သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကခ်င္အထက္အပိုင္းမွာ ႂကြက္ေတြေသာင္းက်န္းလို႔ ေတာင္ယာခင္းအမ်ားအျပား ပ်က္စီး


Myanmar Myitsone

[[Zawgyi/Unicode]]

ကခ်င္အထက္အပိုင္းမွာ ႂကြက္ေတြေသာင္းက်န္းလို႔ ေတာင္ယာခင္းအမ်ားအျပား ပ်က္စီး

ကခ်င္ျပည္နယ္အထက္ပိုင္းေဒသမွာ ႂကြက္ေတြေသာင္းက်န္းတာေၾကာင့္ ေတာင္ ယာခင္း အမ်ားအျပားပ်က္စီးၿပီး ေဒသခံေတြဟာ အငတ္ေဘးနဲ႔ရင္ဆိုင္ရမယ့္အေျခအေနရွိေနပါတယ္။ ဒါဟာ ႏွစ္ ၅၀ မွာ တႀကိမ္ျဖစ္တတ္တဲ့ ဝါးသီး သီးတာနဲ႔ ဆက္စပ္ေၾကာင္း ေဒသခံေတြေကျပာၿပီး KDNG ေခၚ ကခ်င္လူမႈဖြံ႔ၿဖိဳးေရးကြန္ယက္ကေတာ့ ေဒသခံေတြ အငတ္ေဘးနဲ႔မႀကဳံရေအာင္ တာဝန္ရွိသူေတြအေနနဲ႔ အေရးယူေျဖ႐ွင္း ေဆာင္႐ြက္ဖို႔လိုအပ္ေၾကာင္း ေထာက္ျပၿပီး အကူအညီေတြေတာင္းခံေနပါတယ္။ ကခ်င္ျပည္နယ္အထက္ပိုင္း ႂကြက္ေဘးအႏၲရာယ္ေက်ရာက္ေနတဲ့သတင္းကို ကိုစံေက်ာ္က တင္ျပေပးထားပါတယ္။

ဧရာဝတီျမစ္ဆုံေဒသအထက္ပိုင္း ဆြမ္ပရာဘြမ္နဲ႔ အင္ဂ်န္းယန္ၿမိဳ႕နယ္ေတြမွာ ႂကြက္ေတြ ေသာင္းက်န္းတဲ့ေဘးကို ရင္ဆိုင္ေနရတာပါ။

ေတာင္ယာခင္းေတြ ႂကြက္ေၾကာင့္ ပ်က္စီးေနတဲ့အေျခအေနကို ေဒသခံတဦးက VOA ကို အခုလို ေျပာပါတယ္။

“ ဒီႏွစ္အျဖစ္အပ်က္က စပါးပင္ေတြအရင္းကေန အကုန္လုံး... စပါးပင္တင္မကဘူး။ ေျပာင္းကအစ အကုန္လုံး ျဖတ္တာဆရာ။ ျမစ္ႀကီးနားရဲ႕အထက္ဘက္ ျမစ္ဆုံေဒသ အေရွ႕ျခမ္းေပါ့။ အဲဒီဘက္မွာ ဆြမ္ပရာဘြမ္ၿမိဳ႕နယ္။ ဒီ အင္ဂ်န္းယန္ၿမိဳ႕နယ္၊ အဲဒါကအကုန္လုံးဖမ္းဆီးခံရၿပီဆရာ။ ေတာင္ယာေတြ။ ဒီႏွစ္က သီးႏြံေတြ မေပၚေတာ့ဘူးေလ။ ေတာင္ယာပဲ မွီခိုရတဲ့ေဒသလည္းျဖစ္ေနတယ္။ စားေရးေသာက္ေရးေတာ့ ေတာ္ေတာ္ေလး ခက္ခဲမယ့္ပုံေပၚေနတယ္ ဒီႏွစ္ေတာ့။”

ဆြမ္ပရာဘြမ္ၿမိဳ႕နယ္က ေဒသခံတဦးကေတာ့ ႂကြက္ေတြ ေသာင္းက်ႏ္းလာတာဟာ ၿပီးခဲ့တဲ့ႏွစ္ ဝါးသီးခ်ိန္ကစတင္ခဲ့ၿပီး ဒီႏွစ္ ပိုမိုဆိုးဝါးလာတယ္လို႔ေျပာပါတယ္။

“ ၂၀၂၁ ကေန မလိခရဲ႕ေအ႐ြ႕ဘက္ အဲဒီဘက္ ၅ ႐ြာေလာက္၊ အဲဒီမွာ ဝါးေတြ အသီးသီးတာ၊ မ်ဳိးေတြ ျဖစ္တဲ့အခါက်ေတာ့ ႂကြက္ေတြ အရမ္းေပါလာတာေလ။ ေတာင္ယာစပါး တခ်ဳိ႕ေတြက အကုန္နီးပါး ပါသြားတာေပါ့။ ဒီႏွစ္ ၂၀၂၂ ေပါ့ေနာ၊ ဒီႏွစ္မွာလည္း ပိုၿပီးမွ ဆိုးလာတာ ဟုတ္တယ္။ မလိခရဲ႕အေနာက္ဘက္ျခမ္း ဆြမ္ပရာဘြမ္နဲ႔ ဒီ တီယန္ဇြပ္ၾကား အဲဒီမွာရွိတဲ့႐ြာေတြအကုန္လုံး ေတာင္ယာစပါးေတြလည္း ႂကြက္ေဘးေတြ ဆိုက္ကပ္ေနၿပီ။ ၿပီးရင္ မလိခရဲ႕အေရွ႕ဘက္ျခမ္းမွာလည္း အရမ္းဆိုးေနၿပီ။ တျခမ္းကေတာ့ ဆြမ္ပရာဘြမ္ၿမိဳ႕နယ္။ တျခမ္းကေတာ့ အင္ဂ်န္းယန္ၿမိဳ႕နယ္ ဟုတ္တယ္။ ”

ဒီေဒသမွာေနထိုင္သူေတြဟာ ဘဝရပ္တည္ေရးအတြက္ ေရႊ႕ေျပာင္းေတာင္ယာေအပၚ အဓိကမွီခိုေနရၿပီး လမ္းပန္းဆက္သြယ္ေရး အခက္အခဲေၾကာင့္ ယခင္ကတည္းက စားနပ္ရိကၡာ ခက္ခဲတဲ့ေဒသေတြ ျဖစ္တယ္လို႔ KDNG ေခၚ ကခ်င္လူမႈဖြံ႔ၿဖိဳးေရးကြန္ရက္အဖြဲ႔က ကိုဆားဂ်ီးက ေျပာပါတယ္။

လက္ရွိ ႂကြက္ေဘးအႏၲရာယ္နဲ႔ ရင္ဆိုင္ေနရတာကို သက္ဆိုင္ရာတာဝန္ရွိသူေတြအေနနဲ႔ အေရးေပၚအကူအညီေတြ ေဆာင္႐ြက္ေပးဖို႔လည္း အခုလို တိုက္တြန္းပါတယ္။

“ အဓိက သူတို႔ မွီခိုတာက အဲဒီေတာင္ယာ။ နဂိုကတည္းက လမ္းပန္းဆက္သြယ္ေရးက ခက္တဲ့အခါက် သူတို႔ ဒုကၡေရာက္တယ္။ ဒီႏွစ္က ပိုဆိုးတယ္။ ႂကြက္ေဘးဒဏ္ေၾကာင့္ရယ္။ ေနာက္ ႏိုင္ငံေရးအေျခအေနေၾကာင့္ရယ္။ ကုန္ေစ်းႏႈန္းျမင့္တက္တာရယ္။ ဒီေဒၚလာေစ်း၊ ေရႊေစ်းကစားတဲ့အခါက်ေတာ့ သူတို႔ ခါတိုင္းႏွစ္ထက္ပိုၿပီးေတာ့မွ အငတ္ေဘး ႀကဳံေတြ႔ဖြယ္ရွိတာေပါ့ေနာ္။ သက္ဆိုင္ရာ လူမႈအဖြဲ႔အစည္းေတြေရာ၊ အဖြဲ႔အစည္းေပါင္းစုံ လူသားခ်င္းစာနာေထာက္ထားတဲ့အေနနဲ႔ ေထာက္ပံ့သင့္တာေပါ့ေနာ္။ အဲဒီ ႂကြက္ေဘးဒဏ္ႀကဳံေနရတဲ့ ဧရာဝတီျမစ္ဖ်ားပိုင္းက လူထုေတြကိုေပါ့ေနာ္။ ”

၁၉၇၇ ခုႏွစ္ကလည္း ကခ်င္ျပည္နယ္ ျမစ္ဆုံအထက္ပိုင္းေဒသမွာ အလားတူ ႂကြက္ေဘးက်ေရာက္တာေၾကာင့္ ေဒသခံေတြ အငတ္ေဘးရင္ဆိုင္ခဲ့ရၿပီး ေသဆုံးသူေတြ ရွိခဲ့သလို အျခားေဒသကို ေျပာင္းေရႊ႕သြားတာေတြ ရွိခဲ့ပါတယ္။

၂၀၀၆ ခုႏွစ္ကလည္း ခ်င္းျပည္နယ္ေတာင္ပိုင္းေဒသမွာလည္း ဝါးသီး သီးခဲ့ၿပီး ဝါးသီးလာစားတဲ့ ႂကြက္ေတြက ေတာင္ယာစပါးေတြ ဖ်က္ဆီးခဲ့တာေၾကာင့့္၂၀၁၀ ခုႏွစ္ေလာက္အထိ ရိကၡာအခက္အခဲနဲ႔ ရင္ဆိုင္ခဲ့ရဖူးပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------

[[Zawgyi/Unicode]]

ကချင်အထက်အပိုင်းမှာ ကြွက်တွေသောင်းကျန်းလို့ တောင်ယာခင်းအများအပြား ပျက်စီး

ကချင်ပြည်နယ်အထက်ပိုင်းဒေသမှာ ကြွက်တွေသောင်းကျန်းတာကြောင့် တောင် ယာခင်း အများအပြားပျက်စီးပြီး ဒေသခံတွေဟာ အငတ်ဘေးနဲ့ရင်ဆိုင်ရမယ့်အခြေအနေရှိနေပါတယ်။ ဒါဟာ နှစ် ၅၀ မှာ တကြိမ်ဖြစ်တတ်တဲ့ ဝါးသီး သီးတာနဲ့ ဆက်စပ်ကြောင်း ဒေသခံတွေကေပြာပြီး KDNG ခေါ် ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်ကတော့ ဒေသခံတွေ အငတ်ဘေးနဲ့မကြုံရအောင် တာဝန်ရှိသူတွေအနေနဲ့ အရေးယူဖြေရှင်း ဆောင်ရွက်ဖို့လိုအပ်ကြောင်း ထောက်ပြပြီး အကူအညီတွေတောင်းခံနေပါတယ်။ ကချင်ပြည်နယ်အထက်ပိုင်း ကြွက်ဘေးအန္တရာယ်ကျေရာက်နေတဲ့သတင်းကို ကိုစံကျော်က တင်ပြပေးထားပါတယ်။

ဧရာဝတီမြစ်ဆုံဒေသအထက်ပိုင်း ဆွမ်ပရာဘွမ်နဲ့ အင်ဂျန်းယန်မြို့နယ်တွေမှာ ကြွက်တွေ သောင်းကျန်းတဲ့ဘေးကို ရင်ဆိုင်နေရတာပါ။

တောင်ယာခင်းတွေ ကြွက်ကြောင့် ပျက်စီးနေတဲ့အခြေအနေကို ဒေသခံတဦးက VOA ကို အခုလို ပြောပါတယ်။

“ ဒီနှစ်အဖြစ်အပျက်က စပါးပင်တွေအရင်းကနေ အကုန်လုံး... စပါးပင်တင်မကဘူး။ ပြောင်းကအစ အကုန်လုံး ဖြတ်တာဆရာ။ မြစ်ကြီးနားရဲ့အထက်ဘက် မြစ်ဆုံဒေသ အရှေ့ခြမ်းပေါ့။ အဲဒီဘက်မှာ ဆွမ်ပရာဘွမ်မြို့နယ်။ ဒီ အင်ဂျန်းယန်မြို့နယ်၊ အဲဒါကအကုန်လုံးဖမ်းဆီးခံရပြီဆရာ။ တောင်ယာတွေ။ ဒီနှစ်က သီးနွံတွေ မပေါ်တော့ဘူးလေ။ တောင်ယာပဲ မှီခိုရတဲ့ဒေသလည်းဖြစ်နေတယ်။ စားရေးသောက်ရေးတော့ တော်တော်လေး ခက်ခဲမယ့်ပုံပေါ်နေတယ် ဒီနှစ်တော့။”

ဆွမ်ပရာဘွမ်မြို့နယ်က ဒေသခံတဦးကတော့ ကြွက်တွေ သောင်းကျန်းလာတာဟာ ပြီးခဲ့တဲ့နှစ် ဝါးသီးချိန်ကစတင်ခဲ့ပြီး ဒီနှစ် ပိုမိုဆိုးဝါးလာတယ်လို့ပြောပါတယ်။

“ ၂၀၂၁ ကနေ မလိခရဲ့အေရွ့ဘက် အဲဒီဘက် ၅ ရွာလောက်၊ အဲဒီမှာ ဝါးတွေ အသီးသီးတာ၊ မျိုးတွေ ဖြစ်တဲ့အခါကျတော့ ကြွက်တွေ အရမ်းပေါလာတာလေ။ တောင်ယာစပါး တချို့တွေက အကုန်နီးပါး ပါသွားတာပေါ့။ ဒီနှစ် ၂၀၂၂ ပေါ့နော၊ ဒီနှစ်မှာလည်း ပိုပြီးမှ ဆိုးလာတာ ဟုတ်တယ်။ မလိခရဲ့အနောက်ဘက်ခြမ်း ဆွမ်ပရာဘွမ်နဲ့ ဒီ တီယန်ဇွပ်ကြား အဲဒီမှာရှိတဲ့ရွာတွေအကုန်လုံး တောင်ယာစပါးတွေလည်း ကြွက်ဘေးတွေ ဆိုက်ကပ်နေပြီ။ ပြီးရင် မလိခရဲ့အရှေ့ဘက်ခြမ်းမှာလည်း အရမ်းဆိုးနေပြီ။ တခြမ်းကတော့ ဆွမ်ပရာဘွမ်မြို့နယ်။ တခြမ်းကတော့ အင်ဂျန်းယန်မြို့နယ် ဟုတ်တယ်။ ”

ဒီဒေသမှာနေထိုင်သူတွေဟာ ဘဝရပ်တည်ရေးအတွက် ရွှေ့ပြောင်းတောင်ယာအေပါ် အဓိကမှီခိုနေရပြီး လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ယခင်ကတည်းက စားနပ်ရိက္ခာ ခက်ခဲတဲ့ဒေသတွေ ဖြစ်တယ်လို့ KDNG ခေါ် ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက်အဖွဲ့က ကိုဆားဂျီးက ပြောပါတယ်။

လက်ရှိ ကြွက်ဘေးအန္တရာယ်နဲ့ ရင်ဆိုင်နေရတာကို သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ အရေးပေါ်အကူအညီတွေ ဆောင်ရွက်ပေးဖို့လည်း အခုလို တိုက်တွန်းပါတယ်။

“ အဓိက သူတို့ မှီခိုတာက အဲဒီတောင်ယာ။ နဂိုကတည်းက လမ်းပန်းဆက်သွယ်ရေးက ခက်တဲ့အခါကျ သူတို့ ဒုက္ခရောက်တယ်။ ဒီနှစ်က ပိုဆိုးတယ်။ ကြွက်ဘေးဒဏ်ကြောင့်ရယ်။ နောက် နိုင်ငံရေးအခြေအနေကြောင့်ရယ်။ ကုန်ဈေးနှုန်းမြင့်တက်တာရယ်။ ဒီဒေါ်လာဈေး၊ ရွှေဈေးကစားတဲ့အခါကျတော့ သူတို့ ခါတိုင်းနှစ်ထက်ပိုပြီးတော့မှ အငတ်ဘေး ကြုံတွေ့ဖွယ်ရှိတာပေါ့နော်။ သက်ဆိုင်ရာ လူမှုအဖွဲ့အစည်းတွေရော၊ အဖွဲ့အစည်းပေါင်းစုံ လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ ထောက်ပံ့သင့်တာပေါ့နော်။ အဲဒီ ကြွက်ဘေးဒဏ်ကြုံနေရတဲ့ ဧရာဝတီမြစ်ဖျားပိုင်းက လူထုတွေကိုပေါ့နော်။ ”

၁၉၇၇ ခုနှစ်ကလည်း ကချင်ပြည်နယ် မြစ်ဆုံအထက်ပိုင်းဒေသမှာ အလားတူ ကြွက်ဘေးကျရောက်တာကြောင့် ဒေသခံတွေ အငတ်ဘေးရင်ဆိုင်ခဲ့ရပြီး သေဆုံးသူတွေ ရှိခဲ့သလို အခြားဒေသကို ပြောင်းရွှေ့သွားတာတွေ ရှိခဲ့ပါတယ်။

၂၀၀၆ ခုနှစ်ကလည်း ချင်းပြည်နယ်တောင်ပိုင်းဒေသမှာလည်း ဝါးသီး သီးခဲ့ပြီး ဝါးသီးလာစားတဲ့ ကြွက်တွေက တောင်ယာစပါးတွေ ဖျက်ဆီးခဲ့တာကြောင့်၂၀၁၀ ခုနှစ်လောက်အထိ ရိက္ခာအခက်အခဲနဲ့ ရင်ဆိုင်ခဲ့ရဖူးပါတယ်။

XS
SM
MD
LG