သုံးရလွယ်ကူစေသည့် Link များ

နယ်စပ်ကုန်သွယ်ရေးအပေါ် မူဆယ်က ကုန်သည်တွေရဲ့ အမြင် (အပိုင်း-၁)


ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ ၁၀၅ မိုင်မှာ တိုက်ပွဲများ ဖြစ်ပွားနေစဉ်။ (Myanmar President Office)

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ ၁၀၅ မိုင်မှာ တိုက်ပွဲများ ဖြစ်ပွားနေစဉ်။ (Myanmar President Office)

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ အနီးဝန်းကျင်မှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အစိုးရ တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ၉ ရက်လောက် ရပ်ဆိုင်းသွားခဲ့ရာက အခုချိန်မှာ ကုန်သွယ်မှုလုပ်ငန်းတွေ ပုံမှန် ပြန်ဖြစ်လာနေပြီလို့ ဒေသခံ ကုန်သည်တွေက ပြောပါတယ်။ ဒါပေမယ့် မန္တလေး-မူဆယ် လမ်းမမှာ အကောက်ခွန်စခန်း အသစ်ဖွင့်လိုက်တဲ့အတွက် ကုန်စည် စီးဆင်းမှု နှေးကွေးတဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရကြောင်း မူဆယ်မြို့ ဆန်ကုန်သည်ကြီးများအသင်းရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးမင်းသိန်းက ပြောပါတယ်။ မူဆယ်မြို့က နယ်စပ်ကုန်သွယ်ရေး အခြေအနေတွေကို အခုသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ အပိုင်း (၁) အဖြစ်နဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

XS
SM
MD
LG