ဦးထွန်းလွင်နဲ့ တွေ့ဆုံ မေးမြန်းခန်း

Your browser doesn’t support HTML5

ငလျင်ကြီးလှုပ်ခတ်အပြီး နောက်ဆက်တွဲ လှုပ်ခတ်တာတွေ ကြုံရတဲ့အခါ ခြေမကိုင်မိ လက်မကိုင်မိ အကြောက်လွန်တာမျိုး မဖြစ်သင့်ဘဲ မှားယွင်းတဲ့ အယူသည်းမှုတွေကိုလည်း လက်မခံကြဖို့ မိုးလေဝသနဲ့ ဇလဗေဒ ညွန်ကြားမှုဦးစီးဌာန ညွန်ကြားရေးမှူးချုပ်ဟောင်း ဦးထွန်းလွင်က သတိပေးပြောဆိုပါတယ်။ ကြိုတင်ကာကွယ်ရေးအတွက် စနစ်တကျ လေ့လာဖို့နဲ့ ပညာပေးမှုတွေ လိုအပ်တဲ့အကြောင်း VOA နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုသွားတာပါ။ ဦးထွန်းလွင်ကို VOA မြန်မာပိုင်း အစီအစဉ်သတင်းထောက် မမေစန္ဒီက ရန်ကုန်မြို့မှာ တွေ့ဆုံမေးမြန်းထားပါတယ်ရှင်။