ရခိုင်ပဋိပက္ခ သင့်မြတ်ရေး စိုးရိမ်မှုများ

Your browser doesn’t support HTML5

မြန်မာနိုင်ငံ အနောက်ဖက်ခြမ်း ရခိုင်ပြည်နယ်မှာ ဒီနှစ်ထဲ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ဗုဒ္ဓဘာသာဝင်တွေနဲ့ မူဆလင်တွေကြား ရှေ့ဆက် အတူယှဉ်တွဲ နေထိုင်ဖို့ ဖြစ်တောင် ဖြစ်နိုင်ပါတော့ မလားဆိုတဲ့ အတွေးမျိုး လူအတော်များများ စဉ်းစားလာကြပါတယ်။ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား သမိုင်းဝင် မြန်မာနိုင်ငံ ခရီးစဉ် အတွင်းမှာလည်း ရခိုင်ပြည်နယ်က သွေးထွက်သံယို တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်မကင်းဖြစ်ကြောင်း မှတ်ချက်ပေး ပြောခဲ့တာပါ။ ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ ပတ်သက်လို့ စစ်တွေမြို့ကနေ ဗွီအိုအေ သတင်းထောက် Daniel Schearf ပေးပို့ထားတဲ့ သတင်းဆောင်းပါးကိုတော့ မအေးသန္တာကျော် က တင်ပြထားပါတယ်။