သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်-မက္ကဆီကိုဆက်ဆံရေး အလားအလာ


အမေရိကန်-မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီးများ
အမေရိကန်-မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီးများ

အမေရိကန်ပြည်ထောင်စုနဲ့ မက္ကဆီကို နိုင်ငံတို့ကြား မတူကွဲပြားမှုတွေ ရှိနေပေမယ့် အချိန်နဲ့အမျှ ခိုင်ခိုင်မာမာ ရပ်တည်တဲ့ အိမ်နီးချင်း ၂ နိုင်ငံဖြစ်ကြောင်းနဲ့ အခု မက္ကဆီကိုစီတီးမြို့က ဆွေးနွေးပွဲဟာ အရှေ့ကိုပဲမျှော်ပြီး အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ ရှိနေတယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson နဲ့ မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီး Luis Videgaray တို့ဟာ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး ၂ နိုင်ငံစလုံးမှာ သိပ်ကို ကွဲပြားမှုတွေ ရှိနေပြီး ဒါကို ဆွေးနွေးညှိနှိုင်းမှုတွေနဲ့ ဖြေရှင်တာက အကောင်းဆုံးပဲလို့ မက္ကဆီကို နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

သမ္မတသစ် Donald Trump တက်လာချိန်မှာ အမေရိကန် ပြည်ထောင်စုက အသစ်ချမှတ်လိုက်တဲ့ မက္ကဆီကို ဆိုင်ရာမူဝါဒတွေနဲ့ ပတ်သက်ပြီး ဒေါသထွက်မှုတွေနဲ့ စိုးရိမ်ပူပန်မှုတွေကို ပြေလျော့စေဖို့ ရည်ရွယ်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson နဲ့ အမိမြေလုံခြုံရေး ဝန်ကြီး John Kelly တို့ဟာ မက္ကဆီကို နိုင်ငံကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

၂ နိုင်ငံ ဆက်ဆံရေးအတွက် စိန်ခေါ်မှု အတိုင်းအတာနဲ့ အခွင့်အလမ်းတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ ဝန်ကြီး Tillerson ကပြောပါတယ်။

သမ္မတအိမ်ဖြူပြောခွင့်ရ Sean Spicer က မက္ကဆီကို နဲ့ အမေရိကန် ၂ နိုင်ငံကြား ဆက်ဆံရေး ဟာ ကောင်းမွန်တိုးတက်နေတယ်လို့ ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပြီး ကြာသပတေးနေ့ အစောပိုင်းတုန်းကတော့ အမေရိကန် သမ္မတ Donald Trump က ၂ နိုင်ငံကြား ဆက်ဆံရေး ကောင်းလာဖို့ အမေရိကန်ဘက်က လုပ်ဆောင်မှာ ဖြစ်ပြီး၊ ကောင်းမလာရင်တော့လည်း မကောင်းတဲ့အတိုင်းပေါ့ လို့ပြောကြားခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG