မြန်မာအလုပ်သမားဝန်ကြီး မလေးရှားခရီး

Your browser doesn’t support HTML5

မလေးရှားနိုင်ငံမှာရောက်နေပြီး စာရွက်စာတမ်း အထောက်အထားလဲမရှိ၊ အလုပ် လုပ်ခွင့်လည်း မရှိတဲ့ မြန်မာနိုင်ငံသားတွေ လျော်ကြေးပေးစရာမလိုပဲ မြန်မာနိုင်ငံကို ပြန်လာခွင့်ပြုမယ်လို့ မြန်မာအလုပ်သမားဝန်ကြီး ဦးအေးမြင့်က ပြောပါတယ်။ မလေးရှားအစိုးရ အရာရှိတွေနဲ့ တွေ့ဆုံ ဆွေးနွေးပြီး ခရီးရောက်မဆိုက်ပဲ ရန်ကုန်မြို့ မင်္ဂလာဒုံလေဆိပ်မှာ ဝန်ကြီး ဦးအေးမြင့်က သတင်းထောက်တွေကို အဲဒီလို ပြောကြားလိုက်တာပါ။