သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့အနီး စစ်ကောင်စီ လေကြောင်းက တိုက်ခိုက်


စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အနောက်ဘက်ခြမ်းက လေကြောင်းကတိုက်ခိုက်ခံရတဲ့ ညောင်ပင်လှကျေးရွာ။ (သြဂုတ် ၂၉ ၊ ၂၀၂၂/MIMU)
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အနောက်ဘက်ခြမ်းက လေကြောင်းကတိုက်ခိုက်ခံရတဲ့ ညောင်ပင်လှကျေးရွာ။ (သြဂုတ် ၂၉ ၊ ၂၀၂၂/MIMU)

[[Zawgyi/Unicode]]

မနေ့ညပိုင်းက ကောလင်းမြို့နယ်အနောက်ဘက်ခြမ်း ညောင်ပင်လှရွာအနီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စခန်းချတဲ့နေရာကို စစ်ကောင်စီတပ်တွေက တိုက်လေယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့ပါတယ်။ မြေပြင်ကလည်း ရွာကို ဝိုင်းဝန်းပိတ်ဆို့ ထိုးစစ်ဆင်နေပြီး ရွာသားတချို့ ကျေးရွာတွင်းမှာ ပိတ်မိနေပါတယ်။ ကောလင်းမြို့နယ်အနီး တိုက်ပွဲအခြေအနေနဲ့ စစ်ဘေးရှောင်တွေရဲ့အခြေအနေ သတင်းပေးပို့ချက်ကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ကောလင်းမြို့နယ်အနောက်ဘက်ခြမ်းက ညောင်ပင်လှရွာအနီး မနေ့ညက စစ်ကောင်စီတပ်တွေ လေကြောင်းက ထိုးစစ်ဆင်တဲ့ အခြေအနေကို ကောလင်းဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဒေါင်းနီက အခုလို ပြောပြပါတယ်။

“ရဟတ်ယာဉ်ရော၊ Jet Fighter က ၂ စီးပါတယ်။ ဗိုက်ဖောင်း ၂ စီးပေါ့၊ သယ်ယူပို့ဆောင်ရေးယာဉ်အကြီးပေါ့။ အဲ့ဒါနဲ့ သူတို့ကလာပြီးတော့ ပတ်ပြီးတော့ ပကဖ ဌာနချုပ်ရှိတဲ့ နေရာတည့်တည့်ကို ပစ်ထည့်ပြီးတော့မှ တခါတည်း လူကို ပိတ်ချတော့တာဗျ။ (စကစ တပ်သားချ)၊ အရှေ့နဲ့ အနောက်နဲ့။ ကျနော်တို့ အဲ့မှာရှိတဲ့ ရဲဘော်တွေကတော့ အကုန်လွတ်သွာားတယ်ဗျ။ အကုန်နီးပါး လွတ်တယ်ဆိုတာက စခန်းမှာက ရဲဘော်များများ မကျန်ဘူး။ ဒီကျွန်းလှဘက်အခြမ်းကနေ စစ်ကြောင်းထိုးလာတဲ့ခါကျတော့ အဲ့ဒီက ရဲဘော်တွေမှန်သမျှ အကုန်ထွက်ပြီးတော့ ကာနေကြတာပေါ့ဗျာ။''

ညောင်ပင်လှ ကျေးရွာအတွင်းမှာ ခုအချိန်ထိ ပိတ်မိနေကြသေးတဲ့ ရွာသား ၁၀၀ လောက်ရှိတယ်လို့လည်း ကိုဒေါင်းနီက ဆက်ပြောပါတယ်။

“ညောင်ပင်လှရွာထဲမှာ ရွာသားတွေက ပိတ်မိနေတယ်ဗျ။ လေယာဉ်နဲ့က ဒုန်းစိုင်းဝင်ပစ်လာတဲ့ခါကျတော့ အဲ့ဒီမှာ စစ်ဘေးရှောင်နေကြတဲ့သူ အနည်းအကျဉ်းလဲ ရှိတယ်ဗျ။ ရှိတဲ့ခါကျတော့ တောက်လျှောက်ကြီး လေယာဉ်နဲ့ ပကဖ ဌာနချုပ်ကို ပစ်လိုက်တဲ့ခါကျတော့ ရွာသာားတွေက မထွက်သာဘဲနဲ့ ကျန်နေခဲ့တာလေ။ ရသလောက်တော့ ထုတ်နေတယ် ကျနော်တို့။”

စစ်ကောင်စီက စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်အတော်များမျျားကို အင်တာနက် ဆက်သွယ်ရေးတွေ ဖြတ်တောက်ထားပါတယ်။

လေကြောင်းပစ်ခတ်မှုတွေကြောင့် စစ်ဘေးရှောင်တွေက နေရာအတည်ကျ မနေရဲဘဲ ဟိုပြောင်း ဒီရွှေ့ ပြေးနေကြရတယ်လို့ ကိုဒေါင်းနီက ပြောပါတယ်။

“ကျွန်းလှဘက်ကဆို ကျနော်တို့ တည်ပင်ဆိပ်ကနေ စပြီးတော့ အဲ့ဘက်ရွာတွေက စစ်ဘေးရှောင်တွေဆိုရင် ကောလင်းနယ်အစပ် အုတ်ကန်ချောင်းနားဘက်ကို ပြေးခဲ့တယ်ဗျ။ မနေ့က အုတ်ကန်ချောင်းနားအစွန် ညောင်ပင်လှကို စကစတွေက လေယာဉ်နဲ့ ချတော့ အဲ့ဘက်ရောက်နေတဲ့ သူတွေက သီးကုန်း၊ တောင်ကြား ကျွန်းလှ အစပ်ဘက်ကို ပြန်ရွှေ့ရပြန်တာ။ ကျားရွှေ့သလို ရွှေ့နေကြရတာပါဗျာ။”

၂၃ ရက်နေ့ တိုက်ပွဲကြောင့် ကန့်ဘလူမြို့နယ်ထဲက ကျေးရွာတချို့လည်း စစ်ဘေးရှောင်ကြရပါတယ်။ စစ်ကောင်စီစစ်ကြောင်းနဲ့ ဝေးသွားပြီဖြစ်တဲ့ တချို့ ကျေး ရွာတွေကတော့ ရွာကို ပြန်ဝင်နေကြပြီဆိုပေမယ့် ၄ ရွာလောက်ကတော့ ပြန်မဝင်နိုင်သေးဘူးလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“တချို့ နည်းနည်းပါးပါးလည်း ပြန်ဝင်ကြတယ်ပေါ့နော။ စစ်ကြောင်းအနေအထားကြည့်ပြီးတော့ စစ်ကြောင်းနီးတဲ့ ရွာတွေကတော့ မဝင်ရဲသေးဘူး။ စစ်ကြောင်းဝေးတဲ့ ရွာတွေကတော့ စဝင်ကြပြီပေါ့။ ပြန်ဝင်တယ်ဆိုလည်း သတိအနေအထားနဲ့ နေကြရတာပါပဲ။ အခန့်မသင့်လို့ သူတို့ဝင်လာရင် အကုန်ပြန်ထွက်ပြေးကြရတာပဲကို။”

တနေ့တခြား ပိုတိုးလာနေတဲ့ စစ်ဘေးရှောင်တွေအတွက် ဆေးဝါး စာနပ်ရိက္ခာအပြင် အဝတ်အထည်တွေပါ လိုအပ်နေတဲ့အကြောင်း စစ်ရှောင်တွေကို ကူညီနေသူက ခုလိုပြောပါတယ်။

“ဆေးဝါးတွေလည်း လိုအပ်တယ်ဗျ၊ ဆေးဝါးလိုအပ်တယ်ဆိုတာက လေယာဉ်နဲ့ ကျဲတဲ့ခါ မထင်မှတ်တဲ့ နေရာတွေကို ကျဲတဲ့ခါကျတော့ ပြည်သူတွေ ထိခိုက်တော့ ဆေးဝါးတွေ လိုအပ်တယ်ဗျ။ အချို့က အသက်လွတ်အောင်ဆိုပြီးတော့မှ ပြေးခဲ့ရတဲ့ အဝတ်တထည်ကိုယ်တခုနဲ့ ပြေးခဲ့ရတဲ့ သူတွေအတွက်ကျတော့လည်း အဝတ်အစား လိုပြန်တယ်ဗျ။”

ပြည်သူ့ကာကွယ်ရေးတပ် PDF တွေဟာ ကျေးရွာတွေကို အခြေစိုက်ပြီး အကြမ်းဖက် လုပ်ငန်းတွေ လုပ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက စစ်ကိုင်းတိုင်းအတွင်း နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးတွေ လုပ်နေတာပါ။

ကောလင်း၊ ကျွန်းလှ၊ ကန့်ဘလူမြို့နယ်အစပ်မှာ ပြီးခဲ့တဲ့ သီတင်းတပတ်လောက် ကတည်းက တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး အဲ့ဒီမြို့နယ်တွေက ကျေးရွာ အတော်များများ စစ်ဘေးရှောင်နေကြရပါတယ်။ ကျေးရွာပေါင်း ၃၀ နီးပါး စစ်ရှောင်နေကြရပြီး စစ်ဘေးရှောင်အရေ အတွက်ကလည်း ၃ သောင်းနီးပါးလောက် ရှိနေသလို ဆေးဝါးနဲ့ အစားအသောက်တွေ အရေးပေါ်လိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်တွေနဲ့ စစ်ဘေးရှောင်တွေကို ကူညီနေကြသူတွေက VOA ကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

====================

[[Unicode]]
















XS
SM
MD
LG