ဖိလစ်ပိုင်မုန်တိုင်း ၇၀ကျော် သေဆုံး

မနီလာ နဲ့ မြောက်ပိုင်းဒေသတွေ မှာ စနေနေ့ က တိုက်ခိုက်ခဲ့တဲ့ အပူပိုင်းဒေသ မိုးသက်မုန်တိုင်းကြောင့် လူ အနည်းဆုံး ၇၃ ယောက် သေဆုံးပြီး ပျောက်ဆုံးနေသူ အများအပြား ရှိကြောင်း ဖိလစ်ပိုင် အရာရှိတွေ က ဒီနေ့ ပြောကြားပါတယ်။
၁၂ နာရီအတွင်း တစ်လအတွင်း ရွာလေ့ရှိတဲ့ မိုရေချိန်အတိုင်း မနီလာမြို့နဲ့ ပြည်နယ် ၂၀ ကျော်မှာ ရွာခဲ့ပြီးတဲ့နောက် ဖိလစ်ပိုင် အစိုးရ က အရေးပေါ် ဘေးဒုက္ခအခြေအနေ ကြေညာထားခဲ့ပါတယ်။

မိုးသက်မုန်တိုင်းကြောင့် အိမ်တွေမျောပါသွားခဲ့ပြီး ရာချီတဲ့ မော်တော်ယာဉ်တွေ မနီလာ မြို့ ရေတွေထဲ မှာ ရပ်သွားခဲ့ကြပါတယ်။ ထောင်ချီတဲ့ လူတွေဟာ သူတို့ အိမ်တွေကနေ ဒုက္ခသည်နားခိုရာ စခန်းတွေ ကို ရွှေ့ပြောင်းခဲ့ကြရပါတယ်။ တချို့သူတွေ က အိမ်အိုးတွေပေါ်တက်နေရပြီး ကယ်မယ့်သူတွေကို စောင့်နေကြရပါတယ်။
တချို့နေရာတွေ မှာ ရေကျသွားပြီ ဖြစ်ပေမဲ့ အခြေအနေ က စိတ်မချရသေးပါဘူး လို့ ကာကွယ်ရေး ဝန်ကြီး Gilbert Teodoro က ပြောပါတယ်.။ မီးတွေ နေရာအနှံ့ ပျက်သွားခဲ့ပြီး၊ ရာပေါင်းများစွာသော ခရီးသွားတွေ ဟာ လေဆိပ်နဲ့ သင်္ဘောဆိပ်တွေမှာ ပိတ်မိနေကြပါတယ်။