သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေဘးေၾကာင့္ ကခ်င္နဲ႔စစ္ကိုင္း စိုက္ပ်ိဳးေရးလုပ္ငန္း ထိခိုက္


[[Zawgyi/Unicode]]

ကခ်င္ျပည္နယ္ ေ႐ႊကူၿမိဳ႕နယ္နဲ႔ စစ္ကိုင္းတိုင္း အင္းေတာ္ၿမိဳ႕နယ္အတြင္းမွာ စစ္ေရးအေျခအေန တင္းမာေနတာေၾကာင့္ ေထာင္နဲ႔ခ်ီတဲ့ ေဒသခံျပည္သူေတြဟာ ၿမိဳ႕ေပၚကို တိမ္းေရွာင္ေနၾကပါတယ္။ တိုက္ပြဲေတြျဖစ္လာမွာကိုစိုးရိမ္ၿပီး အိုးအိမ္ေတြကို စြန႔္ခြာေနၾကတဲ့အတြက္ သီးႏွံစိုက္ခင္းေတြကိုပါထားခဲ့ရတာေၾကာင့္ စိုက္ပ်ိဳးေရးလုပ္ငန္းေတြလည္းထိခိုက္ေနေၾကာင္း ေဒသခံေတြက ေျပာပါတယ္။ ကခ်င္ျပည္နယ္နဲ႔ စစ္ကိုင္းတိုင္းက အေျခအေနသတင္းေပးပို႔ခ်က္ကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

ေ႐ႊကူၿမိဳ႕နယ္ ကြၽန္းေတာ္႐ြာနဲ႔ မိုးစစ္ေက်း႐ြာအၾကားမွာ ဒီလ ၂၂ ရက္ေန႔ကတည္းက ျမန္မာစစ္တပ္နဲ႔ ေဒသခံ PDF တပ္ေတြအၾကား တိုက္ပြဲျဖစ္ပြားခဲ့ၿပီး အဲဒီေနာက္ စစ္ေကာင္စီတပ္ေတြက မိုးစစ္ေက်း႐ြာမွာ တပ္စြဲထားတဲ့အေၾကာင္း ေဒသခံေတြက ေျပာပါတယ္။

တိုက္ပြဲေတြ အခ်ိန္မေ႐ြးထပ္ျဖစ္လာႏိုင္တဲ့အတြက္ အနီးအနားေက်း႐ြာေတြက ေထာင္နဲ႔ ခ်ီတဲ့ ေဒသခံေတြဟာ ေ႐ႊကူၿမိဳ႕ေပၚကို တိမ္းေရွာင္ေနေၾကာင္း ေ႐ႊကူၿမိဳ႕ခံတဦးက VOA ကို ေျပာပါတယ္။

“ အခုကေတာ့ သေဘၤာအင္း၊ ေပါက္ကုန္း၊ မိုးစစ္စသည္ျဖင့္ ဟိုဘက္ ေက်ာက္တလုံး၊ ေက်ာက္ႀကီး၊ သာယာကုန္း အဲဒီကဟာေတြကေတာ့ ဒီဘက္ သူတို႔ နီးစပ္ရာ၊ နီးစပ္ရာေတြမွာ ေနေနတယ္ေပါ့။ တခ်ိဳ႕ကလည္း ဘုန္းႀကီးေက်ာင္းမွာ။ ေလးေထာင္ေက်ာ္မယ္နဲ႔တူတယ္။ ၂၂ ရက္ေန႔ကေန ဖြင့္တယ္ေလ။ သူတို႔ကို ပစ္တဲ့႐ြာဆိုရင္ နည္းနည္းအၿငိဳးထားၿပီး မီးရႈိ႕ခ်င္တယ္ ဘာညာ ေျပာေနတာေပါ့။ ”

အျခား ေဒသခံတဦးက အနီးအနားေက်း႐ြာက ျပည္သူေတြ ေ႐ႊကူၿမိဳ႕ေပၚကို တိမ္းေရွာင္ေနရတာေၾကာင့္ ေဒသတြင္း စီးပြားေရးလုပ္ငန္းအေပၚ ထိခိုက္မႈရွိေၾကာင္း အခုလို ေျပာပါတယ္။

“ သူတို႔ကေတာ့ ေျမပဲ၊ ႏွမ္းတို႔၊ ေျပာင္းတို႔ စိုက္ၾကတာေပါ့။ အခုက်ေတာ့ ေျပာင္း သိမ္းတဲ့အခ်ိန္ျဖစ္ၿပီး ေျမပဲစိုက္တဲ့အခ်ိန္ျဖစ္တယ္။ ႏွမ္းကက်ေတာ့ စိုက္ၿပီးၿပီ။ အဲဒါက်ေတာ့ အခုလိုမ်ိဳး ေျပးေနရေတာ့ မလုပ္ရတခ်က္၊ လုပ္ရတခ်က္ရွိမယ္။ ၿပီးေတာ့ သူတို႔က ေရလုပ္ငန္းလုပ္တယ္ေလ။ ငါးေပါ့။ အဲဒါဆိုေတာ့ အခုလိုမ်ိဳးေျပးေနရေတာ့ အဲဒါေတြ အလုပ္မျဖစ္ၾကဘူးေပါ့။ ႐ြာနဲ႔မေဝးတဲ့ေနရာေတြက်ေတာ့လည္း စိုက္ရတယ္။ ႐ြာနဲ႔ နည္းနည္းေဝးၿပီးမွ ညအိပ္သြားရမယ့္ တဲေတြဘာေတြ ရွိတဲ့ဟာေတြက် မစိုက္ရဘူးပ။ စိုက္ပ်ိဳးေရးေတြ ပ်က္စီးတယ္ေပါ့။”

ဒီလ ၂၂ ရက္ေန႔က ျမန္မာစစ္တပ္ဟာ ကြၽန္းေတာ္႐ြာကေန မိုးစစ္႐ြာကို စက္ေလွ ၃ စီးနဲ႔ ဧရာဝတီျမစ္ကို ျဖတ္ကူးေနတဲ့အခ်ိန္ တိုက္ခိုက္ခံရပါတယ္။ ျမန္မာစစ္တပ္ဘက္ ကနဲ႔ အရပ္သားေတြ ထိခိုက္ေသဆုံးတဲ့သတင္းေတြ ေဒသတြင္းသတင္းမီဒီယာေတြမွာ ေရးသားေဖၚျပေနၾကပါတယ္။ သီးျခားအတည္ျပဳခ်က္မေရးေသးသလို စစ္ေကာင္စီဘက္ကလည္း သတင္းထုတ္ျပန္တာမရွိေသးပါဘူး။ အၾကမ္းဖက္မႈေတြနဲ႔ပတ္သက္ၿပီး ျမန္မာစစ္တပ္နဲ႔ ေဒသခံလက္နက္ကိုင္အဖြဲ႕ေတြၾကား အျပန္အလွန္ စြပ္စြဲေနသလို ေက်း႐ြာေတြ မီးရႈိ႕ခံရတဲ့သတင္းေတြလည္း မၾကာခဏ ထြက္ေပၚေနပါတယ္။

စစ္ကိုင္းတိုင္း အင္းေတာ္ၿမိဳ႕နယ္ဘက္မွာလည္း ျမန္မာစစ္တပ္ဘက္က အင္အားျဖည့္တင္းေနတဲ့အတြက္ ေက်း႐ြာ ၇ ႐ြာေလာက္က ေဒသခံေတြစိုးရိမ္ၿပီး အျခားေနရာေတြကို တိမ္းေရွာင္ေနတယ္လို႔လည္း အင္းေတာ္ၿမိဳ႕ခံတစ္ဦးက ေျပာပါတယ္။

“ နန႔္စီးေအာင္ဘက္ကေန အင္အား ၂၀၀ေလာက္ က်ေနာ္တို႔ အင္းေတာ္ၿမိဳ႕နယ္ထဲ ဝင္လာတာပဲေလ။ အင္းေတာ္ၿမိဳ႕နယ္ထဲဝင္လာေတာ့ ဒီ ပင္ဝယ္တို႔၊ တုံးလုံတို႔၊ နဘားတို႔၊ နားမႀကိဳင္းတို႔၊ ပင့္တင္တို႔ ေရွာင္ေနၾကတာေပါ့ေနာ္။ ေက်ာ္႐ြာတို႔၊ နားေနာင္တို႔ အဲဒါေတြကေတာ့ က်ေနာ္တို႔ အင္းေတာ္ၿမိဳ႕ထဲဘက္ကို ေရွာင္ေနၾကတာေပါ့ဗ်ာ။ ေရွာင္ေနတဲ့သူ အားလုံးေပါင္းလိုက္ရင္ သုံးေထာင္ေက်ာ္ေလာက္ ရွိမယ္ထင္တယ္ဗ်။”

အင္းေတာ္ေဒသအတြင္းက ေက်း႐ြာေတြဟာ စပါးစိုက္ပ်ိဳးတဲ့ ေက်း႐ြာေတြမ်ားၿပီး အခုအခ်ိန္ဟာ စိုက္ပ်ိဳးၿပီးခ်ိန္ ျဖစ္ပါတယ္။ စပါးရိတ္သိမ္းခ်ိန္အထိ ေနရပ္ျပန္ႏိုင္တဲ့အေျခအေနမရွိရင္ အခက္အခဲရွိႏိုင္တဲ့အေၾကာင္း ေဒသခံ႐ြာသားက ေျပာပါတယ္။

စစ္ကိုင္းတိုင္း အထက္ပိုင္း ကသာ၊ အင္းေတာ္နဲ႔ ဗန္းေမာက္နယ္ေတြမွာ စစ္ေကာင္စီတပ္နဲ႔ KIA၊ PDF တပ္ေတြအၾကားမွာ တိုက္ပြဲေတြ ဆက္တိုက္ဆိုသလို ျဖစ္ပြားေနပါတယ္။

ဒီလဆန္းပိုင္းကေတာ့ ရွမ္းျပည္နယ္ ေနာင္ခ်ိဳၿမိဳ႕နယ္အတြင္းမွာ စစ္ေကာင္စီတပ္နဲ႔ ေဒသခံ PDF အၾကား တိုက္ပြဲျဖစ္ခဲ့ၿပီး ၇ ႐ြာ ေလာက္က ေဒသခံျပည္သူ ၈၀၀ ေက်ာ္ ေလာက္ ေနရပ္စြန႔္ခြာ တိမ္းေရွာင္ေနရပါတယ္။ သူတို႔ တိမ္းေရွာင္ခ်ိန္ဟာ ေျမပဲေဖာ္ ခ်ိန္နဲ႔ တိုက္ဆိုင္ေနတာေၾကာင့္ ေျမပဲခင္းအေတာ္မ်ားမ်ား ပ်က္စီးခဲ့ရသလို လက္ရွိ အခ်ိန္မွာလည္း ေျမျမွဳပ္မိုင္းအႏၲရာယ္စိုးရိမ္တဲ့အတြက္ ေျပာင္းခင္းအေတာ္မ်ားမ်ားကို မရိတ္သိမ္းႏိုင္ေၾကာင္း ေဒသခံေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

စစ်ဘေးကြောင့် ကချင်နဲ့စစ်ကိုင်း စိုက်ပျိုးရေးလုပ်ငန်း ထိခိုက်

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်အတွင်းမှာ စစ်ရေးအခြေအနေ တင်းမာနေတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ မြို့ပေါ်ကို တိမ်းရှောင်နေကြပါတယ်။ တိုက်ပွဲတွေဖြစ်လာမှာကိုစိုးရိမ်ပြီး အိုးအိမ်တွေကို စွန့်ခွာနေကြတဲ့အတွက် သီးနှံစိုက်ခင်းတွေကိုပါထားခဲ့ရတာကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွေလည်းထိခိုက်နေကြောင်း ဒေသခံတွေက ပြောပါတယ်။ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းက အခြေအနေသတင်းပေးပို့ချက်ကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

ရွှေကူမြို့နယ် ကျွန်းတော်ရွာနဲ့ မိုးစစ်ကျေးရွာအကြားမှာ ဒီလ ၂၂ ရက်နေ့ကတည်းက မြန်မာစစ်တပ်နဲ့ ဒေသခံ PDF တပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲဒီနောက် စစ်ကောင်စီတပ်တွေက မိုးစစ်ကျေးရွာမှာ တပ်စွဲထားတဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲတွေ အချိန်မရွေးထပ်ဖြစ်လာနိုင်တဲ့အတွက် အနီးအနားကျေးရွာတွေက ထောင်နဲ့ ချီတဲ့ ဒေသခံတွေဟာ ရွှေကူမြို့ပေါ်ကို တိမ်းရှောင်နေကြောင်း ရွှေကူမြို့ခံတဦးက VOA ကို ပြောပါတယ်။

“ အခုကတော့ သင်္ဘောအင်း၊ ပေါက်ကုန်း၊ မိုးစစ်စသည်ဖြင့် ဟိုဘက် ကျောက်တလုံး၊ ကျောက်ကြီး၊ သာယာကုန်း အဲဒီကဟာတွေကတော့ ဒီဘက် သူတို့ နီးစပ်ရာ၊ နီးစပ်ရာတွေမှာ နေနေတယ်ပေါ့။ တချို့ကလည်း ဘုန်းကြီးကျောင်းမှာ။ လေးထောင်ကျော်မယ်နဲ့တူတယ်။ ၂၂ ရက်နေ့ကနေ ဖွင့်တယ်လေ။ သူတို့ကို ပစ်တဲ့ရွာဆိုရင် နည်းနည်းအငြိုးထားပြီး မီးရှို့ချင်တယ် ဘာညာ ပြောနေတာပေါ့။ ”

အခြား ဒေသခံတဦးက အနီးအနားကျေးရွာက ပြည်သူတွေ ရွှေကူမြို့ပေါ်ကို တိမ်းရှောင်နေရတာကြောင့် ဒေသတွင်း စီးပွားရေးလုပ်ငန်းအပေါ် ထိခိုက်မှုရှိကြောင်း အခုလို ပြောပါတယ်။

“ သူတို့ကတော့ မြေပဲ၊ နှမ်းတို့၊ ပြောင်းတို့ စိုက်ကြတာပေါ့။ အခုကျတော့ ပြောင်း သိမ်းတဲ့အချိန်ဖြစ်ပြီး မြေပဲစိုက်တဲ့အချိန်ဖြစ်တယ်။ နှမ်းကကျတော့ စိုက်ပြီးပြီ။ အဲဒါကျတော့ အခုလိုမျိုး ပြေးနေရတော့ မလုပ်ရတချက်၊ လုပ်ရတချက်ရှိမယ်။ ပြီးတော့ သူတို့က ရေလုပ်ငန်းလုပ်တယ်လေ။ ငါးပေါ့။ အဲဒါဆိုတော့ အခုလိုမျိုးပြေးနေရတော့ အဲဒါတွေ အလုပ်မဖြစ်ကြဘူးပေါ့။ ရွာနဲ့မဝေးတဲ့နေရာတွေကျတော့လည်း စိုက်ရတယ်။ ရွာနဲ့ နည်းနည်းဝေးပြီးမှ ညအိပ်သွားရမယ့် တဲတွေဘာတွေ ရှိတဲ့ဟာတွေကျ မစိုက်ရဘူးပ။ စိုက်ပျိုးရေးတွေ ပျက်စီးတယ်ပေါ့။”

ဒီလ ၂၂ ရက်နေ့က မြန်မာစစ်တပ်ဟာ ကျွန်းတော်ရွာကနေ မိုးစစ်ရွာကို စက်လှေ ၃ စီးနဲ့ ဧရာဝတီမြစ်ကို ဖြတ်ကူးနေတဲ့အချိန် တိုက်ခိုက်ခံရပါတယ်။ မြန်မာစစ်တပ်ဘက် ကနဲ့ အရပ်သားတွေ ထိခိုက်သေဆုံးတဲ့သတင်းတွေ ဒေသတွင်းသတင်းမီဒီယာတွေမှာ ရေးသားဖေါ်ပြနေကြပါတယ်။ သီးခြားအတည်ပြုချက်မရေးသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး မြန်မာစစ်တပ်နဲ့ ဒေသခံလက်နက်ကိုင်အဖွဲ့တွေကြား အပြန်အလှန် စွပ်စွဲနေသလို ကျေးရွာတွေ မီးရှို့ခံရတဲ့သတင်းတွေလည်း မကြာခဏ ထွက်ပေါ်နေပါတယ်။

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်ဘက်မှာလည်း မြန်မာစစ်တပ်ဘက်က အင်အားဖြည့်တင်းနေတဲ့အတွက် ကျေးရွာ ၇ ရွာလောက်က ဒေသခံတွေစိုးရိမ်ပြီး အခြားနေရာတွေကို တိမ်းရှောင်နေတယ်လို့လည်း အင်းတော်မြို့ခံတစ်ဦးက ပြောပါတယ်။

“ နန့်စီးအောင်ဘက်ကနေ အင်အား ၂၀၀လောက် ကျနော်တို့ အင်းတော်မြို့နယ်ထဲ ဝင်လာတာပဲလေ။ အင်းတော်မြို့နယ်ထဲဝင်လာတော့ ဒီ ပင်ဝယ်တို့၊ တုံးလုံတို့၊ နဘားတို့၊ နားမကြိုင်းတို့၊ ပင့်တင်တို့ ရှောင်နေကြတာပေါ့နော်။ ကျော်ရွာတို့၊ နားနောင်တို့ အဲဒါတွေကတော့ ကျနော်တို့ အင်းတော်မြို့ထဲဘက်ကို ရှောင်နေကြတာပေါ့ဗျာ။ ရှောင်နေတဲ့သူ အားလုံးပေါင်းလိုက်ရင် သုံးထောင်ကျော်လောက် ရှိမယ်ထင်တယ်ဗျ။”

အင်းတော်ဒေသအတွင်းက ကျေးရွာတွေဟာ စပါးစိုက်ပျိုးတဲ့ ကျေးရွာတွေများပြီး အခုအချိန်ဟာ စိုက်ပျိုးပြီးချိန် ဖြစ်ပါတယ်။ စပါးရိတ်သိမ်းချိန်အထိ နေရပ်ပြန်နိုင်တဲ့အခြေအနေမရှိရင် အခက်အခဲရှိနိုင်တဲ့အကြောင်း ဒေသခံရွာသားက ပြောပါတယ်။

စစ်ကိုင်းတိုင်း အထက်ပိုင်း ကသာ၊ အင်းတော်နဲ့ ဗန်းမောက်နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ KIA၊ PDF တပ်တွေအကြားမှာ တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပါတယ်။

ဒီလဆန်းပိုင်းကတော့ ရှမ်းပြည်နယ် နောင်ချိုမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF အကြား တိုက်ပွဲဖြစ်ခဲ့ပြီး ၇ ရွာ လောက်က ဒေသခံပြည်သူ ၈၀၀ ကျော် လောက် နေရပ်စွန့်ခွာ တိမ်းရှောင်နေရပါတယ်။ သူတို့ တိမ်းရှောင်ချိန်ဟာ မြေပဲဖော် ချိန်နဲ့ တိုက်ဆိုင်နေတာကြောင့် မြေပဲခင်းအတော်များများ ပျက်စီးခဲ့ရသလို လက်ရှိ အချိန်မှာလည်း မြေမြှုပ်မိုင်းအန္တရာယ်စိုးရိမ်တဲ့အတွက် ပြောင်းခင်းအတော်များများကို မရိတ်သိမ်းနိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။

XS
SM
MD
LG