သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီးယား‌ လောင်းကစားရုံဟိုတယ် မီးလောင်မှု လူ ၂၀ ဝန်းကျင် သေဆုံး


ထိုင်းနယ်စပ်၊ ကမ္ဘောဒီးယားနိုင်ငံဘက်က ကာစီနိုလောင်းကစားရုံတွေရှိတဲ့ Grand Diamond City ဟိုတယ်လ်မီးလောင်ကျွမ်းနေပြီး မီးသတ်နဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေကိုတွေ့ရစဉ်။ (ဒီဇင်ဘာ ၂၉ ၊ ၂၀၂၂)
ထိုင်းနယ်စပ်၊ ကမ္ဘောဒီးယားနိုင်ငံဘက်က ကာစီနိုလောင်းကစားရုံတွေရှိတဲ့ Grand Diamond City ဟိုတယ်လ်မီးလောင်ကျွမ်းနေပြီး မီးသတ်နဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေကိုတွေ့ရစဉ်။ (ဒီဇင်ဘာ ၂၉ ၊ ၂၀၂၂)

[[Zawgyi/Unicode]]

ထိုင်းနယ်စပ်အနီး ကမ္ဘောဒီးယားနိုင်ငံက လောင်းကစားရုံဟိုတယ်တခု ဒီကနေ့ ဒီဇင်ဘာ ၂၉ ရက်နေ့မှာ မီးလောင်လို့ အနည်းဆုံး လူ ၁၉ ယောက် သေဆုံးသွားတယ်လို့ ဝိုင်ယာသတင်းတွေမှာ ဖော်ပြပါတယ်။ အစောပိုင်းတုန်းကတော့ ၁၀ ယောက်ထက်မနည်း သေဆုံးကြောင်း ကမ္ဘောဒီးယားရဲတပ်ဖွဲ့က ပြောပါတယ်။

နယ်စပ်မြို့ Poipet မှာရှိတဲ့ Grand Diamond City ကာစီနို လောင်းကစားရုံဟိုတယ်မှာ မနေ့ ဗုဒ္ဓဟူးနေ့ည ၁၁ နာရီခွဲလောက်မှာ မီးလောင်ခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ရိုက်တာသတင်းမှာတော့ သေဆုံးသူ အနည်းဆုံး ၁၄ ဦးရှိပြီး ဒဏ်ရာရသူ ၃၀ လောက်ရှိတယ်လို့ ကယ်ဆယ်ရေးဝန်ထမ်းတွေကို ကိုးကား ဖော်ပြပါတယ်။

လောင်းကစားရုံမှာအလုပ်လုပ်တဲ့ဝန်ထမ်း ၄၀၀ လောက် ရှိတယ်လို့လည်း ပြောပါတယ်။ မီးလောင်နေတဲ့အချိန် အဆောက်အဦးပေါ်ကနေ လူတွေခုန်ချကြတဲ့ပုံတချို့လည်း အွန်လိုင်းစာမျက်နှာတွေပေါ်မှာ တက်လာပါတယ်။ မီးလောင်နေတဲ့အချိန် လောင်းကစားရုံထဲမှာ နိုင်ငံခြားသားတွေလည်း ရှိနေတဲ့အကြောင်း ဒေသတွင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဒဏ်ရာရသူတွေကို နယ်စပ်တဘက်ခြမ်း ထိုင်းနိုင်ငံက Sa Kaeo ခရိုင်မှာရှိတဲ့ ဆေးရုံတွေကို ပို့ဆောင် ကုသပေးနေပြီး ကမ္ဘောဒီးယား ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ အနီးကပ် ပူးပေါင်းကူညီဆောင်ရွက်ပေးနေကြောင်း ထိုင်းနိုင်ငံခြားရေးဌာန သတင်းရင်းမြစ်တခုက ပြောပါတယ်။ ထိုင်းနိုင်ငံဘက်ကနေ မီးသတ် ကားတွေ စေလွှတ်ပေးတာအပါအဝင် မီးကူ ငြိမ်းသတ်ပေးနေတယ်လို့လည်း ပြောပါတယ်။

အထပ်မြင့် အဆောက်အဦးကြီးရဲ့ပထမထပ်ကမီးစလောင်တာမှာ ကော်ဇောတွေ အလျင်အမြန်မီးကူးစက်သွားခဲ့ပြီး တခြားအထပ်တွေကို ပျံ့နှံ့သွားခဲ့တာလို့ ထိုင်းကယ်ဆယ်ရေးအဖွဲ့က စေတနာ့ဝန်ထမ်းတဦးက ပြောပါတယ်။ လောင်းကစားရုံ ဟိုတယ်တွေ အတော်များများရှိတဲ့ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တလျှောက် Grand Diamond City ဟိုတယ်လည်း တခုအပါအဝင် ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

====================

[[Unicode]]






XS
SM
MD
LG