သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ပြည်နယ်မှာ ပြည်သူ ၅၀ ဝန်းကျင် ပေါ်တာဆွဲခံရ 


[[Zawgyi/Unicode]]

ကချင်ပြည်နယ် ဖားကန့်ကနေ ကာမိုင်းဘက်ကိုဆင်းလာတဲ့ စစ်ကောင်စီစစ်ကြောင်းကနေ လမ်းတလျှောက်က အရပ်သား ပြည်သူ ၅၀ လောက်ကို အတင်းအကြပ် ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သူတို့ကို ပေါ်တာအဖြစ်ခေါ်ဆောင်တာလို့ ဒေသခံတချို့က ပြောသလို တချို့ကတော့ KIA နဲ့ PDF တွေက ခြုံခိုတိုက်ခိုက်လာနိုင်ခြေမှာ အရပ်သားတွေနဲ့အကာအကွယ်ယူဖို့ဖြစ်တယ်လို့ ယူဆကြပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ ဖားကန့်ဒေသက သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ နိုဝင်ဘာလ ၃၀ ရက်နေ့က ဖားကန့်ကနေဆင်းလာခဲ့ပြီး ဒီဇင်ဘာ ၁ ရက်နေ့က ဖားကန့်နဲ့ကာမိုင်းအကြားက နန့်ယားရွာကို ရောက်ခဲ့တာပါ။ ဒီစစ်ကြောင်းဟာ လမ်းခရီးတလျှောက် ဒေသခံပြည်သူတွေကို ပေါ်တာအဖြစ် ဖမ်းဆီးခေါ်ဆောင်တာတွေ ရှိခဲ့ကြောင်း ဖားကန့်ဒေသခံတဦးက VOA ကို အခုလို ပြောပါတယ်။

“တနေ့က စစ်ကြောင်း တဖွဲ့ကတော့ ဆင်းသွားတာပဲ။ နန့်ယားဘက်ကိုဆင်းသွားတယ်။ အဲဒါ ပေါ်တာ ဆွဲသွားတာပေါ့။ လမ်းမှာ တွေ့တဲ့ဟာတွေရော၊ နောက် အဆင်းအတက်ကားထဲကလူတွေရော ခေါ်သွားတယ်။ တိုက်ပွဲတွေ ဘာတွေတော့ လောလောဆယ် မရှိဘူး။ ငြိမ်နေတယ်။”

နန့်ယားကို ရောက်ရှိချိန်မှာ အနီးအနားကျေးရွာက ရပ်ရွာလူကြီးတွေနဲ့ ဘာသာရေး ခေါင်းဆောင်တွေက ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ သွားရောက်ညှိနှိုင်းတာတွေ ရှိခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ လောလောဆယ် ဖမ်းဆီးလာသူ ဦးရေ ၅၀ ကျော်လောက် ရှိကြောင်းနဲ့ ဒီကနေ့ ကာမိုင်းကို ဆက်လက်ခေါ်ဆောင်သွားခဲ့ပြီး ပြန်လွှတ်မယ့်အခြေအနေကို မသိရကြောင်း အခုလို ပြောပါတယ်။

“ ဟိုတနေ့က ဖားကန့်ဘက်ကနေဆင်းလာတဲ့စစ်ကြောင်းက နန့်တိန်၊ ပျားအုံ၊ တံတားညီနောင်၊ ခွန်စိုင်ဇွပ် ပြည်သူလူထုတွေကို ခေါ်ပြီးမှ နန့်ယားမှာလာတာ။ ပြည်သူလူထု ၅၀၊ ၆၀ လောက်တော့ ရှိမယ်ထင်တယ်။ သူတို့ ခေါ်ပြီးမှ အခု နန့်ယားကနေ ကာမိုင်းဘက် စစ်ကြောင်းက ပြန်ထွက်သွားတာပေါ့။ သူတို့ ကာမိုင်းရောက်ရင် ပြန်လွှတ်မလား မသိဘူး။ လက်နက်ကိုင်တဲ့အဖွဲ့အစည်းတွေ သူတို့ ပြည်သူလူထုပါတယ်ဆို မပစ်လောက်ဘူး ထင်လို့၊ အဲဒါ ကာဗာလုပ်တာလား ဘယ်လိုလဲ မသိဘူး။”

ပြီးခဲ့တဲ့အပတ်အတွင်းက စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်လာတာကြောင့် ဖားကန့်မြို့နယ်အတွင်းက သောင်းကော့၊ ကောင်ဆန်၊ ကရင်ချောင်စတဲ့ကျေးရွာက ဒေသခံတွေ ရာနဲ့ချီ ထွက်ပြေးတိမ်းရှောင်ခဲ့တာတွေ ရှိခဲ့သလို လက်နက်ကြီးကျည်ထိတာကြောင့် အရပ်သားတွေ ထိခိုက်ဒဏ်ရာရတာ၊ သေဆုံးတာတွေ ရှိခဲ့ပါတယ်။

အောက်တိုဘာလအတွင်းက KIO ထိန်းချုပ်နယ်မြေ အနန့်ပါအပေါ် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု နောက်ပိုင်းမှာ စစ်ကောင်စီနဲ့ KIA အကြား စစ်ရေး တင်းမာမှုတွေ ပိုမိုမြင့်တက်ခဲ့ကြောင်း ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ KIA စစ်ရေးတင်းမာမှုတွေဖြစ်နေချိန်မှာပဲ အရပ်သားပြည်သူတွေကြား လက်သည်မပေါ်တဲ့ သတ်ဖြတ်ခံရမှုတွေ၊ လုယက်မှုတွေ စတဲ့ မငြိမ်မသက်ရာဇဝတ်မှုတွေလည်း မကြာခန ဖြစ်ပွားနေပါတယ်။ ဒီကနေ့ မနက်ကလည်း လုံးခင်းကျေးရွာ ရှိ ဖုန်းဆိုင်တဆိုင်မှာ ဓါးပြတိုက်မှု ဖြစ်ပွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

========================

[[Unicode]]










XS
SM
MD
LG