ကုလ ဌာနေကိုယ်စားလှယ်ရဲ့ မြန်မာ့အရေးအမြင်

Your browser doesn’t support HTML5

မြန်မာနိုင်ငံမှာ လူမျိုးရေးအသွင်ဆောင်တဲ့ ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်း လူမှုအသိုင်းအဝိုင်းတွေအကြား အတူယှဉ်တွဲနေနိုင်ရေးနဲ့ အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်တွေ ဖန်တီးပေးရေးဟာ အခက်အခဲတွေ ရင်ဆိုင်နေရဆဲဖြစ်တဲ့အကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ashok Nigam က ဗွီအိုအေကို ပြောပါတယ်။ ဒါပေမယ့်လည်း ပဋိပက္ခတွေဖြေရှင်းရေးနဲ့ ရေရှည်မှာ လူ့အဖွဲ့အစည်းတွေအကြား အတူယှဉ်တွဲနေထိုင်ရေးဟာ အောင်မြင်မှု ရှိမယ်လို့ မျှော်လင့်တဲ့အကြောင်း ပြောပါတယ်။ မစ္စတာ Ashok Nigam ကို ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်က ကိုကျော်ကျော်သိန်းက ရန်ကုန်မြို့မှာ တွေ့ဆုံမေးမြန်းထားတာပါ။