားကိုးမှု ယုံကြည်မှုကလည်း ပိုပြီးတော့ ယူနိူင်တာပေါ့နော်။ အဲဒါကျမှ တဖက်ကနေပြီးတော့ ခြိမ်းခြောက်နေတဲ့ အနှောက်ယှက်ပေးနေတဲ့ အကြမ်းဖက်သမားတွေ အခြား နိူင်ငံရေး အဖွဲ့အစည်းတွေ အဲဒါတွေရဲ့ ရန်တွေကို ကာကွယ်နိူင်မှာ ဖြစ်တယ် လို့ ကျနော်မြင်တယ်။ ကျနော်တို့ သိသလောက်ပေ့ါနော် ရခိုင်ကိစ္စက အများကြီး ရှုပ်ထွေးနေတယ် အဲဒီမှာ။ အဲဒီအပေါ်မှာ ကိုင်တွယ်ဖြေရှင်းတဲ့အခါမှာ နံပါတ်တစ်က ပွင့်လင်းမြင်သာဖို့လိုတယ်။ အဲဒါကြောင့် ကျနော့်အနေနဲ့ အဓိကပြော ချင်တာက ဘာပဲဖြစ်ဖြစ် စိတ်သန့်ကိုယ်သန့်လေးနဲ့ ကိုယ်ချင်းစာတရားလေး ထားပြီးေ တာ့ ဖြေရှင်းမယ် ဆိုရင်တော့ အားလုံး အေးအေး ချမ်းချမ်း ဖြစ်သွားလိမ့်မယ်လို့ ကျနော်မြင်ပါတယ် ”

ဒေသတွင်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာမှာ လူ့အခွင့်အရေး ချိုးဖောက် မှုတွေ၊ မုဒိမ်းကျင့်မှု ရှိခဲ့တယ်ဆိုတဲ့ ပြောဆိုချက်တွေကြောင့် လူသားချင်း စာနာမှု ဆိုင်ရာ ကုလသမဂ္ဂရုံး UNOCHA ဌာနေ ညှိနှိုင်းရေးမှူး ဦးဆောင်ပြီး နိုင်ငံတကာ သံတမန်အဖွဲ့ကလည်း အကြမ်းဖက်မှု ဖြစ်ပွားရာနေ ရာတွေကို ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ကွင်းဆင်းလေ့လာ ခဲ့ကြပါတယ်။ အဲဒီလို နိုင်ငံတကာ သံတမန်အဖွဲ့ လာရောက်ပြီး ချိန်လေးမှာပဲ မောင်တောက ရဲကင်းစခန်းတခုကို အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပြီး ရဲတပ်ဖွဲ့ဝင ်တဦးသေဆုံးခဲ့ ရတဲ့အတွက် ဒေသတွင်း စိုးရိမ်မှုတွေ ပိုမြင့် တက်လာ သလို အာဏာပိုင်တွေဘက်က လုံခြုံရေးနဲ့ နယ်မြေရှင်းလင်းရေးကို အရှိန်မြင့် လုပ်ေ ဆာင်နေပါတယ်။ လက်ရှိမောင်တောရဲ့ လုံခြုံရေး အခြေအနေနဲ့ ပတ်သက် လို့ မောင်တောဒေသခံလည်းဖြစ် ရခိုင်အမျိုးသားပါတီ မောင်တောရဲ့ဥက္ကဋ္ဌ ဦးခင်မောင်သန်းက အခုလို ရှင်းပြပါတယ်။

“ စိုးရိမ်ပူပန်မှု ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းကနဲ့ မတူတော့ဘူး။ အဓိက လုံခြုံရေးထက် ကျနော်တို့ အခုဖြစ်နေတာက အဲလိုပေါ့ - မြောက်ပိုင်း နယ်မြေကို စစ်ဆင်ရေး နယ်မြေအဖြစ် သတ်မှတ်ထားတယ်။ အခုတောင်ပိုင်းမှာ ထပ်ဖြစ်တယ် အဲဒီတော့ တိတိကျကျလေး ရှာဖွေဖေါ်ထုတ်ဖို့ လိုပါတယ် .. ဒီအကြမ်း ဖက်တွေကိုလေ။ အကြမ်းဖက်ဆိုတဲ့ နေရာမှာလဲ အကုန်လုံးနီးပါးက ဖြစ်နေ ကြတယ် သူတို့က။ မောင်တောဖက်မှာ တပ်ကတော့ အပြင်စည်း သဘောမျိုး ရှိပါတယ်။ ကျနော်တို့ဒီ အထဲပိုင်းမှာတော့ ပြည်သူ့ရဲတွေက တာဝန်ယူထားပါတယ်။ ဒုက္ခသည်တွေကတော့ ပြန်တော့ ပြန်နေကြတာပဲ၊ ဒါပေမယ့် လုံခြုံရေးဆိုတာကလဲ တရွာမှာ ၄-၅-၆ ယောက်ပဲ ထားတော့ အဲဒီလောက်နဲ့ တကယ်ဖြစ်လာရင် ထိန်းနိူင် မယ့် အနေအထားတော့ မရှိပါဘူး ”

နယ်မြေတွင်း မတည်ငြိမ်မှုတွေကြောင့် ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင် ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်ကြ တာတွေ ရှိသလို ဒီလို မထွက်ခွာနိုင်ပဲ ကျန်နေခဲ့ သူတွေကတော့ လုံခြုံရေးအတွက် စိုးရိမ်မှုတွေဖြစ်သလို စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အစစ အရာရာ အခက်အခဲတွေနဲ့ ကြုံနေရ ပါတယ်။

သူတို့တွေရဲ့ အခက်အခဲတွေနဲ့ ပတ်သက်လို့ လွှတ်တော် ကိုယ်စားလှယ်တွေ ဘက်က လိုက်လံ ကူညီဆောင် ရွက်ပေးနေရတဲ့ အနေအထား တွေကို ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေကတော့ အခုလိုပြောပြပါတယ်။

“ ရဲတွေရော စစ်တပ်ကရော အခုဆိုရင် ဒီဖက်တွေကို လုံခြုံရေးတွေလည်း ချထား ပါတယ်။ နောက်တခါ ရေလမ်းခရီးမှာဆိုလည်း ရေတပ်က စစ်တပ်သင်္ဘောတွေ လည်း ချထားပါတယ်။ ဘယ်လောက်ပဲ တင်းတင်းကျပ်ကျပ် ချထားတယ် ဆိုပေ မယ့်လည်း ဒေသခံတွေကတော့ စိုးရိမ်နေ ကြတုန်းပါပဲ။ အင်မတန်စိုးရိမ်မှု ရှိပါတယ် ညဖက်လည်း သူတို့ကြောက်ကြတယ်။ အခုအချိန်မှာ ရဲတွေ စစ်တွေရှိပေမယ့် ေ နာက်တချိန်မှာ လုံခြုံရေးအင်အား နည်းသွားမှာကို စိုးရိမ်ပူပန်မှု ရှိကြပါတယ်။ အဲဒါကြောင့် တနေ့နေ့မှာပေါ့နော် ဒီလို လုံခြုံရေး မရှိတော့ဘူး ဆိုလို့ရှိရင် အန်တီတို့ ရခိုင်တိုင်းရင်းသားတွေအတွက် အန္တရာယ်ဟာလဲ အင်မတန်မှ ကြီးမားပါတယ်။ ဒါကြောင့် ဒီလုံခြုံရေးကတော့ အန်တီတို့ ရခိုင်ပြည် မောင်တော ဘူးသီးတောင် ကိုတော့ ဒီထက်ပိုပြီးချဖို့ လိုအပ်လိမ့်မယ်လို့ အန်တီတို့ ပြောချင်ပါတယ် ”

အခုလက်ရှိဖြစ်နေတဲ့ ပဋိပက္ခတွေကို မှန်မှန်ကန်ကန် သိရှိနိုင်ဖို့အတွက် နိုင်ငံတကာ စုံစမ်းစစ်ဆေးတဲ့ အဖွဲ့တွေကို အတားအဆီးမရှိ ဝင်ရောက်ခွင့် ပြုဖို့နဲ့ အစိုးရဘက်က သမာသမတ်ကျတဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စစ် ယန်ဟီးလီက တောင်းဆိုထားတာ ပါ။ ဖြစ်ပျက်မှုတွေရဲ့ အခြေအနေမှန်ကို သိရှိနိုင်ဖို့ သတင်းသမားတွေကို လွတ်လွတ် လပ်လပ် သတင်းရယူခွင့်ပေး ဖို့ကိုလည်း CPJ ခေါ် သတင်းသမားများ ကာကွယ်ေ စာင့်ရှောက်ရေး အသင်းက တောင်းဆို ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG