[[Zawgyi/Unicode]]
၂၀၂၆ ခုႏွစ္ ကမာၻ႔ဖလား ေဘာလုံးပြဲကို အေမရိကန္ ျပည္ေထာင္စုက ၿမိဳ႕ႀကီး ၁၁ ၿမိဳ႕ အပါအ၀င္ ႏိုင္ငံ ၃ ႏိုင္ငံက ၿမိဳ႕ႀကီး ၁၆ ၿမိဳ႕မွာ က်င္းပဖို႔ ကမာၻ႔ ေဘာလုံးအဖြဲ႕ခ်ဳပ္ FIFA က ေၾကညာလိုက္တာေၾကာင့္ မေန႔က နယူးေယာက္နဲ႔ နယူးဂ်ာစီျပည္နယ္ ေခါင္းေဆာင္ေတြ ေအာင္ပြဲခံခဲ့ၾကပါတယ္။
အေမရိကန္ ျပည္ေထာင္စုက Atlanta, Boston, Dallas, Houston, Kansas City, Los Angeles, Miami, New York/New Jersey, Philadelphia, San Francisco Bay Area နဲ႔ Seattle စတဲ့ ၿမိဳ႕ႀကီး ၁၁ ခုမွာ ကမာၻဖလား ေဘာလုံးပြဲေတြ က်င္းပမွာပါ။
ကေနဒါႏိုင္ငံက Toronto နဲ႔ Vancouver ၿမိဳ႕ေတြ၊ မက္ဆီကို ႏိုင္ငံက Guadalajara, Mexico City န႔ Monterrey ၿမိဳ႕ေတြမွာလည္း ကမာၻ႔ဖလားေဘာလုံးပြဲေတြ က်င္းပမွာပါ။ သုံးႏိုင္ငံ ေပါင္းၿပီး အိမ္ရွင္အျဖစ္ ပထမဆုံး က်င္းပမွာျဖစ္ပါတယ္။က်ေနာ္တို႔က ေနာက္ဆုံးပြဲစဥ္ကို ဒီမွာ ကစားေစခ်င္ပါတယ္။
ကမာ႔ၻဖလား ဆုဖလားႀကီးကိုလည္း Metlife အားကစားကြင္းထဲက ဒီေနရာမွာ ထားေစခ်င္တာပါလို႔ New Jersey အုပ္ခ်ဳပ္ေရးမွဴး Phil Murphy က ေျပာဆိုပါတယ္။ပထမဆုံးနဲ႔ ေနာက္ဆုံး ဖိုင္နယ္ပြဲေတြကို ဘယ္မွာ က်င္းပမယ္ဆိုတာကိုေတာ့ မဆုံးျဖတ္ရေသးဘူးလို႔ FIFA ဥကၠ႒ Gianni Infantino က ေျပာပါတယ္။
၂၀၂၆ ကမာၻ႔ဖလားၿပိဳင္ပြဲဟာ ပထမဆုံးအႀကိမ္ လက္ရွိ ယွဥ္ၿပိဳင္ေနတဲ့ ႏိုင္ငံ ၃၂ ႏိုင္ငံက အသင္းေတြကေန ၄၈ သင္းအထိ တိုးခ်ဲ႕ကစားမယ့္ပြဲျဖစ္ပါတယ္။
===============
[[Unicode]]
၂၀၂၆ ကမ္ဘာ့ဖလားပွဲ မြို့ကြီး ၁၆ မြို့မှာကစားမယ်
၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပွဲကို အမေရိကန် ပြည်ထောင်စုက မြို့ကြီး ၁၁ မြို့ အပါအဝင် နိုင်ငံ ၃ နိုင်ငံက မြို့ကြီး ၁၆ မြို့မှာ ကျင်းပဖို့ ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် FIFA က ကြေညာလိုက်တာကြောင့် မနေ့က နယူးယောက်နဲ့ နယူးဂျာစီပြည်နယ် ခေါင်းဆောင်တွေ အောင်ပွဲခံခဲ့ကြပါတယ်။
အမေရိကန် ပြည်ထောင်စုက Atlanta, Boston, Dallas, Houston, Kansas City, Los Angeles, Miami, New York/New Jersey, Philadelphia, San Francisco Bay Area နဲ့ Seattle စတဲ့ မြို့ကြီး ၁၁ ခုမှာ ကမ္ဘာဖလား ဘောလုံးပွဲတွေ ကျင်းပမှာပါ။
ကနေဒါနိုင်ငံက Toronto နဲ့ Vancouver မြို့တွေ၊ မက်ဆီကို နိုင်ငံက Guadalajara, Mexico City န့ Monterrey မြို့တွေမှာလည်း ကမ္ဘာ့ဖလားဘောလုံးပွဲတွေ ကျင်းပမှာပါ။ သုံးနိုင်ငံ ပေါင်းပြီး အိမ်ရှင်အဖြစ် ပထမဆုံး ကျင်းပမှာဖြစ်ပါတယ်။ကျနော်တို့က နောက်ဆုံးပွဲစဉ်ကို ဒီမှာ ကစားစေချင်ပါတယ်။
ကမာ့္ဘဖလား ဆုဖလားကြီးကိုလည်း Metlife အားကစားကွင်းထဲက ဒီနေရာမှာ ထားစေချင်တာပါလို့ New Jersey အုပ်ချုပ်ရေးမှူး Phil Murphy က ပြောဆိုပါတယ်။ပထမဆုံးနဲ့ နောက်ဆုံး ဖိုင်နယ်ပွဲတွေကို ဘယ်မှာ ကျင်းပမယ်ဆိုတာကိုတော့ မဆုံးဖြတ်ရသေးဘူးလို့ FIFA ဥက္ကဋ္ဌ Gianni Infantino က ပြောပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ပထမဆုံးအကြိမ် လက်ရှိ ယှဉ်ပြိုင်နေတဲ့ နိုင်ငံ ၃၂ နိုင်ငံက အသင်းတွေကနေ ၄၈ သင်းအထိ တိုးချဲ့ကစားမယ့်ပွဲဖြစ်ပါတယ်။
===============