သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကမာၻ႔ဖလား ၁၃ ရက္ေျမာက္ေန႔


FIFA World Cup Qatar 2022 - Group E - Japan v Spain

[[Zawgyi/Unicode]]

ကာတာႏိုင္ငံမွာက်င္းပေနတဲ့ ကမာၻ႔ဖလားမွာ ဂ်ပန္အသင္းက ႐ႈံးထြက္အဆင့္ကိုတက္သြားတဲ့အတြက္ ဂ်ပန္ပရိသတ္ေတြ အႀကီးအက်ယ္ ဝမ္းသာေနၾကပါတယ္။

ၾကာသပေတးေန႔က စပိန္နဲ႔ကစားခဲ့တဲ့ပြဲမွာ ဂ်ပန္က ၂ ဂိုး ၁ ဂိုးနဲ႔ အႏိုင္ရၿပီး ႐ႈံးထြက္အဆင့္ကို တက္သြားတာျဖစ္ပါတယ္။ အုပ္စု E ထဲက စပိန္လိုအသင္းႀကီးနဲ႔ကန္တဲ့ပြဲမွာ ႏိုင္မွႏိုင္ပါ့မလားဆိုၿပီး စိုးရိမ္ခဲ့ၾကတဲ့ ဂ်ပန္ပရိသတ္ေတြဟာ စပိန္အသင္းကို အႏိုင္ရလိုက္တဲ့အေပၚ အတိုင္းမသိ ဝမ္းသာေနၾကတာျဖစ္ပါတယ္။

ကာတာႏိုင္ငံမွာ လာေရာက္အားေပးေနၾကတဲ့ ဂ်ပန္ပရိသတ္ေတြသာမက ဂ်ပန္ႏိုင္ငံက ပရိသတ္ေတြပါ ေအာင္ပြဲခံေနၾကပါတယ္။ ၁၆ သင္း ႐ႈံးထြက္အဆင့္မွာေတာ့ ဂ်ပန္အသင္းဟာ Croatia အသင္းနဲ႔ ဒီဇင္ဘာ ၅ ရက္မွာ ကစားၾကရမွာျဖစ္ပါတယ္။ ဒီေန႔ ကစားၾကဖို႔ရွိတဲ့ ပြဲစဥ္ေတြကေတာ့ မၾကာခင္အခ်ိန္မွာ အုပ္စု H က ေတာင္ကိုရီးယားနဲ႔ေပၚတူဂီ၊ Ghana နဲ႔ Uruguay၊ အုပ္စု G က Serbia နဲ႔ Switzerland၊ Cameroon နဲ႔ Brazil တို႔ ကစားၾကမွာျဖစ္ပါတယ္။

မနက္ျဖန္မွာေတာ့ ဒုတိယအဆင့္ရႈံးထြက္ပဲြစဥ္ေတြကိုစတင္မွာျဖစ္ၿပီး နယ္သာလန္ နဲ႔ အေမရိကန္၊ အာဂ်င္တီးနားနဲ႔ ၾသစေၾတးလ်တို႔ ကစားၾကမွာျဖစ္ပါတယ္ခင္ဗ်ာ။

ကမာၻ႔ဖလား ၁၃ ရက္ေျမာက္ေန႔.mp3
please wait

No media source currently available

0:00 0:00:34 0:00
တိုက္႐ိုက္ လင့္ခ္

========================

[[Unicode]]

ကမ္ဘာ့ဖလား ၁၃ ရက်မြောက်နေ့

ကာတာနိုင်ငံမှာကျင်းပနေတဲ့ ကမ္ဘာ့ဖလားမှာ ဂျပန်အသင်းက ရှုံးထွက်အဆင့်ကိုတက်သွားတဲ့အတွက် ဂျပန်ပရိသတ်တွေ အကြီးအကျယ် ဝမ်းသာနေကြပါတယ်။

ကြာသပတေးနေ့က စပိန်နဲ့ကစားခဲ့တဲ့ပွဲမှာ ဂျပန်က ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ရှုံးထွက်အဆင့်ကို တက်သွားတာဖြစ်ပါတယ်။ အုပ်စု E ထဲက စပိန်လိုအသင်းကြီးနဲ့ကန်တဲ့ပွဲမှာ နိုင်မှနိုင်ပါ့မလားဆိုပြီး စိုးရိမ်ခဲ့ကြတဲ့ ဂျပန်ပရိသတ်တွေဟာ စပိန်အသင်းကို အနိုင်ရလိုက်တဲ့အပေါ် အတိုင်းမသိ ဝမ်းသာနေကြတာဖြစ်ပါတယ်။

ကာတာနိုင်ငံမှာ လာရောက်အားပေးနေကြတဲ့ ဂျပန်ပရိသတ်တွေသာမက ဂျပန်နိုင်ငံက ပရိသတ်တွေပါ အောင်ပွဲခံနေကြပါတယ်။ ၁၆ သင်း ရှုံးထွက်အဆင့်မှာတော့ ဂျပန်အသင်းဟာ Croatia အသင်းနဲ့ ဒီဇင်ဘာ ၅ ရက်မှာ ကစားကြရမှာဖြစ်ပါတယ်။ ဒီနေ့ ကစားကြဖို့ရှိတဲ့ ပွဲစဉ်တွေကတော့ မကြာခင်အချိန်မှာ အုပ်စု H က တောင်ကိုရီးယားနဲ့ပေါ်တူဂီ၊ Ghana နဲ့ Uruguay၊ အုပ်စု G က Serbia နဲ့ Switzerland၊ Cameroon နဲ့ Brazil တို့ ကစားကြမှာဖြစ်ပါတယ်။

မနက်ဖြန်မှာတော့ ဒုတိယအဆင့်ရှုံးထွက်ပွဲစဉ်တွေကိုစတင်မှာဖြစ်ပြီး နယ်သာလန် နဲ့ အမေရိကန်၊ အာဂျင်တီးနားနဲ့ သြစတြေးလျတို့ ကစားကြမှာဖြစ်ပါတယ်ခင်ဗျာ။

XS
SM
MD
LG