[[Zawgyi/Unicode]]
ကခ်င္ျပည္နယ္ ဖားကန႔္ကေန ကာမိုင္းဘက္ကိုဆင္းလာတဲ့ စစ္ေကာင္စီစစ္ေၾကာင္းကေန လမ္းတေလွ်ာက္က အရပ္သား ျပည္သူ ၅၀ ေလာက္ကို အတင္းအၾကပ္ ေခၚေဆာင္သြားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ သူတို႔ကို ေပၚတာအျဖစ္ေခၚေဆာင္တာလို႔ ေဒသခံတခ်ိဳ႕က ေျပာသလို တခ်ိဳ႕ကေတာ့ KIA နဲ႔ PDF ေတြက ၿခဳံခိုတိုက္ခိုက္လာႏိုင္ေျခမွာ အရပ္သားေတြနဲ႔အကာအကြယ္ယူဖို႔ျဖစ္တယ္လို႔ ယူဆၾကပါတယ္။ ရန္ကုန္က ေပးပို႔လာတဲ့ ဖားကန႔္ေဒသက သတင္းကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။
စစ္ေကာင္စီစစ္ေၾကာင္းဟာ ႏိုဝင္ဘာလ ၃၀ ရက္ေန႔က ဖားကန႔္ကေနဆင္းလာခဲ့ၿပီး ဒီဇင္ဘာ ၁ ရက္ေန႔က ဖားကန႔္နဲ႔ကာမိုင္းအၾကားက နန႔္ယား႐ြာကို ေရာက္ခဲ့တာပါ။ ဒီစစ္ေၾကာင္းဟာ လမ္းခရီးတေလွ်ာက္ ေဒသခံျပည္သူေတြကို ေပၚတာအျဖစ္ ဖမ္းဆီးေခၚေဆာင္တာေတြ ရွိခဲ့ေၾကာင္း ဖားကန႔္ေဒသခံတဦးက VOA ကို အခုလို ေျပာပါတယ္။
“တေန႔က စစ္ေၾကာင္း တဖြဲ႔ကေတာ့ ဆင္းသြားတာပဲ။ နန႔္ယားဘက္ကိုဆင္းသြားတယ္။ အဲဒါ ေပၚတာ ဆြဲသြားတာေပါ့။ လမ္းမွာ ေတြ႔တဲ့ဟာေတြေရာ၊ ေနာက္ အဆင္းအတက္ကားထဲကလူေတြေရာ ေခၚသြားတယ္။ တိုက္ပြဲေတြ ဘာေတြေတာ့ ေလာေလာဆယ္ မရွိဘူး။ ၿငိမ္ေနတယ္။”
နန႔္ယားကို ေရာက္ရွိခ်ိန္မွာ အနီးအနားေက်း႐ြာက ရပ္႐ြာလူႀကီးေတြနဲ႔ ဘာသာေရး ေခါင္းေဆာင္ေတြက ဖမ္းဆီးထားသူေတြကို ျပန္လႊတ္ေပးဖို႔ သြားေရာက္ညႇိႏႈိင္းတာေတြ ရွိခဲ့ေပမဲ့ မေအာင္ျမင္ခဲ့ပါဘူး။ ေလာေလာဆယ္ ဖမ္းဆီးလာသူ ဦးေရ ၅၀ ေက်ာ္ေလာက္ ရွိေၾကာင္းနဲ႔ ဒီကေန႔ ကာမိုင္းကို ဆက္လက္ေခၚေဆာင္သြားခဲ့ၿပီး ျပန္လႊတ္မယ့္အေျခအေနကို မသိရေၾကာင္း အခုလို ေျပာပါတယ္။
“ ဟိုတေန႔က ဖားကန႔္ဘက္ကေနဆင္းလာတဲ့စစ္ေၾကာင္းက နန႔္တိန္၊ ပ်ားအုံ၊ တံတားညီေနာင္၊ ခြန္စိုင္ဇြပ္ ျပည္သူလူထုေတြကို ေခၚၿပီးမွ နန႔္ယားမွာလာတာ။ ျပည္သူလူထု ၅၀၊ ၆၀ ေလာက္ေတာ့ ရွိမယ္ထင္တယ္။ သူတို႔ ေခၚၿပီးမွ အခု နန႔္ယားကေန ကာမိုင္းဘက္ စစ္ေၾကာင္းက ျပန္ထြက္သြားတာေပါ့။ သူတို႔ ကာမိုင္းေရာက္ရင္ ျပန္လႊတ္မလား မသိဘူး။ လက္နက္ကိုင္တဲ့အဖြဲ႕အစည္းေတြ သူတို႔ ျပည္သူလူထုပါတယ္ဆို မပစ္ေလာက္ဘူး ထင္လို႔၊ အဲဒါ ကာဗာလုပ္တာလား ဘယ္လိုလဲ မသိဘူး။”
ၿပီးခဲ့တဲ့အပတ္အတြင္းက စစ္ေကာင္စီ စစ္ေၾကာင္းဝင္ေရာက္လာတာေၾကာင့္ ဖားကန႔္ၿမိဳ႕နယ္အတြင္းက ေသာင္းေကာ့၊ ေကာင္ဆန္၊ ကရင္ေခ်ာင္စတဲ့ေက်း႐ြာက ေဒသခံေတြ ရာနဲ႔ခ်ီ ထြက္ေျပးတိမ္းေရွာင္ခဲ့တာေတြ ရွိခဲ့သလို လက္နက္ႀကီးက်ည္ထိတာေၾကာင့္ အရပ္သားေတြ ထိခိုက္ဒဏ္ရာရတာ၊ ေသဆုံးတာေတြ ရွိခဲ့ပါတယ္။
ေအာက္တိုဘာလအတြင္းက KIO ထိန္းခ်ဳပ္နယ္ေျမ အနန္႔ပါအေပၚ စစ္တပ္က ေလေၾကာင္းတိုက္ခိုက္မႈ ေနာက္ပိုင္းမွာ စစ္ေကာင္စီနဲ႔ KIA အၾကား စစ္ေရး တင္းမာမႈေတြ ပိုမိုျမင့္တက္ခဲ့ေၾကာင္း ေဒသခံေတြကေျပာပါတယ္။
စစ္ေကာင္စီတပ္နဲ႔ KIA စစ္ေရးတင္းမာမႈေတြျဖစ္ေနခ်ိန္မွာပဲ အရပ္သားျပည္သူေတြၾကား လက္သည္မေပၚတဲ့ သတ္ျဖတ္ခံရမႈေတြ၊ လုယက္မႈေတြ စတဲ့ မၿငိမ္မသက္ရာဇဝတ္မႈေတြလည္း မၾကာခန ျဖစ္ပြားေနပါတယ္။ ဒီကေန႔ မနက္ကလည္း လုံးခင္းေက်း႐ြာ ရွိ ဖုန္းဆိုင္တဆိုင္မွာ ဓါးျပတိုက္မႈ ျဖစ္ပြားခဲ့ပါတယ္။
========================
[[Unicode]]
ကချင်ပြည်နယ်မှာ ပြည်သူ ၅၀ ဝန်းကျင် ပေါ်တာဆွဲခံရ
ကချင်ပြည်နယ် ဖားကန့်ကနေ ကာမိုင်းဘက်ကိုဆင်းလာတဲ့ စစ်ကောင်စီစစ်ကြောင်းကနေ လမ်းတလျှောက်က အရပ်သား ပြည်သူ ၅၀ လောက်ကို အတင်းအကြပ် ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သူတို့ကို ပေါ်တာအဖြစ်ခေါ်ဆောင်တာလို့ ဒေသခံတချို့က ပြောသလို တချို့ကတော့ KIA နဲ့ PDF တွေက ခြုံခိုတိုက်ခိုက်လာနိုင်ခြေမှာ အရပ်သားတွေနဲ့အကာအကွယ်ယူဖို့ဖြစ်တယ်လို့ ယူဆကြပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ ဖားကန့်ဒေသက သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ နိုဝင်ဘာလ ၃၀ ရက်နေ့က ဖားကန့်ကနေဆင်းလာခဲ့ပြီး ဒီဇင်ဘာ ၁ ရက်နေ့က ဖားကန့်နဲ့ကာမိုင်းအကြားက နန့်ယားရွာကို ရောက်ခဲ့တာပါ။ ဒီစစ်ကြောင်းဟာ လမ်းခရီးတလျှောက် ဒေသခံပြည်သူတွေကို ပေါ်တာအဖြစ် ဖမ်းဆီးခေါ်ဆောင်တာတွေ ရှိခဲ့ကြောင်း ဖားကန့်ဒေသခံတဦးက VOA ကို အခုလို ပြောပါတယ်။
“တနေ့က စစ်ကြောင်း တဖွဲ့ကတော့ ဆင်းသွားတာပဲ။ နန့်ယားဘက်ကိုဆင်းသွားတယ်။ အဲဒါ ပေါ်တာ ဆွဲသွားတာပေါ့။ လမ်းမှာ တွေ့တဲ့ဟာတွေရော၊ နောက် အဆင်းအတက်ကားထဲကလူတွေရော ခေါ်သွားတယ်။ တိုက်ပွဲတွေ ဘာတွေတော့ လောလောဆယ် မရှိဘူး။ ငြိမ်နေတယ်။”
နန့်ယားကို ရောက်ရှိချိန်မှာ အနီးအနားကျေးရွာက ရပ်ရွာလူကြီးတွေနဲ့ ဘာသာရေး ခေါင်းဆောင်တွေက ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ သွားရောက်ညှိနှိုင်းတာတွေ ရှိခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ လောလောဆယ် ဖမ်းဆီးလာသူ ဦးရေ ၅၀ ကျော်လောက် ရှိကြောင်းနဲ့ ဒီကနေ့ ကာမိုင်းကို ဆက်လက်ခေါ်ဆောင်သွားခဲ့ပြီး ပြန်လွှတ်မယ့်အခြေအနေကို မသိရကြောင်း အခုလို ပြောပါတယ်။
“ ဟိုတနေ့က ဖားကန့်ဘက်ကနေဆင်းလာတဲ့စစ်ကြောင်းက နန့်တိန်၊ ပျားအုံ၊ တံတားညီနောင်၊ ခွန်စိုင်ဇွပ် ပြည်သူလူထုတွေကို ခေါ်ပြီးမှ နန့်ယားမှာလာတာ။ ပြည်သူလူထု ၅၀၊ ၆၀ လောက်တော့ ရှိမယ်ထင်တယ်။ သူတို့ ခေါ်ပြီးမှ အခု နန့်ယားကနေ ကာမိုင်းဘက် စစ်ကြောင်းက ပြန်ထွက်သွားတာပေါ့။ သူတို့ ကာမိုင်းရောက်ရင် ပြန်လွှတ်မလား မသိဘူး။ လက်နက်ကိုင်တဲ့အဖွဲ့အစည်းတွေ သူတို့ ပြည်သူလူထုပါတယ်ဆို မပစ်လောက်ဘူး ထင်လို့၊ အဲဒါ ကာဗာလုပ်တာလား ဘယ်လိုလဲ မသိဘူး။”
ပြီးခဲ့တဲ့အပတ်အတွင်းက စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်လာတာကြောင့် ဖားကန့်မြို့နယ်အတွင်းက သောင်းကော့၊ ကောင်ဆန်၊ ကရင်ချောင်စတဲ့ကျေးရွာက ဒေသခံတွေ ရာနဲ့ချီ ထွက်ပြေးတိမ်းရှောင်ခဲ့တာတွေ ရှိခဲ့သလို လက်နက်ကြီးကျည်ထိတာကြောင့် အရပ်သားတွေ ထိခိုက်ဒဏ်ရာရတာ၊ သေဆုံးတာတွေ ရှိခဲ့ပါတယ်။
အောက်တိုဘာလအတွင်းက KIO ထိန်းချုပ်နယ်မြေ အနန့်ပါအပေါ် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု နောက်ပိုင်းမှာ စစ်ကောင်စီနဲ့ KIA အကြား စစ်ရေး တင်းမာမှုတွေ ပိုမိုမြင့်တက်ခဲ့ကြောင်း ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ KIA စစ်ရေးတင်းမာမှုတွေဖြစ်နေချိန်မှာပဲ အရပ်သားပြည်သူတွေကြား လက်သည်မပေါ်တဲ့ သတ်ဖြတ်ခံရမှုတွေ၊ လုယက်မှုတွေ စတဲ့ မငြိမ်မသက်ရာဇဝတ်မှုတွေလည်း မကြာခန ဖြစ်ပွားနေပါတယ်။ ဒီကနေ့ မနက်ကလည်း လုံးခင်းကျေးရွာ ရှိ ဖုန်းဆိုင်တဆိုင်မှာ ဓါးပြတိုက်မှု ဖြစ်ပွားခဲ့ပါတယ်။