သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ချင်းပစ် ဒုံးရန်ကာကွယ်ရေး ဒုံးခွင်းဒုံး ကန် စမ်းသပ် အောင်မြင်


အမေရိကန်က စမ်းသပ် ပစ်လွတ်လိုက်တဲ့ ဒုံးခွင်းဒုံး
အမေရိကန်က စမ်းသပ် ပစ်လွတ်လိုက်တဲ့ ဒုံးခွင်းဒုံး

တိုက်ချင်းပစ် ဒုံးရန်ကာကွယ်ရေးအတွက် ဒုံးခွင်းဒုံး ပထမဆုံးအကြိမ် စမ်းသပ်မှု အောင်မြင်တယ်လို့ အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်က ပြောကြားလိုက်ပါတယ်။

အင်္ဂါနေ့က စမ်းသပ်မှုကို သီးခြားဒုံးကျည် ၂ ခု ပစ်လွှတ်ပြီး စမ်းသပ်ခဲ့တာပါ။ ပစိဖိတ် သမုဒ္ဒရာထဲမှာရှိတဲ့ ကျွန်းတခုကနေ တိုက်ချင်းပစ် ပဲ့ထိန်းတပ်ဒုံးကျည်တခုကို တိုက်ခိုက်တဲ့ ပုံစံမျိုး ပစ်လွှတ်ခဲ့ပါတယ်။

ကာလီဖိုးနီးယား ပြည်နယ်မှာရှိတဲ့ Vandenberg လေတပ ်အခြေစိုက်စခန်းကနေ အဲဒီဒုံးကို ဖြိုခွင်းဖို့ ဒုတိယဒုံးကျည်ကို ပစ်လွှတ်ခဲ့တာမှာ လမ်းခုလတ်မှာတင် ပထမဒုံးကျည်ကို ကြားဖြတ် ဖျက်ဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပဲ့ထိန်းတပ် တိုက်ချင်းပစ် ဒုံးရန်ကို ကြားဖြတ် ဖြိုခွင်းနိုင်ခဲ့တာဟာ မယုံကြည်နိုင်လောက်တဲ့ အောင်မြင်မှုဖြစ်တယ် လို့ ဒုံးရန် ကာကွယ်ရေးအေဂျင်စီက ဒုတိယ ရေတပ်ဗိုလ်ချုပ်ကြီး Jim Syring က ပြောကြားခဲ့ပါတယ်။

တဖက်သေနတ်ကပစ်လိုက်တဲ့ ကျည်ကို နောက်ကျည်တခုနဲ့ ပစ်ချခဲ့တယ်ဆ ိုတာမျိုး ဒုံးခွင်းဒုံး စမ်းသပ်မှုကို ပင်တဂွန် စစ်ဌာနချုပ် တာဝန်ရှိသူတွေက နှိုင်းယှဉ် ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားလို ရန်လိုနေတဲ့နိုင်ငံတွေက ပစ်လိုက်နိုင်တဲ့ ဒုံးကျည်ရန်ကို ကာကွယ်နိုင်ဖို့ အဲဒီဒုံးခွင်းဒုံးစနစ်ကို ပြင်ဆင်ထားတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားက တနင်္လာနေ့က နောက်ဆုံး ပစ်လွှတ်ခဲ့တဲ့ ပဲ့ထိန်းတပ်ဒုံး စမ်းသပ်မှု အောင်မြင်တယ်လို့ အင်္ဂါနေ့ အစောပိုင်းမှာပဲ ကြေညာခဲ့တာပါ။ တာတို ပဲ့ထိန်းဒုံးဖြစ်ပုံရတဲ့ ဒုံးကျည်တခု လေထဲမှာ ၆ မိနစ်လောက်သွားခဲ့ပြီး ဂျပန်ရေပိုင်နက်ထဲကို ကျသွားခဲ့တယ်လို့ အမေရိကန်စစ်တပ် ပစိဖိတ် ဒေသကွပ်ကဲရေးဌာနက ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG