သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကရင္နီျပည္နယ္မွာ တလအတြင္း တိုက္ပြဲ ၆၀ နီးပါးျဖစ္ (KNDF)


ကယားေဒသ စစ္ေဘးေရွာင္ျပည္သူမ်ား Kayah ကယား / ကရင္နီ

[[Zawgyi/Unicode]]

ကရင္နီလို႔ေခၚတဲ့ ကယားျပည္နယ္အတြင္းမွာ ၿပီးခဲ့တဲ့ စက္တင္ဘာတလအတြင္း ျမန္မာစစ္တပ္နဲ႔ တိုက္ပြဲေတြၾကား အရပ္သား ၁၃ ေယာက္ေသဆုံး၊ ၂၃ ေယာက္ ထိခိုက္ဒဏ္ရာရခဲ့ၿပီး ေနအိမ္ ၁၁၇ လုံးနဲ႔ ဘုရားေက်ာင္း ၂ ေက်ာင္း ထိခိုက္ ပ်က္စီးသြားတယ္လို႔ ကရင္နီ အမ်ဳိးသားကာကြယ္ေရးတပ္ KNDF က သတင္း ထုတ္ျပန္ထားပါတယ္။ ျမန္မာစစ္တပ္ဘက္က တိုက္ပြဲျဖစ္ပြားတဲ့ေနရာေတြေရာ၊ တိုက္ပြဲမျဖစ္ပြားတဲ့ေနရာေတြပါ လက္နက္ႀကီးနဲ႔ ပစ္ခတ္ခဲ့တာေတြ ရွိတယ္လို႔လည္း ေဖာ္ျပပါတယ္။ ကရင္နီလူ႔အခြင့္အေရးအဖြဲ႕ရဲ႕ ေျပာဆိုခ်က္ေတြအေၾကာင္း သတင္းေပးပို႔ခ်က္ကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

ကရင္နီအမ်ိဳးသားမ်ားကာကြယ္ေရးတပ္ (KNDF)၊ ကရင္နီတပ္မေတာ္ (KA) ၊အျခား ေဒသခံ ကာကြယ္ေရးတပ္ဖြဲ႕ေတြနဲ႔ ျမန္မာစစ္တပ္ၾကားမွာ ၿပီးခဲ့တဲ့ စက္တင္ဘာလ တလအတြင္း တိုက္ပြဲ ၅၇ ႀကိမ္ထက္မနည္း ျဖစ္ပြားခဲ့တယ္လို႔ ကရင္နီ အမ်ဳိးသားကာကြယ္ေရးတပ္ KNDF က သတင္းထုတ္ျပန္ပါတယ္။ ဒီးေမာ့ဆိုၿမိဳ႕ နယ္၊ ဖ႐ူဆိုၿမိဳ႕နယ္၊ လြိဳင္ေကာ္ၿမိဳ႕နယ္၊ ေဘာလခဲၿမိဳ႕နယ္၊ ရွားေတာၿမိဳ႕နယ္၊ ဖယ္ခုံၿမိဳ႕နယ္နဲ႔ မိုးၿဗဲၿမိဳ႕ေတြမွာ တိုက္ပြဲျဖစ္ပြားခဲ့တာပါ။

ဒီးေမာ့ဆို ျပည္သူ႔ကာကြယ္ေရးတပ္ ျပန္ၾကားေရးတာဝန္ခံက အခုလို VOA ကို ေျပာပါတယ္။

“PDF ဘက္က်ေတာ့ မိုင္းရွင္းလင္းေရးလုပ္ငန္းေတာ့ က်ေနာ္တို႔ အၿမဲတမ္းလိုလို လုပ္ေနတယ္။ ရွင္းေနတဲ့အခ်ိန္မွာ စစ္ေကာင္စီလည္း သူတို႔ေထာင္ထားတဲ့မိုင္းမွာ သူတို႔ျပန္ၿပီးေတာ့ လိုက္ၾကည့္ေနလား၊ အဲ့လိုေျပာရမလား မသိဘူး။ အဲ့လိုမ်ိဳးအေနအထား ႀကဳံေတြ႔တဲ့အခ်ိန္မွာ အျပန္အလွန္ပစ္ခတ္တာေတာ့ ရွိတယ္ဗ်။ ၿပီးေတာ့ သူတို႔စခန္းလုံၿခံဳေရးေပါ့ေနာ္ စခန္းပတ္ဝန္းက်င္မွာ သူတို႔လုံၿခံဳေရးအရ သူတို႔ သြားေနတဲ့ အခ်ိန္မွာ အဲ့မ်ိဳးထိေတြ႕တိုက္ပြဲေလးေတြ ရွိတယ္။”

တိုက္ပြဲအတြင္းမွာ KNDF ဘက္က ရဲေဘာ္ ၅ ဦး က်ဆုံးခဲ့ၿပီး စစ္ေကာင္စီဘက္က ဒါဇင္နဲ႔ခ်ီ က်ဆုံးႏိုင္တဲ့အေၾကာင္း ဒီေမာ့ဆို ျပည္သူ႔ကာကြယ္ေရးတပ္ ျပန္ၾကားေရးတာဝန္ခံက ေျပာပါတယ္။ လက္နက္ငယ္ ၁၄ လက္၊ စက္ေသနတ္တလက္နဲ႔ ၆၀ မမ၊ RPG စတဲ့ လက္နက္ခဲယမ္းေတြ သိမ္းဆည္းရမိတယ္လို႔ ေျပာေပမယ့္ သီးျခားအတည္ျပဳခ်က္ေတာ့ ထြက္ေပၚလာျခင္း မရွိပါဘူး။ စစ္ေကာင္စီဘက္ကေတာ့ က်ဆုံး ထိခိုက္ဒဏ္ရရရာေတြနဲ႔ ပတ္သက္လို႔ အတည္ျပဳခ်က္ မေပးေသးပါဘူး။ ဒီနယ္ေျမေတြမွာ ေဒသခံတိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ေတြနဲ႔ PDF အဖြဲ႔ေတြ ေျခကုပ္ယူၿပီး အၾကမ္းဖက္လုပ္ရပ္ေတြ လုပ္ကိုင္ေနတယ္လို႔ စြပ္စြဲပါတယ္။

KNDF ကေတာ့ တလအတြင္းတိုက္ပြဲေတြမွာ ျမန္မာစစ္တပ္ဘက္က လက္နက္ႀကီးေတြ အလြန္အကြၽံအသုံးျပဳ ပစ္ခတ္တိုက္ခိုက္ခဲ့တဲ့အတြက္ ေဒသခံေနအိမ္ ၁၀၀ ေက်ာ္နဲ႔ ဘုရားေက်ာင္း ၂ ေက်ာင္း ပ်က္စီးခဲ့တယ္လို႔ေျပာပါတယ္။ ေလေၾကာင္းကေန အနည္းဆုံး ၁၆ ႀကိမ္ တိုက္ခိုက္ခဲ့တယ္လို႔လည္း ေျပာပါတယ္။
ႏွစ္ဘက္တိုက္ပြဲေတြ မျဖစ္တဲ့အခ်ိန္မွာလည္း စစ္ေကာင္စီဘက္က လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္တိုက္ခိုက္တာေတြ ရွိတယ္လို႔ KNDF က ေျပာပါတယ္။ လက္နက္ႀကီးေၾကာင့္ အရပ္သားျပည္သူ ၁၀ ဦးေသဆုံးၿပီး ၁၉ ဦး ဒဏ္ရာရရွိခဲ့ေၾကာင္းနဲ႔ ျမန္မာစစ္တပ္ေထာင္ထားတဲ့မိုင္းနင္းမိၿပီး ေပါက္ကြဲလို႔ ၁ ဦးေသ၊ ၄ ဦး ဒဏ္ရာရရွိတဲ့အေၾကာင္း ေျပာပါတယ္။ ဖမ္းဆီးသတ္ျဖတ္ခံရသူ ၂ ဦး စုစုေပါင္း အရပ္သား ၁၃ ဦးေသ ၂၃ ဦးထိခိုက္ဒဏ္ရာရရွိတာလို႔ KNDF က ထုတ္ျပန္ထားပါတယ္။

စစ္ေကာင္စီဘက္ကေတာ့ ဒီ ကိန္းဂဏန္းေတြနဲ႔ ပတ္သက္လို႔ တစုံတရာ ထုတ္ျပန္တာ မရွိေသးသလို တုံ႔ျပန္ေျပာဆိုတာလည္း မရွိေသးပါဘူး။

စစ္ေဘးေရွာင္ ဒုကၡသည္ တေယာက္ကေတာ့ စစ္တပ္ဘက္က အခ်ိန္မေ႐ြး လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ေနတယ္လို႔ VOA ကို ေျပာပါတယ္။

“သူတို႔က (လက္နက္ႀကီးနဲ႔) မနက္မထုရင္ ညထုတာပဲ။ ေန႔တိုင္းလိုလိုထုေနတာပဲ။ အသံေတာ့ အက်ယ္ႀကီးပဲ၊ ဟို…ဘယ္လိုေျပာရမလဲ၊ ၾကာၾကာလာဆိုရင္ ႏွလုံးေတာင္မခံႏိုင္ေတာ့ဘူးေပါ့-အဲ့ဒီ ဒဏ္ေတြနဲ႔။ ခဏခဏထုတာေလ။ သူတို႔ လြိဳင္ေကာ္တပ္ကေန ထုသြား။ လြိဳင္ေကာ္တပ္ကေနဆို ဒီးေမာ့ဆိုဘက္ကို ပစ္ သြားလိုက္၊ မိုးၿဗဲဖက္ကို ထုသြားလိုက္၊ ေလွ်ာက္ထုေနတာပဲ။ လြိဳင္ေကာ္ကေတာ့ အၿမဲလွမ္းထုတယ္။”

ျမန္မာစစ္တပ္ဘက္က တိုက္ပြဲျဖစ္ပြားတဲ့ ေနရာေတြတင္ မဟုတ္ဘဲ တိုက္ပြဲမျဖစ္ တဲ့ ေနရာမွာလည္း လက္နက္ႀကီးနဲ႔ တိုက္ခိုက္ေနတယ္လို႔ ကရင္နီလူ႔အခြင့္အေရးအဖြဲ႔ ဒါ႐ိုက္တာ ကိုဗညားက ခုလို ေျပာပါတယ္။

“စစ္ပြဲနဲ႔ နီးစပ္ၿပီးေတာ့မွ စစ္ပြဲဧရိယာထဲက ေဒသေတြကို ရမ္းသမ္းထုတာ တခုရွိတယ္၊ ေနာက္တခု ဥပမာ ေျပာလို႔ရတာက ကုန္းသာမွာေပါ့ေနာ္။ လြန္ခဲ့တဲ့တပတ္ လည္း ထပ္ျဖစ္ေသးတယ္ေပါ့ေနာ္။ ကုန္းသာမွာလည္း အဲ့လိုမ်ိဳးပဲ။ သူ႔ဟာက ဒီ တိုက္ပြဲျဖစ္ၿပီးေနာက္ပိုင္းမွာ စစ္တပ္ကထုတဲ့အတြက္ေၾကာင့္မို႔ ေက်း႐ြာအေပၚက်ၿပီးေတာ့မွ ထိခိုက္မႈရွိတာေပါ့။”

စက္တင္ဘာလ ၃၀ ရက္ေန႔ကေတာ့ ရန္ကုန္-ေနျပည္ေတာ္-လြိဳင္ေကာ္- ရန္ကုန္ ခရီးစဥ္ေျပးဆြဲတဲ့ ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္း MNA ရဲ႕ ေလယာဥ္တစင္း လြိဳင္ေကာ္ေလဆိပ္အဆင္းမွာ ပစ္ခတ္ခံရၿပီး အမ်ိဳးသားတဦး ထိခိုက္ဒဏ္ရာရခဲ့တယ္လို႔ စစ္ေကာင္စီဘက္က သတင္းထုတ္ျပန္ပါတယ္။ ကယားျပည္နယ္အတြင္း လႈပ္ရွားေနတဲ့ ကရင္နီ တိုးတက္ေရးပါတီ KNPP နဲ႔ PDF လက္နက္ကိုင္အဖြဲ႔ေတြ ပစ္ခတ္တာလို႔ စြပ္စြဲခဲ့ၿပီး KNPP ဘက္ကေတာ့ အရပ္သားေလယာဥ္ကို ပစ္ခတ္ဖို႔ ၫႊန္ၾကားမထားေၾကာင္းနဲ႔ ဒီသတင္း မဟုတ္မမွန္ေၾကာင္း ျငင္းဆိုခဲ့ပါတယ္။

လက္နက္ကိုင္တိုက္ပြဲေတြနဲ႔ စစ္ေရး ပဋိပကၡ တင္းမာေနၿပီး အၾကမ္းဖက္မႈေတြနဲ႔ ပတ္သက္လို႔ အျပန္အလွန္ စြပ္စြဲခ်က္ေတြၾကားမွာ ေဒသခံ ရြာသားေတြ ေဘးလြတ္ရာကို ထြက္ေျပးေနရဆဲပဲလို႔လည္း လူ႔အခြင့္အေရးအဖြဲ႕ေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

ကရင်နီပြည်နယ်မှာ တလအတွင်း တိုက်ပွဲ ၆၀ နီးပါးဖြစ် (KNDF)

ကရင်နီလို့ခေါ်တဲ့ ကယားပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာတလအတွင်း မြန်မာစစ်တပ်နဲ့ တိုက်ပွဲတွေကြား အရပ်သား ၁၃ ယောက်သေဆုံး၊ ၂၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ် ၁၁၇ လုံးနဲ့ ဘုရားကျောင်း ၂ ကျောင်း ထိခိုက် ပျက်စီးသွားတယ်လို့ ကရင်နီ အမျိုးသားကာကွယ်ရေးတပ် KNDF က သတင်း ထုတ်ပြန်ထားပါတယ်။ မြန်မာစစ်တပ်ဘက်က တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေရော၊ တိုက်ပွဲမဖြစ်ပွားတဲ့နေရာတွေပါ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာတွေ ရှိတယ်လို့လည်း ဖော်ပြပါတယ်။ ကရင်နီလူ့အခွင့်အရေးအဖွဲ့ရဲ့ ပြောဆိုချက်တွေအကြောင်း သတင်းပေးပို့ချက်ကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ကရင်နီတပ်မတော် (KA) ၊အခြား ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်ကြားမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ တလအတွင်း တိုက်ပွဲ ၅၇ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ ကရင်နီ အမျိုးသားကာကွယ်ရေးတပ် KNDF က သတင်းထုတ်ပြန်ပါတယ်။ ဒီးမော့ဆိုမြို့ နယ်၊ ဖရူဆိုမြို့နယ်၊ လွိုင်ကော်မြို့နယ်၊ ဘောလခဲမြို့နယ်၊ ရှားတောမြို့နယ်၊ ဖယ်ခုံမြို့နယ်နဲ့ မိုးဗြဲမြို့တွေမှာ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ခံက အခုလို VOA ကို ပြောပါတယ်။

“PDF ဘက်ကျတော့ မိုင်းရှင်းလင်းရေးလုပ်ငန်းတော့ ကျနော်တို့ အမြဲတမ်းလိုလို လုပ်နေတယ်။ ရှင်းနေတဲ့အချိန်မှာ စစ်ကောင်စီလည်း သူတို့ထောင်ထားတဲ့မိုင်းမှာ သူတို့ပြန်ပြီးတော့ လိုက်ကြည့်နေလား၊ အဲ့လိုပြောရမလား မသိဘူး။ အဲ့လိုမျိုးအနေအထား ကြုံတွေ့တဲ့အချိန်မှာ အပြန်အလှန်ပစ်ခတ်တာတော့ ရှိတယ်ဗျ။ ပြီးတော့ သူတို့စခန်းလုံခြုံရေးပေါ့နော် စခန်းပတ်ဝန်းကျင်မှာ သူတို့လုံခြုံရေးအရ သူတို့ သွားနေတဲ့ အချိန်မှာ အဲ့မျိုးထိတွေ့တိုက်ပွဲလေးတွေ ရှိတယ်။”

တိုက်ပွဲအတွင်းမှာ KNDF ဘက်က ရဲဘော် ၅ ဦး ကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်က ဒါဇင်နဲ့ချီ ကျဆုံးနိုင်တဲ့အကြောင်း ဒီမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ လက်နက်ငယ် ၁၄ လက်၊ စက်သေနတ်တလက်နဲ့ ၆၀ မမ၊ RPG စတဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ ပြောပေမယ့် သီးခြားအတည်ပြုချက်တော့ ထွက်ပေါ်လာခြင်း မရှိပါဘူး။ စစ်ကောင်စီဘက်ကတော့ ကျဆုံး ထိခိုက်ဒဏ်ရရရာတွေနဲ့ ပတ်သက်လို့ အတည်ပြုချက် မပေးသေးပါဘူး။ ဒီနယ်မြေတွေမှာ ဒေသခံတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ PDF အဖွဲ့တွေ ခြေကုပ်ယူပြီး အကြမ်းဖက်လုပ်ရပ်တွေ လုပ်ကိုင်နေတယ်လို့ စွပ်စွဲပါတယ်။

KNDF ကတော့ တလအတွင်းတိုက်ပွဲတွေမှာ မြန်မာစစ်တပ်ဘက်က လက်နက်ကြီးတွေ အလွန်အကျွံအသုံးပြု ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံနေအိမ် ၁၀၀ ကျော်နဲ့ ဘုရားကျောင်း ၂ ကျောင်း ပျက်စီးခဲ့တယ်လို့ပြောပါတယ်။ လေကြောင်းကနေ အနည်းဆုံး ၁၆ ကြိမ် တိုက်ခိုက်ခဲ့တယ်လို့လည်း ပြောပါတယ်။
နှစ်ဘက်တိုက်ပွဲတွေ မဖြစ်တဲ့အချိန်မှာလည်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ရှိတယ်လို့ KNDF က ပြောပါတယ်။ လက်နက်ကြီးကြောင့် အရပ်သားပြည်သူ ၁၀ ဦးသေဆုံးပြီး ၁၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်းနဲ့ မြန်မာစစ်တပ်ထောင်ထားတဲ့မိုင်းနင်းမိပြီး ပေါက်ကွဲလို့ ၁ ဦးသေ၊ ၄ ဦး ဒဏ်ရာရရှိတဲ့အကြောင်း ပြောပါတယ်။ ဖမ်းဆီးသတ်ဖြတ်ခံရသူ ၂ ဦး စုစုပေါင်း အရပ်သား ၁၃ ဦးသေ ၂၃ ဦးထိခိုက်ဒဏ်ရာရရှိတာလို့ KNDF က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဘက်ကတော့ ဒီ ကိန်းဂဏန်းတွေနဲ့ ပတ်သက်လို့ တစုံတရာ ထုတ်ပြန်တာ မရှိသေးသလို တုံ့ပြန်ပြောဆိုတာလည်း မရှိသေးပါဘူး။

စစ်ဘေးရှောင် ဒုက္ခသည် တယောက်ကတော့ စစ်တပ်ဘက်က အချိန်မရွေး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ VOA ကို ပြောပါတယ်။

“သူတို့က (လက်နက်ကြီးနဲ့) မနက်မထုရင် ညထုတာပဲ။ နေ့တိုင်းလိုလိုထုနေတာပဲ။ အသံတော့ အကျယ်ကြီးပဲ၊ ဟို…ဘယ်လိုပြောရမလဲ၊ ကြာကြာလာဆိုရင် နှလုံးတောင်မခံနိုင်တော့ဘူးပေါ့-အဲ့ဒီ ဒဏ်တွေနဲ့။ ခဏခဏထုတာလေ။ သူတို့ လွိုင်ကော်တပ်ကနေ ထုသွား။ လွိုင်ကော်တပ်ကနေဆို ဒီးမော့ဆိုဘက်ကို ပစ် သွားလိုက်၊ မိုးဗြဲဖက်ကို ထုသွားလိုက်၊ လျှောက်ထုနေတာပဲ။ လွိုင်ကော်ကတော့ အမြဲလှမ်းထုတယ်။”

မြန်မာစစ်တပ်ဘက်က တိုက်ပွဲဖြစ်ပွားတဲ့ နေရာတွေတင် မဟုတ်ဘဲ တိုက်ပွဲမဖြစ် တဲ့ နေရာမှာလည်း လက်နက်ကြီးနဲ့ တိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ကိုဗညားက ခုလို ပြောပါတယ်။

“စစ်ပွဲနဲ့ နီးစပ်ပြီးတော့မှ စစ်ပွဲဧရိယာထဲက ဒေသတွေကို ရမ်းသမ်းထုတာ တခုရှိတယ်၊ နောက်တခု ဥပမာ ပြောလို့ရတာက ကုန်းသာမှာပေါ့နော်။ လွန်ခဲ့တဲ့တပတ် လည်း ထပ်ဖြစ်သေးတယ်ပေါ့နော်။ ကုန်းသာမှာလည်း အဲ့လိုမျိုးပဲ။ သူ့ဟာက ဒီ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်းမှာ စစ်တပ်ကထုတဲ့အတွက်ကြောင့်မို့ ကျေးရွာအပေါ်ကျပြီးတော့မှ ထိခိုက်မှုရှိတာပေါ့။”

စက်တင်ဘာလ ၃၀ ရက်နေ့ကတော့ ရန်ကုန်-နေပြည်တော်-လွိုင်ကော်- ရန်ကုန် ခရီးစဉ်ပြေးဆွဲတဲ့ မြန်မာအမျိုးသားလေကြောင်းလိုင်း MNA ရဲ့ လေယာဉ်တစင်း လွိုင်ကော်လေဆိပ်အဆင်းမှာ ပစ်ခတ်ခံရပြီး အမျိုးသားတဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။ ကယားပြည်နယ်အတွင်း လှုပ်ရှားနေတဲ့ ကရင်နီ တိုးတက်ရေးပါတီ KNPP နဲ့ PDF လက်နက်ကိုင်အဖွဲ့တွေ ပစ်ခတ်တာလို့ စွပ်စွဲခဲ့ပြီး KNPP ဘက်ကတော့ အရပ်သားလေယာဉ်ကို ပစ်ခတ်ဖို့ ညွှန်ကြားမထားကြောင်းနဲ့ ဒီသတင်း မဟုတ်မမှန်ကြောင်း ငြင်းဆိုခဲ့ပါတယ်။

လက်နက်ကိုင်တိုက်ပွဲတွေနဲ့ စစ်ရေး ပဋိပက္ခ တင်းမာနေပြီး အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ အပြန်အလှန် စွပ်စွဲချက်တွေကြားမှာ ဒေသခံ ရွာသားတွေ ဘေးလွတ်ရာကို ထွက်ပြေးနေရဆဲပဲလို့လည်း လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။

XS
SM
MD
LG