သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားထောက်လှမ်းရေးအပေါ် တင်းကျပ်မှုတချို့ ကန်ဖြေလျှော့


အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန
အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန

ရုရှားရဲ့ ဆိုင်ဘာနှောက်ယှက်မှုကြောင့် အရင် သမ္မတ Barack Obama ချမှတ်ထားတဲ့ အရေးယူဒဏ်ခတ်မှုတွေ ရှိနေတဲ့ ကြားကပဲ FSB ရုရှားထောက်လှန်းရေးဌာနနဲ့ စီးပွါးရေးဆိုင်ရာ ငွေအလွှဲအပြောင်း ကန့်သတ်မှုတချို့ကို ဖြေလျှော့ ပေးလိုက်ကြောင်း အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ကြာသပတေးနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

ကုမ္ပဏီတွေအတွက် ရုရှားထောက်လှန်းရေး ဌာနကထုတ်ပေးတဲ့ ပါမစ်ကြေး ဒါမှမဟုတ် လိုင်စင်ကြေးရဖို့ တနှစ် ဒေါ်လာ ၅၀၀၀ အထိ ပေးဆောင်မှုကို ခွင့်ပြုဖို့နဲ့ IT နည်းပညာဆိုင်ရာ ပစ္စည်းတချို့နဲ့ ပတ်သက်ပြီး ကန့်သတ်ချက် တချို့ကို ဖြေလျှော့ပေးတာတွေ ပါဝင်တဲ့ ကြေညာချက်ကို ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။

အခုလို လုပ်ဆောင်ချက်ဟာ ရုရှားအပေါ် အမေရိကန် ပြည်ထောင်စုရဲ့ ဒဏ်ခတ်မှုကို လျှော့ချပေးတာမျိုး မဟုတ်ဖူးလို့ သမ္မတအိမ်ဖြူ ပြောခွင့်ရ Sean Spicer ကပြောပါတယ်။

အမေရိကန်သမ္မတ Donald Trump ကလည်း ဖြေလျှော့ပေးတာ ဘာမှ မရှိဘူးလို့ ပြောကြားခဲ့တာပါ။

ဒီမိုကရက်တစ်ပါတီရဲ့ ကွန်ပြူတာ တွေကို ဖေါက်ထွင်းဖို့ ရုရှားက ကြိုးစားခဲ့တယ်လို့ အမေရိကန် ထောက်လှန်းရေး အဖွဲ့တွေရဲ့ စွပ်စွဲမှုတွေ နောက်ပိုင်း ဒီဇင်ဘာလထဲမှာ အရင်သမ္မတ Barack Obama က ရုရှားအပေါ် အရေးယူဒဏ်ခတ်မှုတွေ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

အခုလို အဖေါက်ထွင်းခံရ တာနဲ့ပတ်သက်ပြီး အမေရိကန် ထောက်လှန်းရေးဌာနတွေက အခုထိ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG