သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

နယ္ေျမရွင္းမႈေၾကာင့္ ကန္႔ဘလူနယ္သားေတြ ထြက္ေျပးေနရ 


စစ္ကိုင္းတုိင္း၊ ကန္႔ဘလူၿမိဳ႕နယ္အလယ္ပိုင္း နယ္ေျမရွင္းလင္းေရးစစ္ေၾကာင္းေၾကာင့္ ေဘးလြတ္ရာထြက္ေျပးေနရတဲ့ ရြာမ်ား။ (Kanbalu/Crd: MIMU)

[[Zawgyi/Unicode]]

စစ္ကိုင္းတိုင္း ကန႔္ဘလူၿမိဳ႕နယ္အတြင္း ေအာက္တိုဘာ ၂၃ ရက္ေန႔က ဖမ္းဆီးထားတဲ့ ဉာဏ္အင္းေက်း႐ြာသား ၅၀ ေက်ာ္ မေန႔က ျမန္မာစစ္တပ္က ျပန္လႊတ္ေပးခဲ့ေပမယ့္ ႐ြာသား ၄ ေယာက္ကေတာ့ က်န္ေနေသးတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ ကန္႔ဘလူၿမိဳ႕နယ္ ေလး႐ြာစုဖက္မွာ ျမန္မာစစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းေရးထိုးစစ္ေၾကာင့္ ေဒသခံေတြ ထြက္ေျပးေနၾကရတာ ဒီတႀကိမ္နဲ႔ဆို ၇ ႀကိမ္ရွိၿပီလို႔လည္း ေျပာပါတယ္။ ကန႔္ဘလူၿမိဳ႕နယ္ က အေျခအေန ရန္ကုန္ကလာတဲ့သတင္းေပးပို႔ခ်က္ကို မဆုမြန္က တင္ျပေပးထားပါတယ္။

ေအာက္တိုဘာ ၂၃ ရက္ေန႔က စစ္ကိုင္းတိုင္း ကန႔္ဘလူၿမိဳ႕ ဉာဏ္အင္းေက်း႐ြာကေန ဖမ္းဆီးသြားသူ ၅၀ ေက်ာ္ထဲက ၄ ဦးကို ခ်န္ထားၿပီး က်န္ေဒသခံေတြကို ေအာက္တိုဘာ ၂၅ ရက္ေန႔မွာ စစ္တပ္ဘက္က ျပန္လႊတ္ေပးလိုက္တယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။ အဲ့ဒီ ျပန္လြတ္လာတဲ့ ဉာဏ္အင္း ေဒသခံေတြဟာ ေနာက္ထပ္ စစ္ေၾကာင္းတခု ဝင္လာေနတဲ့အတြက္ ေၾကာက္လန႔္ၿပီး ထြက္ေျပးေနၾကရတယ္လို႔ ဆိုပါတယ္။

“ဉာဏ္အင္းက ၅၀ ကေတာ့ လြတ္ခဲ့ၿပီဗ်။ သူတို႔လည္း ေဘးေရာက္သြားၿပီ။ ႐ြာမွာေတာ့ မရွိၾကေတာ့ဘူး။ ဉာဏ္အင္းမွာ မီးရႈိ႕ၿပီးေတာ့ ဓားစာခံ ၄ ေယာက္ကိုေတာ့ ေခၚသြားတယ္ဗ်။”

ဒီအေတာအတြင္း ကန္႔ဘလူၿမိဳ႕နယ္မွာ ျမန္မာစစ္တပ္ဘက္က နယ္ေျမရွင္းလင္းေရး လုပ္ေနတဲ့အခ်ိန္ မေန႔က ၂၅ ရက္ေန႔ အင္းလယ္ႀကီး႐ြာအတြင္းက ေနအိမ္တခ်ိဳ႕မီးရႈိ႕ခံခဲ့ရတယ္လို႔ ေဒသခံတေယာက္က ေျပာပါတယ္။ အိမ္ေျခ တေထာင့္ေလးရာရွိတဲ့ ေက်း႐ြာအတြင္းမွာ ေနအိမ္တခ်ိဳ႕မီးေလာင္သလို လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ခ့ဲရတာေတြလည္း ရွိတာေၾကာင့္ ဆုံးရႈံးတဲ့ပမာဏ အတိအက် မသိရေသးဘူးလို႔လည္း ေျပာပါတယ္။

“အခု (ည) ၈ နာရီ ၅၆ အထိက ရႈိ႕ေနတုန္းပဲဗ်။ ႐ြာကိုက ကပ္မရေသးဘူးဗ်၊ သူတို႔က ကင္းပုန္းေတြ ပတ္ပတ္လည္ ကင္းပုန္းေတြ ခ်ထားေတာ့ ၿပီးေတာ့ လက္နက္ႀကီးေတြနဲ႔ ပတ္ပတ္လည္ေတာေတြကို ပစ္ေနတယ္ဗ်။”

အဂၤါေန႔ညဘက္အထိအေျခအေနကို သူကေျပာျပတာျဖစ္ပါတယ္။ ကန္႔ဘလူၿမိဳ႕နယ္ ကိုးေထာင္ဘို႔ တိုုက္နယ္အတြင္းက ေက်း႐ြာေတြျဖစ္တဲ့ အလယ္ခုံ၊ ခ်ပ္ကုန္း၊ ေႏွာကုန္း၊ ဇီးကနား၊ ေလ်ာ္ျဖဴကုန္း ႐ြာေတြ အားလုံး ျမန္မာစစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းေရးေၾကာင့္ ထြက္ေျပးေနၾကရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ဒီ႐ြာေတြဟာ ျမန္မာစစ္တပ္က နယ္ေျမရွင္းလင္းေရးေတြ မၾကာခဏ လုပ္သလို ေက်း႐ြာေတြကိုလည္း မီးရွိ႕ခံေနရတာေၾကာင့္ ႐ြာထဲမွာ လူေတြ မေနရဲၾကတဲ့အေၾကာင္း ေဒသခံေတြက ေျပာပါတယ္။ ဒီတေခါက္ နယ္ေျမရွင္းလင္းေရးဟာ ဒီ႐ြာေတြအတြက္ ၇ ႀကိမ္ေျမာက္ ျဖစ္တယ္လို႔ ေဒသခံတဦးက ခုလိုေျပာပါတယ္။

စစ္ကိုင္းတုိင္း၊ ကန္႔ဘလူၿမိဳ႕နယ္အတြင္း နယ္ေျမရွင္းလင္းေရးစစ္ေၾကာင္းေၾကာင့္ ေဘးလြတ္ရာထြက္ေျပးေနရတဲ့ ရြာမ်ား။ (Kanbalu/Crd: MIMU)
စစ္ကိုင္းတုိင္း၊ ကန္႔ဘလူၿမိဳ႕နယ္အတြင္း နယ္ေျမရွင္းလင္းေရးစစ္ေၾကာင္းေၾကာင့္ ေဘးလြတ္ရာထြက္ေျပးေနရတဲ့ ရြာမ်ား။ (Kanbalu/Crd: MIMU)

“အခုေလာေလာဆယ္ အလယ္ခုံ၊ ခ်ပ္ကုန္း၊ ေႏွာကုန္း၊ ဇီးကနား၊ ေလ်ာ္ျဖဴကုန္း အခု စစ္ေရွာင္ေတြက အခု ႐ြာျပင္ ထြက္ေျပးေနၾကရပါတယ္ဗ်။ အခု ေႏွာကုန္းကို ေရာက္ေနၾကၿပီ။ ဒါပါဆိုရင္ က်ေနာ္တို႔ဘက္ကို ၇ ႀကိမ္ေျမာက္ ရွိၿပီဗ်။”

ကန္႔ဘလူၿမိဳ႕နယ္အတြင္းမွာ ျမန္မာစစ္တပ္ဟာ အင္အားရာခ်ီနဲ႔ စစ္ေၾကာင္းေတြခြဲၿပီး ေက်း႐ြာ အေတာ္မ်ားမ်ားကို နယ္ေျမရွင္းလင္းေနတဲ့အေၾကာင္း ေဒသခံေတြက ေျပာပါတယ္။ ဒီနယ္ေျမရွင္းလင္းေရး စစ္ေၾကာင္းေတြေၾကာင့္ ထြက္ေျပးေနၾကရတဲ့ ေဒသခံ စစ္ေရွာင္ေတြဟာ ထြက္ေျပးေနၾကရတဲ့ ရက္ၾကာလာတာေၾကာင့္ ေနေရးနဲ႔ စားေသာက္ေရးမွာ အခက္အခဲေတြ ျဖစ္လာေနၿပီလို႔ ေဒသခံေတြက ေျပာပါတယ္။

“စစ္ေရွာင္ေတြ အေျခအေနက- မိုးကလည္း႐ြာလိုက္တာဆိုေတာ့ ေနရထိုင္ရတာ ၾကပ္တည္းတယ္ဗ်၊ နည္းနည္း ဆင္းရဲတာေပါ့။ စားေသာက္ေရးကလည္း အဲ့လိုပဲ။ ခုေတာ့ နည္းနည္းျပတ္လာတာေပါ့။ ႐ြာေတြကလည္း မီးရႈိ႕ ပစၥည္းေတြကလည္း ဆန္ဆီေတြကလည္း သူတို႔ လုပ္သြားတာေတြနဲ႔ စားစရာ ေနစရာကလည္း မရွိ။ အဲ့လိုေတြ ျဖစ္ေနေတာ့ က်ေနာ္တို႔ပါတဲ့ဟာေလးေတြနဲပဲ မွ်တၿပီး စားရတာေပါ့။ အင္အားကလည္း ၂၀၀၊ ၃၀၀ က တေနရာ၊ ၂၀၀၊ ၃၀၀ က တေနရာ အဲ့လိုမ်ိဳးေတြ ေရွာင္ၾကရတာဆိုေတာ့ေလ။

စစ္ကိုင္းအတြင္းမွာ အိုးအိမ္ စြန႔္ခြာ ထြက္ေျပးေနၾကရတဲ့ စစ္ေရွာင္အေရအတြက္ေတြကလည္း ပိုၿပီးတိုးလာေနပါတယ္။ ျပည္သူ႔ကာကြယ္ေရးတပ္ PDF ေတြဟာ ေက်း႐ြာေတြကို အေျခစိုက္ၿပီး အၾကမ္းဖက္ လုပ္ငန္းေတြ လုပ္ေနတယ္ဆိုၿပီးေတာ့လည္း ျမန္မာစစ္တပ္က စြပ္စြဲထားပါတယ္။ စစ္ေကာင္စီဘက္က ထိုးစစ္အတြင္း အရပ္သားေတြရဲ႕ ေနအိမ္ေတြကို မီးရႈိ႕ ဖ်က္ဆီးတာ မလုပ္ဘူးလို႔ ေျပာဆိုထားေပမယ့္ နယ္ေျမရွင္းလင္းတဲ့ ေဒသက ေက်း႐ြာေတြမွာ ေနအိမ္ေတြ မီးေလာင္တဲ့ သတင္းေတြကေတာ့ မၾကာခဏ ထြက္ေပၚေနပါတယ္။

==============

[[Unicode]]


နယ်မြေရှင်းမှုကြောင့် ကန့်ဘလူနယ်သားတွေ ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်း အောက်တိုဘာ ၂၃ ရက်နေ့က ဖမ်းဆီးထားတဲ့ ဉာဏ်အင်းကျေးရွာသား ၅၀ ကျော် မနေ့က မြန်မာစစ်တပ်က ပြန်လွှတ်ပေးခဲ့ပေမယ့် ရွာသား ၄ ယောက်ကတော့ ကျန်နေသေးတယ်လို့ ဒေသခံတွေကပြောပါတယ်။ ကန့်ဘလူမြို့နယ် လေးရွာစုဖက်မှာ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးထိုးစစ်ကြောင့် ဒေသခံတွေ ထွက်ပြေးနေကြရတာ ဒီတကြိမ်နဲ့ဆို ၇ ကြိမ်ရှိပြီလို့လည်း ပြောပါတယ်။ ကန့်ဘလူမြို့နယ် က အခြေအနေ ရန်ကုန်ကလာတဲ့သတင်းပေးပို့ချက်ကို မဆုမွန်က တင်ပြပေးထားပါတယ်။

အောက်တိုဘာ ၂၃ ရက်နေ့က စစ်ကိုင်းတိုင်း ကန့်ဘလူမြို့ ဉာဏ်အင်းကျေးရွာကနေ ဖမ်းဆီးသွားသူ ၅၀ ကျော်ထဲက ၄ ဦးကို ချန်ထားပြီး ကျန်ဒေသခံတွေကို အောက်တိုဘာ ၂၅ ရက်နေ့မှာ စစ်တပ်ဘက်က ပြန်လွှတ်ပေးလိုက်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။ အဲ့ဒီ ပြန်လွတ်လာတဲ့ ဉာဏ်အင်း ဒေသခံတွေဟာ နောက်ထပ် စစ်ကြောင်းတခု ဝင်လာနေတဲ့အတွက် ကြောက်လန့်ပြီး ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။

“ဉာဏ်အင်းက ၅၀ ကတော့ လွတ်ခဲ့ပြီဗျ။ သူတို့လည်း ဘေးရောက်သွားပြီ။ ရွာမှာတော့ မရှိကြတော့ဘူး။ ဉာဏ်အင်းမှာ မီးရှို့ပြီးတော့ ဓားစာခံ ၄ ယောက်ကိုတော့ ခေါ်သွားတယ်ဗျ။”

ဒီအတောအတွင်း ကန့်ဘလူမြို့နယ်မှာ မြန်မာစစ်တပ်ဘက်က နယ်မြေရှင်းလင်းရေး လုပ်နေတဲ့အချိန် မနေ့က ၂၅ ရက်နေ့ အင်းလယ်ကြီးရွာအတွင်းက နေအိမ်တချို့မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။ အိမ်ခြေ တထောင့်လေးရာရှိတဲ့ ကျေးရွာအတွင်းမှာ နေအိမ်တချို့မီးလောင်သလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ရတာတွေလည်း ရှိတာကြောင့် ဆုံးရှုံးတဲ့ပမာဏ အတိအကျ မသိရသေးဘူးလို့လည်း ပြောပါတယ်။

“အခု (ည) ၈ နာရီ ၅၆ အထိက ရှို့နေတုန်းပဲဗျ။ ရွာကိုက ကပ်မရသေးဘူးဗျ၊ သူတို့က ကင်းပုန်းတွေ ပတ်ပတ်လည် ကင်းပုန်းတွေ ချထားတော့ ပြီးတော့ လက်နက်ကြီးတွေနဲ့ ပတ်ပတ်လည်တောတွေကို ပစ်နေတယ်ဗျ။”

အင်္ဂါနေ့ညဘက်အထိအခြေအနေကို သူကပြောပြတာဖြစ်ပါတယ်။ ကန့်ဘလူမြို့နယ် ကိုးထောင်ဘို့ တိုက်နယ်အတွင်းက ကျေးရွာတွေဖြစ်တဲ့ အလယ်ခုံ၊ ချပ်ကုန်း၊ နှောကုန်း၊ ဇီးကနား၊ လျော်ဖြူကုန်း ရွာတွေ အားလုံး မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးကြောင့် ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီရွာတွေဟာ မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေးတွေ မကြာခဏ လုပ်သလို ကျေးရွာတွေကိုလည်း မီးရှိ့ခံနေရတာကြောင့် ရွာထဲမှာ လူတွေ မနေရဲကြတဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီတခေါက် နယ်မြေရှင်းလင်းရေးဟာ ဒီရွာတွေအတွက် ၇ ကြိမ်မြောက် ဖြစ်တယ်လို့ ဒေသခံတဦးက ခုလိုပြောပါတယ်။

“အခုလောလောဆယ် အလယ်ခုံ၊ ချပ်ကုန်း၊ နှောကုန်း၊ ဇီးကနား၊ လျော်ဖြူကုန်း အခု စစ်ရှောင်တွေက အခု ရွာပြင် ထွက်ပြေးနေကြရပါတယ်ဗျ။ အခု နှောကုန်းကို ရောက်နေကြပြီ။ ဒါပါဆိုရင် ကျနော်တို့ဘက်ကို ၇ ကြိမ်မြောက် ရှိပြီဗျ။”

ကန့်ဘလူမြို့နယ်အတွင်းမှာ မြန်မာစစ်တပ်ဟာ အင်အားရာချီနဲ့ စစ်ကြောင်းတွေခွဲပြီး ကျေးရွာ အတော်များများကို နယ်မြေရှင်းလင်းနေတဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီနယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေကြောင့် ထွက်ပြေးနေကြရတဲ့ ဒေသခံ စစ်ရှောင်တွေဟာ ထွက်ပြေးနေကြရတဲ့ ရက်ကြာလာတာကြောင့် နေရေးနဲ့ စားသောက်ရေးမှာ အခက်အခဲတွေ ဖြစ်လာနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

“စစ်ရှောင်တွေ အခြေအနေက- မိုးကလည်းရွာလိုက်တာဆိုတော့ နေရထိုင်ရတာ ကြပ်တည်းတယ်ဗျ၊ နည်းနည်း ဆင်းရဲတာပေါ့။ စားသောက်ရေးကလည်း အဲ့လိုပဲ။ ခုတော့ နည်းနည်းပြတ်လာတာပေါ့။ ရွာတွေကလည်း မီးရှို့ ပစ္စည်းတွေကလည်း ဆန်ဆီတွေကလည်း သူတို့ လုပ်သွားတာတွေနဲ့ စားစရာ နေစရာကလည်း မရှိ။ အဲ့လိုတွေ ဖြစ်နေတော့ ကျနော်တို့ပါတဲ့ဟာလေးတွေနဲပဲ မျှတပြီး စားရတာပေါ့။ အင်အားကလည်း ၂၀၀၊ ၃၀၀ က တနေရာ၊ ၂၀၀၊ ၃၀၀ က တနေရာ အဲ့လိုမျိုးတွေ ရှောင်ကြရတာဆိုတော့လေ။

စစ်ကိုင်းအတွင်းမှာ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ရှောင်အရေအတွက်တွေကလည်း ပိုပြီးတိုးလာနေပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေဟာ ကျေးရွာတွေကို အခြေစိုက်ပြီး အကြမ်းဖက် လုပ်ငန်းတွေ လုပ်နေတယ်ဆိုပြီးတော့လည်း မြန်မာစစ်တပ်က စွပ်စွဲထားပါတယ်။ စစ်ကောင်စီဘက်က ထိုးစစ်အတွင်း အရပ်သားတွေရဲ့ နေအိမ်တွေကို မီးရှို့ ဖျက်ဆီးတာ မလုပ်ဘူးလို့ ပြောဆိုထားပေမယ့် နယ်မြေရှင်းလင်းတဲ့ ဒေသက ကျေးရွာတွေမှာ နေအိမ်တွေ မီးလောင်တဲ့ သတင်းတွေကတော့ မကြာခဏ ထွက်ပေါ်နေပါတယ်။

XS
SM
MD
LG