သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ ဒီမိုကရေစီအရေး အသက်ပေးသွားသူတွေအတွက် ကက်သလစ် ဘာသာဝင်တွေ ဆုတောင်း


၂၀၂၂ ခုနှစ်၊ သီတင်းကျွတ်မီးထွန်းပွဲ။
၂၀၂၂ ခုနှစ်၊ သီတင်းကျွတ်မီးထွန်းပွဲ။

[[Zawgyi/Unicode]]

ဗုဒ္ဓဘာသာဝင်တွေရဲ့အထွဋ်အမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်တဲ့ သီတင်းကျွတ် လပြည့်နေ့ အခါသမယမှာ မြန်မာနိုင်ငံ ဒီမိုကရေစီအတွက် အသက်ပေးသွားသူတွေကိုရည်ရွယ်ပြီး ပြည်တွင်းပြည်ပမှာရှိတဲ့ ကက်သလစ် ခရစ်ယန်ဘုန်းတော်ကြီးတွေ၊ ကိုးကွယ်ဝတ်ပြုသူတွေ ဆုတောင်းဝတ်ပြုကြတဲ့အကြောင်း သီးခြားလွတ်လပ် တဲ့ ကက်သစ်လစ်ဘာသာဝင် ကိုးကွယ်သူများအဖွဲ့ ICJM က ကြေညာချက်ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံသူ နိုင်ငံသားတွေ ငြိမ်းချမ်းပြီး ရိုးရှင်းတဲ့ဘဝမှာ နေထိုင်နိုင်ခွင့်ရှိပြီး စစ် အာဏာရှင်တွေရဲ့ မတရားဖမ်းဆီးမှု၊ နှိပ်စက်ညှင်းပန်းမှုတွေ အိုးအိမ်ဖျက်ဆီးခံရမှုနဲ့ ချိပ်ပိတ်ခံရမှု ဒုက္ခအပေါင်းကနေ ကင်းပါစေဆိုပြီး ကြေညာချက်ထုတ်ပြန်ထားတာပါ။

တနင်္ဂနွေနေ့က ရန်ကုန်မှာ ဝတ်ပြုဆုတောင်းတဲ့အချိန် မြန်မာနိုင်ငံ ကက်သလစ် ဂိုဏ်းချုပ်ဆရာတော်ကြီး Charles Bo ကကမ္ဘာတဝှမ်း အမှောင်ထုကြီးစိုးနေပြီး စစ်ပွဲမျိုးစုံကို ရင်ဆိုင်နေရကြောင်း၊ အာဏာရှင်နဲ့ ဒီမိုကရေစီ၊ အမှန်တရားနဲ့ လိမ်ညာလှည့်ဖျားမှု၊ အလင်းရောင်နဲ့အမှောင်ထု၊ လွတ်မြောက်ရေးနဲ့ အာဏာရှင်ကို ဆန့် ကျင်သူတွေကြား စတဲ့ တိုက်ပွဲမျိုးစုံကို ရင်ဆိုင်နေရတဲ့အကြောင်း ထည့်သွင်း ဟောကြားသွားတာကို Union of Catholic Asia News မှာ ရေးသားထားပါတယ်။

သီတင်းကျွတ်လပြည့်အခါသမယဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ ကိုးကွယ်ယုံကြည်မှုအရ အထွဋ်အမြတ်ထားရာ အတော်များများဟာ ဘုရားသွားပြီး ဝတ်ပြုဆုတောင်းပွဲတွေကျင်းပသလို မီးထွန်းပွဲတွေလည်း တတိုင်းပြည်လုံး သုံးရက်ဆက်တိုက်ကျင်းပပါတယ်။

ဒီ သီတင်းကျွတ်လပြည့် အခါသမယ၊ မီးထွန်းပွဲတွေ ကျင်းပကြချိန်၊ မြန်မာပြည် သူတွေအတွက် ဆုတောင်းမေတ္တာ ပို့တဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပ သမဂ္ဂရုံးကလည်း တွစ်တာလူမှုကွန်ယက်မှာ ရေးပါတယ်။ အမှောင်ထု စိုးမိုးနေတဲ့ ကာလ အလင်းရကြပါစေလို့ ဆုတောင်းထားတာပါ။ ရန်ကုန်အမေရိကန်သံရုံးကလည်း မြန်မာပြည်သူတွေ တောင်းဆိုနေတဲ့ မြန်မာပြည်သူတွေ ရသင့်ရထိုက်တဲ့ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောမှုတွေ ရရှိပါစေလို့ ဆုမွန်ကောင်းတောင်း မေတ္တာပို့သထားပါတယ်။

တိုက်ရိုက် လင့်ခ်

============

[[Unicode]]







XS
SM
MD
LG