သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအဆိပ်ဓါတ်ငွေ့တိုက်ခိုက်မှု လူ ၁၀၀ သေဆုံး


ဆီးရီးယားမှာ အဆိပ်ဓါတ်ငွေ့ဒဏ် သင့်ခဲ့သူတဦး။
ဆီးရီးယားမှာ အဆိပ်ဓါတ်ငွေ့ဒဏ် သင့်ခဲ့သူတဦး။

ဆီးရီးယားနိုင်ငံ မြောက်ပိုင်း Idlib ပြည်နယ်ထဲက သူပုန်တွေ ထိန်းချုပ်ထားတဲ့ မြို့တခုအပေါ် အဆိပ်ဓါတ်ငွေ့နဲ့ တိုက်ခိုက်ခံရလို့ အရပ်သား အများအပြား သေဆုံး၊ နာမကျန်း ဖြစ်ခဲ့ကြပါတယ်။

အဲဒီ တိုက်ခိုက်မှုဟာ ဆီးရီးယားသမ္မတကို သစ္စာခံတဲ့တပ်တွေ၊ ဒါမှမဟုတ် ရုရှားတပ်တွေရဲ့လက်ချက် ဖြစ်မယ်လို့ လေ့လာသူတွေ၊ သံတမန်တွေနဲ့ ဆီးရီးယား အရပ်သားတွေကို အကူအညီပေးတဲ့ အဖွဲ့တွေက ပြောကြပါတယ်။ အဆိပ် ဓါတ်ငွေ့ကြောင့် ကလေးငယ်နဲ့ အမျိုးသမီးတွေ အပါအဝင် သေဆုံးသူ ၁၀၀ လောက်ရှိပြီး နာမကျန်း ဖြစ်နေကြသူ ၃၅၀ ကျော်တယ်လို့ ဆီးရီးယားပြည်သူတွေကို လူသားချင်း စာနာကူညီနေကြတဲ့ တပ်ပေါင်းစုအဖွဲ့ကြီးက ပြောပါတယ်။

၆ နှစ်ကြာ ပြည်တွင်းစစ်ပွဲအတွင်း အဆိုးဆုံး တိုက်ခိုက်မှုဖြစ်တယ်လို့ ဆီးရီးယား အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားသူတွေက ဖော်ပြပြောဆိုပါတယ်။ ကြောက်မက်ဖွယ် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ဖြစ်တယ်လို့ ဆီရီးယား အမျိုးသား ညွန့်ပေါင်း အဖွဲ့က ပြောပါတယ်။

အဆိပ်ဓါတ်ငွေ့နဲ့ တိုက်ခိုက်တယ် ဆိုတာကို ရုရှားက ပြတ်ပြတ်သားသား ငြင်းပါတယ်။ ဆီးရီးယား အစိုးရကလည်း ပြည်သူတွေအပေါ် ဓါတုလက်နက်ကို မသုံးဘူးလို့ ငြင်းဆန် ခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပါတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဗုဒ္ဓဟူးနေ့မနက် ကျရင် အရေးပေါ် ဆွေးနွေးမှာ ဖြစ်ပါတယ်။

Khan Sheikhoun မြို့အပေါ် လေကြောင်းကနေ တိုက်ခိုက်ခံရ အပြီး ဖြစ်ခဲ့တဲ့ အခြေအနေကို ကူညီကယ်ဆယ်ရေး လုပ်ပေးနေတဲ့ အတိုက်အခံ White Helmets အဖွဲ့က ဗွီဒီယိုပုံတွေ တင်ခဲ့ပါတယ်။ အသက်ရှုရ ခက်ခဲနေတဲ့ ကလေးတွေ၊ လူကြီးတွေ အပြင် ကလေးတချို့ရဲ့ အလောင်းတွေကိုလည်း ဗွီဒီယိုထဲမှာ မြင်ရပါတယ်။ တချို့က အောက်စီဂျင် မျက်နှာဖုံး အကူအညီနဲ့ အသက် ရှူနေကြရတာ တေ့ွရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG