သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေကာ့ကရိတ္တိုက္ပြဲ ျပင္းထန္ 


ကရင္ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႕နယ္၊ အာရွလမ္းမႀကီးေပၚ မွာရွိတဲ့ ေကာ့ႏြဲ႔ေက်း႐ြာအနီး ေတာ္ေနာ္ေရတံခြန္နားက တံတားကေတာ့ ေအာက္ေျခတို္င္ တခုမိုင္းထိျပီး ပ်က္စီးသြားတဲ့ျမင္ကြင္း။ (ဒီဇင္ဘာ ၁၆၊ ၂၀၂၂/ Crd: CJ)

[[Zawgyi/Unicode]]

ကရင္ျပည္နယ္ ေကာ့ကရိတ္အေျခစိုက္ စစ္ေကာင္စီတပ္ရင္းေတြကို ဒီဇင္ဘာလ ၁၆ ရက္က KNLA နဲ ့PDF ပူးေပါင္းစစ္ေၾကာင္းေတြကဝင္ေရာက္တိုက္ခိုက္ျပီး တုိက္ပဲြေတြျပင္းထန္ေနသလို စစ္ေကာင္စီဘက္ကလည္း ေလေၾကာင္းပစ္ကူေတြနဲ႔ ျပန္လည္တိုက္ခိုက္ခဲ့ပါတယ္။ တိုက္ပဲြေတြျဖစ္ျပီးေနာက္ ေကာကရိတ္ၿမိဳ႕နယ္ထဲက တံတားတခုေအာက္ေျခတိုင္ မုိင္းထိျပီးက်ိဳးသြားတဲ့အတြက္ ျမဝတီေကာ့ကရိတ္ ကားအသြားအလာေတြလည္း ပိတ္လိုက္ရပါတယ္။ ဒီသတင္းကို ဗီြအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပုိ႔ထားပါတယ္။

ကရင္ျပည္နယ္ ေကာ့ကရိတ္ျမိဳ ့နယ္ထဲမွာ ဒီဇင္ဘာလ (၁၆) ရက္ေန႔မနက္မွာေတာ့ တုိက္ပဲြေတြျပင္းထန္ခဲ့ပါတယ္။ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္နဲ႔အတူ ပူးေပါင္းတပ္ဖဲြ႔ေတြက ေကာ့ကရိတ္ျမိဳ႕နယ္ထဲက စစ္ေကာင္စီရဲ႕အေျခစိုက္စခန္းေတြကို ဝင္ေရာက္ပစ္ခတ္ခဲ့တာပါ။ ဒီေနာက္မွာေတာ့ တုိက္ပဲြေတြျပင္းထန္ျပီး စစ္ေကာင္စီဘက္ကလည္း ေလေၾကာင္းပစ္ကူေတြသံုး တိုက္ခိုက္ခဲ့တယ္လို႔ ျပည္သူ႔ကာကြယ္ေရးတပ္ဖဲြ႔က ကိုေစာမြန္ကေျပာပါတယ္။

“ခလရ ၂၃၁ ကုိ KNLA နဲ႔ PDF ပူးေပါင္းတပ္ေတြ ဝင္တိုက္တာပါ။ သူတို႔က တံတားက်ိဳးနားမွာ အေျခစိုက္တာ။ အဲဒီလို ဝင္တိုက္ေတာ့ သူတို႔ဘက္က MI 35 ေတြနဲ႔ေလေၾကာင္းကေန စစ္ကူေပးျပီးဝင္တုိက္ပါတယ္။ ေလေၾကာင္းကေန စစ္ကူေပးတာေပါ့။ တုိက္တာေတာ့ ေလယာဥ္ေတြလာသြားတာ ေသခ်ာပါတယ္။ ရြာေတြ အိမ္ေျခေတြလည္း ထိသြားတယ္။ က်ေနာ္တို႔ဘက္က ျပန္ဆုတ္ခြါခဲ့တယ္။ တိုက္ပဲြေတြျပင္းထန္တယ္။ ကားလမ္းေတြပိတ္သြားတယ္။ တုိက္ပဲြေတြျဖစ္ျပီးတဲ့ေနာက္ အေသအေပ်ာက္စာရင္းကေတာ့ ကြန္ဖန္းမျဖစ္ေသးဘူး။ သူတို႔ဘက္ကေကာ က်ေနာ္တို႔ဘက္ကေကာေပါ့။ ျမဝတီကားလမ္းႀကီး ပိတ္သြားတယ္။ တံတားက်ိဳးဆိုတာ စစ္တပ္ဂိတ္လည္းရွိတယ္၊ ရြာလည္းရွိတယ္။”

တိုက္ပဲြေတြကေတာ့ ဒီရက္ပိုင္းျငိမ္သက္ေနျပီးမွ အခုတဖန္တိုက္ပဲြေတြ ျပန္ျပီး ျပင္းထန္လာတာျဖစ္တယ္လို႔လည္း ေျပာပါတယ္။

“ဒီၾကားထဲ ၿငိမ္ေနတာေတာ့ အေတာ္ၾကာျပီး ခလရ ၂၃၁ ကို အခုဝင္တုိက္တာပဲရွိတယ္။ ပူးေပါင္းတပ္ေတြပါ KNLA နဲ႔ PDF ပူးေပါင္းတပ္ေတြပါ စစ္ေၾကာင္းေတြေပါင္းထားျပီး၊ လူေရြးထုတ္ျပီး သြားတိုက္ၾကတာပါ။ ေလေၾကာင္းကေတာ့ လင္းအားႀကီးတဲ့အခ်ိန္မွာ စပစ္ပါတယ္။ မနက္ ၇ နာရီ ၈ နာရီေလာက္ထိ ေခါက္တံု႔ေခါက္ျပန္နဲ႔ သူတို႔လာပစ္ပါတယ္။

တိုက္ပဲြေတြျဖစ္ျပီးတဲ့ေနာက္ ကရင္ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႕နယ္၊ အာရွလမ္းမႀကီးေပၚ မွာရွိတဲ့ ေကာ့ႏြဲ႔ေက်း႐ြာအနီး ေတာ္ေနာ္ေရတံခြန္နားက တံတားကေတာ့ ေအာက္ေျခတို္င္ တခုမိုင္းထိျပီး ပ်က္စီးသြားတာေၾကာင့္ ကားေတြသြားလာလို႔မရေၾကာင္း ေဒသခံေတြကလည္းေျပာပါတယ္။ ျပည္သူ႔ကာကြယ္ေရးတပ္ဖဲြ႔ေတြဘက္ကေတာ့ ဒီဇင္ဘာလ (၁၆) ရက္ေန႔တေန႔တည္းမွာပဲ ေကာ့ကရိတ္၊ လႈိင္းဝ၊ ငါးတိုင္၊ က်ဳံဒိုးနယ္ေျမေတြက စစ္ေကာင္စီရဲ ့တပ္စခန္းေတြကို Lion Battalion Commando Special Force စစ္ေၾကာင္းအပါအဝင္ ပူးေပါင္းတပ္ဖဲြ႔ေတြက တျပိဳင္တည္းဝင္ေရာက္တုိက္ခိုက္ခဲ့တယ္လို႔လည္း သတင္းထုတ္ျပန္တာေတြရွိပါတယ္။

ပူးေပါင္းတပ္ဖဲြ႔ေတြဘက္က ငါးတိုင္လွ်ပ္စစ္ဓာတ္အားခြဲစက္႐ုံမွာ တပ္စဲြထားတဲ့စစ္တပ္နဲ႔ရဲေတြကို ဝင္ေရာက္တုိက္ခိုက္မႈအျပီး လ်ွပ္စစ္မိီးေတြလည္း ျပတ္ေတာက္သြားတယ္လို႔ ေဒသခံေတြကဆုိပါတယ္။

ေကာ့ကရိတ္ျမိဳ ့နယ္ထဲမွာတိုက္ပဲြေတြျပင္းထန္ျပီး အက်အဆံုးေတြရွိတယ္လို႔ သတင္းႀကားရေပမယ့္ အေရအတြက္ အတိအက်မသိရေသးပါဘူး။ စစ္ေကာင္စီဘက္ကလည္း ေကာ့ကရိတ္တိုက္ပဲြအေျခအေနကို သတင္းမထုတ္ျပန္ေသးသလို စစ္ေကာင္စီဘက္ က ေျပာေရးဆိုခြင့္ရွိသူကို ဆက္သြယ္ေမးျမန္းဖို ့ႀကိဳးစားခဲ့ေပမဲ့ ဆက္သြယ္လို႔မရေသးပါဘူးရွင္။

#ေကာ့ကရိတ္ #စစ္ေကာင္စီတပ္ရင္း #ေတာ္ေနာ္ေရတံခြန္ #ေလေၾကာင္းပစ္ကူ #ျမဝတီ #တံတားမုိင္းထိ
=================

[[Unicode]]

ကော့ကရိတ်တိုက်ပွဲ ပြင်းထန်

ကရင်ပြည်နယ် ကော့ကရိတ်အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေကို ဒီဇင်ဘာလ ၁၆ ရက်က KNLA နဲ့PDF ပူးပေါင်းစစ်ကြောင်းတွေကဝင်ရောက်တိုက်ခိုက်ပြီး တိုက်ပွဲတွေပြင်းထန်နေသလို စစ်ကောင်စီဘက်ကလည်း လေကြောင်းပစ်ကူတွေနဲ့ ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲတွေဖြစ်ပြီးနောက် ကောကရိတ်မြို့နယ်ထဲက တံတားတခုအောက်ခြေတိုင် မိုင်းထိပြီးကျိုးသွားတဲ့အတွက် မြဝတီကော့ကရိတ် ကားအသွားအလာတွေလည်း ပိတ်လိုက်ရပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထဲမှာ ဒီဇင်ဘာလ (၁၆) ရက်နေ့မနက်မှာတော့ တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်နဲ့အတူ ပူးပေါင်းတပ်ဖွဲ့တွေက ကော့ကရိတ်မြို့နယ်ထဲက စစ်ကောင်စီရဲ့အခြေစိုက်စခန်းတွေကို ဝင်ရောက်ပစ်ခတ်ခဲ့တာပါ။ ဒီနောက်မှာတော့ တိုက်ပွဲတွေပြင်းထန်ပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းပစ်ကူတွေသုံး တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကိုစောမွန်ကပြောပါတယ်။

“ခလရ ၂၃၁ ကို KNLA နဲ့ PDF ပူးပေါင်းတပ်တွေ ဝင်တိုက်တာပါ။ သူတို့က တံတားကျိုးနားမှာ အခြေစိုက်တာ။ အဲဒီလို ဝင်တိုက်တော့ သူတို့ဘက်က MI 35 တွေနဲ့လေကြောင်းကနေ စစ်ကူပေးပြီးဝင်တိုက်ပါတယ်။ လေကြောင်းကနေ စစ်ကူပေးတာပေါ့။ တိုက်တာတော့ လေယာဉ်တွေလာသွားတာ သေချာပါတယ်။ ရွာတွေ အိမ်ခြေတွေလည်း ထိသွားတယ်။ ကျနော်တို့ဘက်က ပြန်ဆုတ်ခွါခဲ့တယ်။ တိုက်ပွဲတွေပြင်းထန်တယ်။ ကားလမ်းတွေပိတ်သွားတယ်။ တိုက်ပွဲတွေဖြစ်ပြီးတဲ့နောက် အသေအပျောက်စာရင်းကတော့ ကွန်ဖန်းမဖြစ်သေးဘူး။ သူတို့ဘက်ကကော ကျနော်တို့ဘက်ကကောပေါ့။ မြဝတီကားလမ်းကြီး ပိတ်သွားတယ်။ တံတားကျိုးဆိုတာ စစ်တပ်ဂိတ်လည်းရှိတယ်၊ ရွာလည်းရှိတယ်။”

တိုက်ပွဲတွေကတော့ ဒီရက်ပိုင်းငြိမ်သက်နေပြီးမှ အခုတဖန်တိုက်ပွဲတွေ ပြန်ပြီး ပြင်းထန်လာတာဖြစ်တယ်လို့လည်း ပြောပါတယ်။

“ဒီကြားထဲ ငြိမ်နေတာတော့ အတော်ကြာပြီး ခလရ ၂၃၁ ကို အခုဝင်တိုက်တာပဲရှိတယ်။ ပူးပေါင်းတပ်တွေပါ KNLA နဲ့ PDF ပူးပေါင်းတပ်တွေပါ စစ်ကြောင်းတွေပေါင်းထားပြီး၊ လူရွေးထုတ်ပြီး သွားတိုက်ကြတာပါ။ လေကြောင်းကတော့ လင်းအားကြီးတဲ့အချိန်မှာ စပစ်ပါတယ်။ မနက် ၇ နာရီ ၈ နာရီလောက်ထိ ခေါက်တုံ့ခေါက်ပြန်နဲ့ သူတို့လာပစ်ပါတယ်။

တိုက်ပွဲတွေဖြစ်ပြီးတဲ့နောက် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အာရှလမ်းမကြီးပေါ် မှာရှိတဲ့ ကော့နွဲ့ကျေးရွာအနီး တော်နော်ရေတံခွန်နားက တံတားကတော့ အောက်ခြေတိုင် တခုမိုင်းထိပြီး ပျက်စီးသွားတာကြောင့် ကားတွေသွားလာလို့မရကြောင်း ဒေသခံတွေကလည်းပြောပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကတော့ ဒီဇင်ဘာလ (၁၆) ရက်နေ့တနေ့တည်းမှာပဲ ကော့ကရိတ်၊ လှိုင်းဝ၊ ငါးတိုင်၊ ကျုံဒိုးနယ်မြေတွေက စစ်ကောင်စီရဲ့တပ်စခန်းတွေကို Lion Battalion Commando Special Force စစ်ကြောင်းအပါအဝင် ပူးပေါင်းတပ်ဖွဲ့တွေက တပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့လည်း သတင်းထုတ်ပြန်တာတွေရှိပါတယ်။

ပူးပေါင်းတပ်ဖွဲ့တွေဘက်က ငါးတိုင်လျှပ်စစ်ဓာတ်အားခွဲစက်ရုံမှာ တပ်စွဲထားတဲ့စစ်တပ်နဲ့ရဲတွေကို ဝင်ရောက်တိုက်ခိုက်မှုအပြီး လျှပ်စစ်မီးတွေလည်း ပြတ်တောက်သွားတယ်လို့ ဒေသခံတွေကဆိုပါတယ်။

ကော့ကရိတ်မြို့နယ်ထဲမှာတိုက်ပွဲတွေပြင်းထန်ပြီး အကျအဆုံးတွေရှိတယ်လို့ သတင်းကြားရပေမယ့် အရေအတွက် အတိအကျမသိရသေးပါဘူး။ စစ်ကောင်စီဘက်ကလည်း ကော့ကရိတ်တိုက်ပွဲအခြေအနေကို သတင်းမထုတ်ပြန်သေးသလို စစ်ကောင်စီဘက် က ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့မရသေးပါဘူးရှင်။

XS
SM
MD
LG