သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဒီးေမာ့ဆိုမွာ တိုက္ပြဲေတြျပင္းထန္ 


ဒီးေမာ့ဆို စစ္ေဘးဒုကၡသည္စခန္းက ကေလးငယ္အခ်ဳိ႕။ (ဓာတ္ပုံ - ကရင္နီလူငယ္အဖြဲ႔)

[[Zawgyi/Unicode]]

ကယားျပည္နယ္ထဲမွာ ႏိုဝင္ဘာလလယ္ကစၿပီး စစ္အင္အားျဖည့္ေနတဲ့ စစ္ေကာင္စီတပ္ေတြဟာ ေနရာအႏွံ႔ တပ္ျဖန႔္ခ်ထားၿပီး လက္နက္ႀကီးေတြကို အားျပဳသုံးစြဲလာတယ္လို႔ ကရင္နီအမ်ိဳးသားကာကြယ္ေရးတပ္ KNDF က ေျပာပါတယ္။ ဒီေန႔ ဗုဒၶဟူးေန႔မွာလည္း ဒီးေမာ့ဆိုၿမိဳ႕နယ္ထဲမွာ တိုက္ပြဲျပင္းထန္ေနတာမွာ ကရင္ကာကြယ္ေရးတပ္ဘက္က ေျပာက္က်ားစစ္ပုံစံနဲ႔ ခုခံတိုက္ခိုက္ေနရတယ္လို႔ ေျပာပါတယ္။ ဒီအေၾကာင္း ရန္ကုန္က ေပးပို႔တဲ့သတင္းကို ကိုဝင္းခန္႔ေမာင္က တင္ျပေပးထားပါတယ္။

ကယားျပည္နယ္၊ အထူးသျဖင့္ ဒီးေမာ့ဆို ၿမိဳ႕နယ္တဝိုက္မွာ ျမန္မာစစ္ေကာင္စီတပ္နဲ႔ ကရင္နီ အမ်ိဳးသားမ်ား ကာကြယ္ေရးတပ္ KNDF တို႔ အခု ႏွစ္ရက္ဆက္တိုက္ တိုက္ပြဲျပင္းထန္ေနပါတယ္။ ဒီးေမာ့ဆိုၿမိဳ႕နယ္ စစ္တပ္နယ္ေျမခံတပ္ရင္းထဲကေန ေမာ္တာအေျမာက္ လက္နက္ႀကီးေတြနဲ႔ပစ္ခတ္ေနၿပီး တခါတရံ လြိဳင္ေကာ္ဘက္က တပ္ရင္းဘက္ကလည္း လွမ္းၿပီးပစ္ခတ္ေၾကာင္း KNDF ဘက္ကေျပာပါတယ္။ ေျမျပင္မွာေတာ့ ျမန္မာစစ္တပ္ရဲ႕တပ္မ (၆၆) က အဓိကလႈပ္ရွားေနတယ္လို႔ KNDF ရဲ႕ ျပန္ၾကားေရးဘက္က ဗြီအိုေအကို ေျပာပါတယ္။

" ဒီးေမာ့ဆို အလယ္ဗဟိုေလာက္က်မယ္။ တိုက္ပြဲေတာ့ ျပင္းထန္ေနတယ္လို႔ က်ေနာ္တို႔ေျပာလို႔ရတယ္။ ေျမျပင္အေျခအေနမွာက အဲလိုပဲ ရွိေနေသးတယ္။ မေန႔ညကေတာ့ လက္နက္ႀကီး ပိုသုံးတာေပါ့ေလ၊ ဒီရက္ေတာ့ သူတို႔နည္းနည္း ေလွ်ာ့သုံးတယ္လို႔ ေျပာလို႔ရတယ္။ ၁၂၀ (မမ) ပါမယ္၊ ၁၈၁(မမ) ပါမယ္။"

ဒီးေမာ့ဆိုၿမိဳ႕နယ္ရဲ႕ ေျမာက္ပိုင္း ေသးဆူလဲေက်း႐ြာထဲမွာလည္း ျမန္မာစစ္တပ္ဘက္က လအေတာ္ၾကာ တပ္စြဲထားၿပီး စစ္ေရးေဖာ္ေဆာင္ေနေၾကာင္း ဒီးေမာ့ဆို ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႔ဘက္က ေျပာပါတယ္။ ဒါေၾကာင့္ ဒီေန႔မနက္ပိုင္းမွာ အဲဒီစစ္တပ္ရွိတဲ့ေနရာကို စစ္ေၾကာင္းသုံးခုခြဲၿပီး ဝင္ေရာက္တိုက္ခိုက္ခဲ့ေၾကာင္း ဒီးေမာ့ဆို PDF ရဲ႕ တာဝန္ခံက ဗြီအိုေအကို ေျပာပါတယ္။

"က်ေနာ္တို႔ သူ႔ကိုသြားပစ္တာ။ အဲ႐ြာထဲက ေနအိမ္တအိမ္မွာ သူတို႔အထိုင္ခ်ထားတယ္။ သူတို႔ေျခကုပ္ယူထားတာေပါ့ေနာ္။ ေရွ႕တန္းမ်က္ႏွာစာေလး တေနရာေလာက္မွာ ႐ြာထဲ ေနအိမ္တေနရာမွာ ေျခကုပ္ယူၿပီး သူတို႔ ၂၀၊ ၃-၄၀ ေလာက္ယူထားတယ္။ ဒါေပမဲ့ သူတို႔က တမိုင္ကိုတေနရာ ထားတာေပါ့ေနာ္။ အဲဒီမွာ ကတုပ္ က်င္းေတြလုပ္ၿပီး သူတို႔စခန္းရဲ႕ ကိုက္ ၅၀၀ မွာ ေျမျမႇဳပ္မိုင္းေတြ အမ်ားအျပား ေထာင္ထားတယ္။ သူတို႔နဲ႔နီးကပ္တဲ့ ကိုက္ ၁၀၀ မွာလည္း မိုင္းအမ်ားအျပား ထပ္ေထာင္ထားတယ္။ က်ေနာ္တို႔ အဓိက ႀကဳံေတြ႕ေနရတာက သူတို႔ကို သြားထိေတြ႕မယ္ဆို က်ေနာ္တို႔ အရင္ဆုံး ေျဖရွင္းေနရတာက မိုင္းေပါ့ေနာ္။"

ကယားျပည္နယ္အတြင္း အခုလို လက္နက္ႀကီးနဲ႔ ေျမျမႇဳပ္မိုင္းေၾကာင့္ အရပ္သား ထိခိုက္ေသဆုံးမႈေတြမ်ားလာတာကိုလည္း ႏိုင္ငံတကာအဖြဲ႔အစည္းေတြက သတိေပး ထုတ္ျပန္ထားပါတယ္။ ကရင္နီအမ်ိဳးသားကာကြယ္ေရးတပ္ KNDF နဲ႔ PDF တပ္ဖြဲ႕ေတြကလည္း တိုက္ပြဲၾကားမွာ ျပည္သူေတြ မထိခိုက္မနစ္နာေအာင္ စည္းမ်ဥ္းစည္ကမ္းေတြ ထုတ္ျပန္ေနတယ္လို႔ ေဒသခံကာကြယ္ေရးအဖြဲ႕ေတြက ေျပာပါတယ္။ ကယားျပည္နယ္ ေဒသခံအေခၚ ကရင္နီျပည္နယ္တြင္း စစ္အာဏာသိမ္းဆႏၵျပမႈေတြကို စစ္တပ္ကအၾကမ္းဖက္ႏွိမ္နင္းၿပီးေနာက္ပိုင္းကတည္းက လက္နက္ကိုင္ ခုခံမႈေတြေပၚလာခဲ့တာပါ။ တႏွစ္ေက်ာ္ ႏွစ္ႏွစ္နီးပါး တိုက္ပြဲေတြအတြင္း ေထာင္နဲ႔ခ်ီတဲ့ေဒသခံေတြဟာ အိုးအိမ္စြန႔္ခြာေျပးေနၾကရပါတယ္။

ဒီးေမာ့ဆိုမွာ တိုက္ပြဲေတြျပင္းထန္.mp3
please wait

No media source currently available

0:00 0:02:45 0:00
တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

ဒီးမော့ဆိုမှာ တိုက်ပွဲတွေပြင်းထန်

ကယားပြည်နယ်ထဲမှာ နိုဝင်ဘာလလယ်ကစပြီး စစ်အင်အားဖြည့်နေတဲ့ စစ်ကောင်စီတပ်တွေဟာ နေရာအနှံ႔ တပ်ဖြန့်ချထားပြီး လက်နက်ကြီးတွေကို အားပြုသုံးစွဲလာတယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF က ပြောပါတယ်။ ဒီနေ့ ဗုဒ္ဓဟူးနေ့မှာလည်း ဒီးမော့ဆိုမြို့နယ်ထဲမှာ တိုက်ပွဲပြင်းထန်နေတာမှာ ကရင်ကာကွယ်ရေးတပ်ဘက်က ပြောက်ကျားစစ်ပုံစံနဲ့ ခုခံတိုက်ခိုက်နေရတယ်လို့ ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းကို ကိုဝင်းခန့်မောင်က တင်ပြပေးထားပါတယ်။

ကယားပြည်နယ်၊ အထူးသဖြင့် ဒီးမော့ဆို မြို့နယ်တဝိုက်မှာ မြန်မာစစ်ကောင်စီတပ်နဲ့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF တို့ အခု နှစ်ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေပါတယ်။ ဒီးမော့ဆိုမြို့နယ် စစ်တပ်နယ်မြေခံတပ်ရင်းထဲကနေ မော်တာအမြောက် လက်နက်ကြီးတွေနဲ့ပစ်ခတ်နေပြီး တခါတရံ လွိုင်ကော်ဘက်က တပ်ရင်းဘက်ကလည်း လှမ်းပြီးပစ်ခတ်ကြောင်း KNDF ဘက်ကပြောပါတယ်။ မြေပြင်မှာတော့ မြန်မာစစ်တပ်ရဲ့တပ်မ (၆၆) က အဓိကလှုပ်ရှားနေတယ်လို့ KNDF ရဲ့ ပြန်ကြားရေးဘက်က ဗွီအိုအေကို ပြောပါတယ်။

" ဒီးမော့ဆို အလယ်ဗဟိုလောက်ကျမယ်။ တိုက်ပွဲတော့ ပြင်းထန်နေတယ်လို့ ကျနော်တို့ပြောလို့ရတယ်။ မြေပြင်အခြေအနေမှာက အဲလိုပဲ ရှိနေသေးတယ်။ မနေ့ညကတော့ လက်နက်ကြီး ပိုသုံးတာပေါ့လေ၊ ဒီရက်တော့ သူတို့နည်းနည်း လျှော့သုံးတယ်လို့ ပြောလို့ရတယ်။ ၁၂၀ (မမ) ပါမယ်၊ ၁၈၁(မမ) ပါမယ်။"

ဒီးမော့ဆိုမြို့နယ်ရဲ့ မြောက်ပိုင်း သေးဆူလဲကျေးရွာထဲမှာလည်း မြန်မာစစ်တပ်ဘက်က လအတော်ကြာ တပ်စွဲထားပြီး စစ်ရေးဖော်ဆောင်နေကြောင်း ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဘက်က ပြောပါတယ်။ ဒါကြောင့် ဒီနေ့မနက်ပိုင်းမှာ အဲဒီစစ်တပ်ရှိတဲ့နေရာကို စစ်ကြောင်းသုံးခုခွဲပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒီးမော့ဆို PDF ရဲ့ တာဝန်ခံက ဗွီအိုအေကို ပြောပါတယ်။

"ကျနော်တို့ သူ့ကိုသွားပစ်တာ။ အဲရွာထဲက နေအိမ်တအိမ်မှာ သူတို့အထိုင်ချထားတယ်။ သူတို့ခြေကုပ်ယူထားတာပေါ့နော်။ ရှေ့တန်းမျက်နှာစာလေး တနေရာလောက်မှာ ရွာထဲ နေအိမ်တနေရာမှာ ခြေကုပ်ယူပြီး သူတို့ ၂၀၊ ၃-၄၀ လောက်ယူထားတယ်။ ဒါပေမဲ့ သူတို့က တမိုင်ကိုတနေရာ ထားတာပေါ့နော်။ အဲဒီမှာ ကတုပ် ကျင်းတွေလုပ်ပြီး သူတို့စခန်းရဲ့ ကိုက် ၅၀၀ မှာ မြေမြှုပ်မိုင်းတွေ အများအပြား ထောင်ထားတယ်။ သူတို့နဲ့နီးကပ်တဲ့ ကိုက် ၁၀၀ မှာလည်း မိုင်းအများအပြား ထပ်ထောင်ထားတယ်။ ကျနော်တို့ အဓိက ကြုံတွေ့နေရတာက သူတို့ကို သွားထိတွေ့မယ်ဆို ကျနော်တို့ အရင်ဆုံး ဖြေရှင်းနေရတာက မိုင်းပေါ့နော်။"

ကယားပြည်နယ်အတွင်း အခုလို လက်နက်ကြီးနဲ့ မြေမြှုပ်မိုင်းကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေများလာတာကိုလည်း နိုင်ငံတကာအဖွဲ့အစည်းတွေက သတိပေး ထုတ်ပြန်ထားပါတယ်။ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF နဲ့ PDF တပ်ဖွဲ့တွေကလည်း တိုက်ပွဲကြားမှာ ပြည်သူတွေ မထိခိုက်မနစ်နာအောင် စည်းမျဉ်းစည်ကမ်းတွေ ထုတ်ပြန်နေတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ ကယားပြည်နယ် ဒေသခံအခေါ် ကရင်နီပြည်နယ်တွင်း စစ်အာဏာသိမ်းဆန္ဒပြမှုတွေကို စစ်တပ်ကအကြမ်းဖက်နှိမ်နင်းပြီးနောက်ပိုင်းကတည်းက လက်နက်ကိုင် ခုခံမှုတွေပေါ်လာခဲ့တာပါ။ တနှစ်ကျော် နှစ်နှစ်နီးပါး တိုက်ပွဲတွေအတွင်း ထောင်နဲ့ချီတဲ့ဒေသခံတွေဟာ အိုးအိမ်စွန့်ခွာပြေးနေကြရပါတယ်။

XS
SM
MD
LG