သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကနီနဲ႔ ဆားလင္းႀကီး ႐ြာ ႏွစ္ဒါဇင္ေက်ာ္ စစ္ေဘး တိမ္းေရွာင္ေနရ


kani ကနီ (ယခင္မွတ္တမ္းဓာတ္ပံု)

[[Zawgyi/Unicode]]

စစ္ကိုင္းတိုင္းအတြင္း ကနီၿမိဳ႕နဲ႔ ဆားလင္းႀကီးၿမိဳ႕နယ္ေတြမွာ ေအာက္တိုဘာ ၃ ရက္ေန႔ မေန႔က ျမန္မာစစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းေရး ထိုးစစ္၊ စစ္ေၾကာင္းဝင္လာတာေၾကာင့္ ေဒသခံ ႐ြာသူ႐ြာသားေတြ တိမ္းေရွာင္ ထြက္ေျပးေနၾကရျပန္ပါတယ္။ ကနီၿမိဳ႕နယ္က ေက်း႐ြာ ၁၅ ႐ြာထက္မနည္း စစ္ေရွာင္ၾကရသလို ဆားလင္းႀကီးၿမိဳ႕နယ္မွာလည္း ၁၁ ႐ြာ ထက္မနည္း စစ္ေဘးေရွာင္ေနၾကရတယ္လို႔ ေဒသခံေတြနဲ႔ အကူအညီေပးေနသူေတြက ေျပာပါတယ္။ ႐ုတ္တရက္ နယ္ေျမရွင္းလင္းေရး ထိုးစစ္ဝင္လာတာေၾကာင့္ ျပင္ဆင္ခ်ိန္မရဘဲ ႐ြာသူ႐ြာသားေတြ ထြက္ေျပးၾကတဲ့အေၾကာင္းလည္း ေျပာပါတယ္။ ကနီနဲ႔ ဆားလင္းႀကီးၿမိဳ႕နယ္အေျခအေန ရန္ကုန္ကသတင္းေပးပို႔ခ်က္ကို မအင္ၾကင္းႏိုင္က တင္ျပေပးထားပါတယ္။

ေအာက္တိုဘာ ၃ ရက္မေန႔က စစ္တပ္ရဲ႕ ေရယာဥ္ေတြ ၁၃ စီးထက္မနည္း ကနီၿမိဳ႕နယ္ ခ်င္းတြင္းျမစ္အတိုင္း ဆန္တက္လာၿပီး လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ခဲ့ေၾကာင္း မုေဌာေက်း ႐ြာခံတဦးက VOA ကို ေျပာပါတယ္။ ျမစ္ေဘးမွာရွိတဲ့ေက်း႐ြာ ၁၅ ႐ြာထက္မနည္း ခုခ်ိန္ထိ ေနအိမ္ေတြကို မျပန္ႏိုင္ေသးဘဲ တိမ္းေရွာင္ေနၾကရပါတယ္လို႔ ေျပာပါတယ္။

“စစ္ေၾကာင္းက စက္ေလွေတြနဲ႔ သူတို႔ ၁၃ စီး စစ္သေဘၤာေတြ ဘာေတြ၊ သူတို႔ဘက္ကို ရိကၡာ အဲ့လိုမ်ိဳးပို႔တယ္။ အဲ့က်ေတာ့ လမ္းေတြ ဘာေတြဆိုရင္ သူတို႔က ပစ္တယ္ေလ။ က်မတို႔ ျမစ္ေဘး႐ြာေတြကေတာ့ ခ်င္းတြင္းျမစ္ေဘး ႐ြာေတြအကုန္လုံးကေတာ့ ေရွာင္ေနရတာေပါ့။ သူတို႔က လက္နက္ႀကီးနဲ႔ အကုန္လုံးပစ္ခတ္၊ အဲ့လိုမ်ိဳးေတြ လုပ္တာဆိုေတာ့ အကုန္လုံး ျမစ္႐ိုးတေလွ်ာက္က႐ြာေတြကေတာ့ အကုန္ေရွာင္ရတာရွင့္။ လက္နက္ႀကီးေတြနဲ႔ သူတို႔က စစ္သေဘၤာေပၚက အဲ့လို လက္နက္ႀကီးနဲ႔ပစ္တယ္ဆိုရင္ အေဝးႀကီးေရာက္တယ္ေလ။ အာ့ေၾကာင့္ က်မတို႔က ေျပးရတာ။”

စစ္ေဘးေရွာင္ေတြအမ်ားစုဟာ နီးစပ္ရာေက်း႐ြာေနအိမ္ေတြ စာသင္ေက်ာင္းေတြနဲ႔ တခ်ိဳ႕ က ေတာေတာင္ေတြထဲမွာ ပုန္းခိုေနရပါတယ္။ ေတာေတာင္ထဲမွာ ကေလးသူငယ္ေတြ ျခင္ေတြကိုက္လို႔ ရာသီးတုပ္ေကြးေရာဂါျဖစ္တာေတြ ဖ်ားနာတာေတြ ရွိေနတယ္လို႔လည္း ေျပာပါတယ္။

ေဒသခံတေယာက္ကေတာ့ စစ္တပ္အာဏာသိမ္းၿပီးေနာက္ပိုင္း နယ္ေျမရွင္းလင္းတဲ့ စစ္ ဆင္ေရးေတြ ေရာက္လာတိုင္း အိုအိမ္စြန႔္ခြာ ထြက္ေျပးရတာ ဒီတႀကိမ္နဲ႔ဆို ၂၅ ႀကိမ္ထက္ မနည္းရွိေနၿပီလို႔ေျပာပါတယ္။ ႀကိဳတင္ စုစည္းထားတဲ့ ရိကၡာေတြမရွိတာေၾကာင့္ အခ်င္းခ်င္း မွ်ေဝစားေသာက္ၾကရတဲ့အေၾကာင္း ေျပာပါတယ္။

“စားရတာေသာက္ရတာ သိပ္အဆင္မေျပၾကဘူးေပါ့။ အခုလို စစ္ေဘးေရွာင္ေနခ်ိန္ဆို ပိုဆိုးတာေပါ့။ ၿပီးက်ေတာ့ တခ်ိဳ႕လည္း ဝယ္မထားရဲဘူး။ ႀကိဳဝယ္ထားလို႔ ကိုယ္အိမ္ေတြမွာဆို ေျခလ်င္စစ္ေၾကာင္းထိုးရင္ မီးေတြဘာေတြရႈိ႕တယ္၊ က်မတို႔႐ြာကဆို ႏွစ္ခါျပန္မီးရႈိ႕ခံရတယ္ေလ။ အဲ့က်ေတာ့ ပိုလည္း ဝယ္မထားရဲဘူး။ ဟိုလူဆီကမွ်လိုက္၊ ဒီလူဆီကမွ်လိုက္ အဲ့လိုမ်ိဳး မွ်စားရတယ္ေပါ့။”

စစ္ေဘးေရွာင္ေတြထဲမွာ က်န္းမာေရး မေကာင္းလို႔ တျခားသူေတြက သယ္ၿပီး အသက္ေဘးလြတ္ေအာင္ ေျပးလႊားခဲ့ရသူေတြလည္း ရွိပါတယ္။

“အခက္အခဲေတြကေတာ့ အမ်ားႀကီးရွိတာ။ ဒီမွာမိုးေတြက႐ြာ ဒီက ေလျဖတ္ထားတဲ့လူလည္းဆိုေတာ့ သြားရလည္း ကေလးေတြေပြ႕ၿပီးေျပးရတာ မလြယ္ဘူး။ သြားရလာရတာလည္း စိန္ေခၚမႈေတြကေတာ့ နည္းဘူးဟဲ့။ အလုပ္အကိုင္မရွိလို႔ စားရေသာက္ရတာ အဲ့မလြယ္ကူတာေတြေရာေပါ့ေနာ္ အမ်ားႀကီးပါပဲ။”

ဆားလင္းႀကီးၿမိဳ႕နယ္မွာလည္း ေအာက္တိုဘာ ၃ ရက္ေန႔က ေညာင္ပင္ႀကီး႐ြာ ရဲစခန္းကေန ေဈးထြက္ဝယ္တဲ့ ရဲ ၄ ေယာက္ကို လက္နက္ကိုင္အဖြဲ႕တခုက ပစ္ခတ္တိုက္ခိုက္ခဲ့တာေၾကာင့္ စစ္တပ္ဘက္က အင္အားေတာ္ေတာ္မ်ားမ်ား တုံ႔ျပန္ ထိုးစစ္ဆင္ေနေၾကာင္း ေဒသခံေတြက ေျပာပါတယ္။ အတိုက္ခိုက္ခံရတဲ့ ရဲ ၄ ေယာက္ ေသဆုံးခဲ့တယ္လို႔ ေဒသခံတခ်ိဳ႕က ေျပာတာနဲ႔ပတ္သက္လို႔ေတာ့ သီးျခားအတည္ျပဳခ်က္မရေသးသလို စစ္ေကာင္စီဘက္က သတင္းထုတ္ျပန္ခ်က္ ထုတ္ျပန္တာလည္း မရွိေသးပါဘူး။ ဒီတိုက္ခိုက္မႈအၿပီး ၿမိဳ႕နယ္အတြင္းက ႐ြာေတာ္ေတာ္မ်ားမ်ား စစ္ေဘးေရွာင္ေနရတာလို႔ ေဒသခံတေယာက္က ေျပာပါတယ္။

“ေအာက္တိုဘာ ၃ ရက္ေန႔က ေညာင္ပင္ႀကီးစခန္းက ေနၿပီးတာ့ ေဈးထြက္ဝယ္တဲ့ ရဲ ၄ ေယာက္ကို အမည္မသိအဖြဲ႕တခုက တိုက္ခိုက္သြားပါတယ္။ ရဲ ၄ ေယာက္လုံး ေသသြားပါတယ္။ အဲ့အတြက္ေၾကာင့္ မုံ႐ြာဘက္ကေနၿပီးေတာ့ စစ္အင္အား အမ်ားအျပားနဲ႔ ခ်င္းတြင္းျမစ္ အေနာက္ဘက္ကမ္း ေညာင္ပင္ႀကီးတဝိုက္ကို စစ္ေၾကာင္းထိုးလာပါတယ္။ အနီးအနား႐ြာေတြကေတာ့ တခ်ိဳ႕ဆိုရင္ ဘာမွျပင္ဆင္ခ်ိန္မရွိဘဲနဲ႔ စစ္ေဘးေရွာင္ရတာေတြလည္း ရွိတယ္ဗ်။ ေက်း႐ြာေပါင္းကေတာ့ ၁၁ ႐ြာေလာက္ ရွိမယ္ဗ်။ အဲ့ေညာင္ပင္ႀကီး အနီးအနားက ႏွင္းေတာရယ္၊ ေ႐ႊအင္းေလးရယ္၊ အမွတ္ ၃၊ အမွတ္ ၄၊ ႐ြာရွည္၊ သိမ္ေတာ္၊ ေအာင္ခ်မ္းစည္၊ ထန္းေတာႀကီး၊ ႐ုံးပင္႐ိုး၊ အဲ့ဒီ႐ြာေတြ အပါအဝင္ဗ် စစ္ေဘးေရွာင္ရတာ။”

ကနီနဲ႔ ဆားလင္းႀကီးၿမိဳ႕နယ္အတြင္းက စစ္ေရွာင္ေတြအတြက္ စားနပ္ရိကၡာနဲ႔ ေဆးဝါး အကူအညီေတြ လိုအပ္ေနေၾကာင္းလည္း အကူအညီေပးေနသူေတြက ေျပာပါတယ္။

စစ္ကိုင္းအတြင္းမွာ အိုးအိမ္စြန႔္ခြာ ထြက္ေျပးေနၾကရတဲ့ စစ္ေရွာင္အေရအတြက္လည္း ဒီလပိုင္းေတြအတြင္း ပိုတိုးလာေနပါတယ္။ ျပည္သူ႔ကာကြယ္ေရးတပ္ PDF ေတြဟာ ေက်း ႐ြာေတြကို အေျခစိုက္ၿပီး အၾကမ္းဖက္လုပ္ငန္းေတြ လုပ္ေနတယ္ဆိုတယ္လို႔ ျမန္မာစစ္တပ္က စြပ္စြဲၿပီး နယ္ေျမရွင္းလင္းေရး ထိုးစစ္ဆင္တာေတြကို ခပ္စိပ္စိပ္ လုပ္လာေနပါတယ္။ လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္တိုက္ခိုက္တာေတြအျပင္ ေလေၾကာင္းတိုက္ခိုက္မႈေတြၾကားမွာ စစ္ေဘးေရွာင္ေတြလည္း တိုးလာေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

ကနီနဲ့ ဆားလင်းကြီး ရွာ နှစ်ဒါဇင်ကျော် စစ်ဘေး တိမ်းရှောင်နေရ

စစ်ကိုင်းတိုင်းအတွင်း ကနီမြို့နဲ့ ဆားလင်းကြီးမြို့နယ်တွေမှာ အောက်တိုဘာ ၃ ရက်နေ့ မနေ့က မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်၊ စစ်ကြောင်းဝင်လာတာကြောင့် ဒေသခံ ရွာသူရွာသားတွေ တိမ်းရှောင် ထွက်ပြေးနေကြရပြန်ပါတယ်။ ကနီမြို့နယ်က ကျေးရွာ ၁၅ ရွာထက်မနည်း စစ်ရှောင်ကြရသလို ဆားလင်းကြီးမြို့နယ်မှာလည်း ၁၁ ရွာ ထက်မနည်း စစ်ဘေးရှောင်နေကြရတယ်လို့ ဒေသခံတွေနဲ့ အကူအညီပေးနေသူတွေက ပြောပါတယ်။ ရုတ်တရက် နယ်မြေရှင်းလင်းရေး ထိုးစစ်ဝင်လာတာကြောင့် ပြင်ဆင်ချိန်မရဘဲ ရွာသူရွာသားတွေ ထွက်ပြေးကြတဲ့အကြောင်းလည်း ပြောပါတယ်။ ကနီနဲ့ ဆားလင်းကြီးမြို့နယ်အခြေအနေ ရန်ကုန်ကသတင်းပေးပို့ချက်ကို မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

အောက်တိုဘာ ၃ ရက်မနေ့က စစ်တပ်ရဲ့ ရေယာဉ်တွေ ၁၃ စီးထက်မနည်း ကနီမြို့နယ် ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ကြောင်း မုဌောကျေး ရွာခံတဦးက VOA ကို ပြောပါတယ်။ မြစ်ဘေးမှာရှိတဲ့ကျေးရွာ ၁၅ ရွာထက်မနည်း ခုချိန်ထိ နေအိမ်တွေကို မပြန်နိုင်သေးဘဲ တိမ်းရှောင်နေကြရပါတယ်လို့ ပြောပါတယ်။

“စစ်ကြောင်းက စက်လှေတွေနဲ့ သူတို့ ၁၃ စီး စစ်သင်္ဘောတွေ ဘာတွေ၊ သူတို့ဘက်ကို ရိက္ခာ အဲ့လိုမျိုးပို့တယ်။ အဲ့ကျတော့ လမ်းတွေ ဘာတွေဆိုရင် သူတို့က ပစ်တယ်လေ။ ကျမတို့ မြစ်ဘေးရွာတွေကတော့ ချင်းတွင်းမြစ်ဘေး ရွာတွေအကုန်လုံးကတော့ ရှောင်နေရတာပေါ့။ သူတို့က လက်နက်ကြီးနဲ့ အကုန်လုံးပစ်ခတ်၊ အဲ့လိုမျိုးတွေ လုပ်တာဆိုတော့ အကုန်လုံး မြစ်ရိုးတလျှောက်ကရွာတွေကတော့ အကုန်ရှောင်ရတာရှင့်။ လက်နက်ကြီးတွေနဲ့ သူတို့က စစ်သင်္ဘောပေါ်က အဲ့လို လက်နက်ကြီးနဲ့ပစ်တယ်ဆိုရင် အဝေးကြီးရောက်တယ်လေ။ အာ့ကြောင့် ကျမတို့က ပြေးရတာ။”

စစ်ဘေးရှောင်တွေအများစုဟာ နီးစပ်ရာကျေးရွာနေအိမ်တွေ စာသင်ကျောင်းတွေနဲ့ တချို့ က တောတောင်တွေထဲမှာ ပုန်းခိုနေရပါတယ်။ တောတောင်ထဲမှာ ကလေးသူငယ်တွေ ခြင်တွေကိုက်လို့ ရာသီးတုပ်ကွေးရောဂါဖြစ်တာတွေ ဖျားနာတာတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။

ဒေသခံတယောက်ကတော့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နယ်မြေရှင်းလင်းတဲ့ စစ် ဆင်ရေးတွေ ရောက်လာတိုင်း အိုအိမ်စွန့်ခွာ ထွက်ပြေးရတာ ဒီတကြိမ်နဲ့ဆို ၂၅ ကြိမ်ထက် မနည်းရှိနေပြီလို့ပြောပါတယ်။ ကြိုတင် စုစည်းထားတဲ့ ရိက္ခာတွေမရှိတာကြောင့် အချင်းချင်း မျှဝေစားသောက်ကြရတဲ့အကြောင်း ပြောပါတယ်။

“စားရတာသောက်ရတာ သိပ်အဆင်မပြေကြဘူးပေါ့။ အခုလို စစ်ဘေးရှောင်နေချိန်ဆို ပိုဆိုးတာပေါ့။ ပြီးကျတော့ တချို့လည်း ဝယ်မထားရဲဘူး။ ကြိုဝယ်ထားလို့ ကိုယ်အိမ်တွေမှာဆို ခြေလျင်စစ်ကြောင်းထိုးရင် မီးတွေဘာတွေရှို့တယ်၊ ကျမတို့ရွာကဆို နှစ်ခါပြန်မီးရှို့ခံရတယ်လေ။ အဲ့ကျတော့ ပိုလည်း ဝယ်မထားရဲဘူး။ ဟိုလူဆီကမျှလိုက်၊ ဒီလူဆီကမျှလိုက် အဲ့လိုမျိုး မျှစားရတယ်ပေါ့။”

စစ်ဘေးရှောင်တွေထဲမှာ ကျန်းမာရေး မကောင်းလို့ တခြားသူတွေက သယ်ပြီး အသက်ဘေးလွတ်အောင် ပြေးလွှားခဲ့ရသူတွေလည်း ရှိပါတယ်။

“အခက်အခဲတွေကတော့ အများကြီးရှိတာ။ ဒီမှာမိုးတွေကရွာ ဒီက လေဖြတ်ထားတဲ့လူလည်းဆိုတော့ သွားရလည်း ကလေးတွေပွေ့ပြီးပြေးရတာ မလွယ်ဘူး။ သွားရလာရတာလည်း စိန်ခေါ်မှုတွေကတော့ နည်းဘူးဟဲ့။ အလုပ်အကိုင်မရှိလို့ စားရသောက်ရတာ အဲ့မလွယ်ကူတာတွေရောပေါ့နော် အများကြီးပါပဲ။”

ဆားလင်းကြီးမြို့နယ်မှာလည်း အောက်တိုဘာ ၃ ရက်နေ့က ညောင်ပင်ကြီးရွာ ရဲစခန်းကနေ ဈေးထွက်ဝယ်တဲ့ ရဲ ၄ ယောက်ကို လက်နက်ကိုင်အဖွဲ့တခုက ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်က အင်အားတော်တော်များများ တုံ့ပြန် ထိုးစစ်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။ အတိုက်ခိုက်ခံရတဲ့ ရဲ ၄ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတချို့က ပြောတာနဲ့ပတ်သက်လို့တော့ သီးခြားအတည်ပြုချက်မရသေးသလို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ချက် ထုတ်ပြန်တာလည်း မရှိသေးပါဘူး။ ဒီတိုက်ခိုက်မှုအပြီး မြို့နယ်အတွင်းက ရွာတော်တော်များများ စစ်ဘေးရှောင်နေရတာလို့ ဒေသခံတယောက်က ပြောပါတယ်။

“အောက်တိုဘာ ၃ ရက်နေ့က ညောင်ပင်ကြီးစခန်းက နေပြီးတာ့ ဈေးထွက်ဝယ်တဲ့ ရဲ ၄ ယောက်ကို အမည်မသိအဖွဲ့တခုက တိုက်ခိုက်သွားပါတယ်။ ရဲ ၄ ယောက်လုံး သေသွားပါတယ်။ အဲ့အတွက်ကြောင့် မုံရွာဘက်ကနေပြီးတော့ စစ်အင်အား အများအပြားနဲ့ ချင်းတွင်းမြစ် အနောက်ဘက်ကမ်း ညောင်ပင်ကြီးတဝိုက်ကို စစ်ကြောင်းထိုးလာပါတယ်။ အနီးအနားရွာတွေကတော့ တချို့ဆိုရင် ဘာမှပြင်ဆင်ချိန်မရှိဘဲနဲ့ စစ်ဘေးရှောင်ရတာတွေလည်း ရှိတယ်ဗျ။ ကျေးရွာပေါင်းကတော့ ၁၁ ရွာလောက် ရှိမယ်ဗျ။ အဲ့ညောင်ပင်ကြီး အနီးအနားက နှင်းတောရယ်၊ ရွှေအင်းလေးရယ်၊ အမှတ် ၃၊ အမှတ် ၄၊ ရွာရှည်၊ သိမ်တော်၊ အောင်ချမ်းစည်၊ ထန်းတောကြီး၊ ရုံးပင်ရိုး၊ အဲ့ဒီရွာတွေ အပါအဝင်ဗျ စစ်ဘေးရှောင်ရတာ။”

ကနီနဲ့ ဆားလင်းကြီးမြို့နယ်အတွင်းက စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါး အကူအညီတွေ လိုအပ်နေကြောင်းလည်း အကူအညီပေးနေသူတွေက ပြောပါတယ်။

စစ်ကိုင်းအတွင်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ရှောင်အရေအတွက်လည်း ဒီလပိုင်းတွေအတွင်း ပိုတိုးလာနေပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေဟာ ကျေး ရွာတွေကို အခြေစိုက်ပြီး အကြမ်းဖက်လုပ်ငန်းတွေ လုပ်နေတယ်ဆိုတယ်လို့ မြန်မာစစ်တပ်က စွပ်စွဲပြီး နယ်မြေရှင်းလင်းရေး ထိုးစစ်ဆင်တာတွေကို ခပ်စိပ်စိပ် လုပ်လာနေပါတယ်။ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေအပြင် လေကြောင်းတိုက်ခိုက်မှုတွေကြားမှာ စစ်ဘေးရှောင်တွေလည်း တိုးလာနေပါတယ်။

===============

XS
SM
MD
LG