သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ အသက်အငယ်ဆုံး မုဒိမ်းသမား ထောင်ကလွတ်သွားပြီ


နယူးဒေလီမြို့မှာ ဆယ်ကျော်သက် မုဒိန်းသမားကို ပြန်လွှတ်ပေးတဲ့အပေါ် ကြွေးကျော်သံအော်ဟစ် ဆန္ဒပြတဲ့ ကျောင်းသားတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးပါတယ်။ ဒီဇင်ဘာလ ၂၀၊ ၂၀၁၅။
နယူးဒေလီမြို့မှာ ဆယ်ကျော်သက် မုဒိန်းသမားကို ပြန်လွှတ်ပေးတဲ့အပေါ် ကြွေးကျော်သံအော်ဟစ် ဆန္ဒပြတဲ့ ကျောင်းသားတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးပါတယ်။ ဒီဇင်ဘာလ ၂၀၊ ၂၀၁၅။

အိန္ဒိယနိုင်ငံမှာ ၂၀၁၂ ခုနှစ်က အမျိုးသမီးတဦးကို အသက်သေတဲ့ထိ မုဒိမ်းကျင့်ခဲ့တဲ့အမှုမှာ ပါဝင်ခဲ့တဲ့ အသက် အငယ်ဆုံးလူကို တနင်္ဂနွေနေ့မှာ ထောင်ကနေ ပြန်လွှတ်ပေးလိုက်တဲ့အပေါ် လူရာပေါင်းများစွာ ကန့်ကွက် ဆန္ဒ ပြကြပါတယ်။

အဲဒီဖြစ်ရပ်အပေါ် နိုင်ငံတကာက ပြစ်တင်ဝေဖန်ခဲ့ပြီး မုဒိမ်းပြစ်မှုဆိုင်ရာ အိန္ဒိယနိုင်ငံရဲ့ ဥပဒေတွေကို ပြင်ဆင် ပြောင်းလဲရတဲ့ထိ ဖြစ်ခဲ့တာပါ။

ဆန္ဒပြသူတွေထဲမှာ မုဒိမ်းကျင့်ခံရလို့ သေဆုံးသွားတဲ့ အမျိုးသမီးရဲ့ မိဘတွေလည်း ပါဝင်ပါတယ်။ လူခြောက်ယောက်က အဲဒီ အမျိုးသမီးကို ဘတ်စ်ကားတစင်းပေါ်မှာ ရိုက်နှက်ပြီးတော့ မုဒိမ်းကျင့်ကြတာပါ။ အဲဒီအချိန်က အသက် ၁၇ နှစ်ပဲရှိသေးပြီး လူခြောက်ယောက်ထဲမှာ အငယ်ဆုံးဖြစ်တဲ့ အခုပြန်လွတ်သွားသူဟာ အားလုံးထဲမှာ အရက်စက်ဆုံးလုပ်ခဲ့သူဖြစ်တယ်လို့ ရဲကပြောပါတယ်။ အမျိုးသမီးကို သူက သံတုတ်နဲ့ရိုက်ပြီး တော့မှ မုဒိမ်းကျင့်တာပါ။

သူ ဘယ်သူဘယ်ဝါဆိုတာကို ကာကွယ်ဖို့ အမှုကို တံခါးပိတ် စစ်ဆေးခဲ့ပြီးတဲ့နောက် အမြင့်ဆုံးချမှတ်နိုင်တဲ့ ထောင်ဒဏ် သုံးနှစ်ပဲ ချမှတ်ခံခဲ့ရပါတယ်။ ကျန်တဲ့ထဲက လေးယောက်ကို သေဒဏ်ချမှတ်ခဲ့ပါတယ်။ ငါးယောက်မြောက်လူကတော့ ထောင်ထဲမှာတင် ကိုယ့်ကိုယ်ကို သတ်သေသွားပါတယ်။

အခုအခါ အသက် ၂၀ အရွယ်ရှိပြီဖြစ်တဲ့ လူငယ်ကို ပရဟိတအဖွဲ့တခုကို လွှဲပေးမယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။

သူ့ကိုပြန်လွှတ်ပေးမယ့်ကိစ္စအပေါ် ဥပဒေကြောင်းအရ ကန့်ကွက်တာကို နယူးဒေလီမြို့ တရားရုံးချုပ်က ပယ်ချခဲ့တာပါ။ ဒီအမှုကို တရားလွှတ်တော်ချုပ်က တနင်္လာနေ့မှာ ကြားနာဖို့ရှိပါတယ်။

XS
SM
MD
LG