သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေကာ့ကရိတ္မွာ တိုက္ပြဲျဖစ္၊ ေကာ့ကရိတ္-ျမဝတီ အာရွလမ္းမႀကီး ျပန္ပိတ္


ျမ၀တီ-ေကာ့ကရိတ္အာရွလမ္းမွာတဲြကားတစီး မီးေလာင္ေနပံု။ (Photo-CJ ၂၅-၁၀-၂၂)

[[Zawgyi/Unicode]]

ၿပီးခဲ့တဲ့ရက္ပိုင္းက တိုက္ပြဲေတြအျပင္းအထန္ျဖစ္ၿပီး စစ္ေကာင္စီက ၃ ရက္ ဆက္တိုက္ ေလေၾကာင္းကေနဗံုးႀကဲတိုက္ခိုက္ခဲ့တဲ့ ကရင္ျပည္နယ္ ေကာ့ကရိတ္ၿမိဳ႕မွာ ဒီကေန႔လည္း တိုက္ပြဲေတြ ဆက္ျဖစ္ခဲ့ပါတယ္။ ဒီကေန႔တိုက္ပြဲေၾကာင့္ ၿပီးခဲ့တဲ့ရက္ပိုင္းကပဲ ျပန္ဖြင့္ေပးခဲ့တဲ့ ေကာ့ကရိတ္-ျမဝတီ အာရွလမ္းမႀကီးကိုလည္း ဒီကေန႔ ေန႔လယ္ကစၿပီး ျပန္ပိတ္လိုက္တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

KNU တပ္မဟာ ၆ ထိ္န္းခ်ဳပ္ရာ ေကာ့ကရိတ္ေတာင္ပိုင္း၊ ေကာ့ႏြဲ႔ေက်း႐ြာအနီးမွာ စစ္ေကာင္စီတပ္ေတြနဲ့ KNU ပူးေပါင္းတပ္ဖဲြ႔ေတြၾကား ေအာက္တိုဘာလ၂၅ ရက္ေန႔က တုိက္ပဲြေတြဆက္ျဖစ္ခဲ့ျပီး စေနေန႔ကျပန္ဖြင့္ခဲ့တဲ့ ေကာ့ကရိတ္ ျမဝတီအာရွလမ္းလည္း ျပန္ပိတ္ထားတယ္လို႔ ျပည္သူ႔ကာကြယ္ေရးတပ္ဖဲြ႔ကေခါင္းေဆာင္တဦးျဖစ္တဲ့ကိုေစာမြန္ကေျပာပါတယ္။

“ေကာ့ႏြဲ႔မွာစစ္ေကာင္စီက စစ္ေၾကာင္းထုိးလာတယ္ေလ။ အဲဒီမွာတိုက္ပဲြျဖစ္တယ္။ အာရွလမ္းသစ္မွာ ေကာ့ကရိတ္-ျမဝတီလမ္းသစ္မွာေပါ့ လမ္းသစ္လို့ေခၚတယ္။ ေကာ့ႏဲြ႔ရြာသစ္ဘက္မွာ တုိက္ပဲြျဖစ္တယ္။ တပ္ရင္း (၁၇)၊ တပ္ရင္း(၂၇)၊ PDF ပူးေပါင္းတပ္ေတြနဲ႔ စကစတို႔တုိက္ပဲြျဖစ္တယ္။ တုိ္က္ပဲြျဖစ္ေတာ့ ကားလမ္းေတြ အကုန္ပိတ္ကုန္တယ္။ ျမဝတီအတက္ကားလမ္းေတြ အကုန္ပိတ္ကုန္တယ္။ တိုက္ပဲြေတြျဖစ္ေတာ့ ကားေတြသြားလို႔မရဘူး။ BGF ေတြကလည္း လမ္းလံုၿခံုေရးယူထားေတာ့ သူတို႔လမ္းေတြ အကုန္ပိတ္ထားတယ္။”

တိုက္ပဲြေတြျဖစ္ျပီး ျမဝတီ-ေကာ့ကရိတ္ အာရွလမ္းေပၚမွာသြားလာေနတဲ့ ကုန္ကားတစီး မီးေလာင္သြားတယ္လုိ႔လည္း ဆုိပါတယ္။

“အဲဒီမွာတုိက္ပဲြျဖစ္ရင္းနဲ႔ ဘယ္သူပစ္လို့ပစ္မွန္းေတာ့မသိဘူး။ တဲြကားတစီးမီးေလာင္သြားတယ္။ ျမဝတီကေန ေကာ့ကရိတ္အဆင္း ေကာ့ကရိတ္ကားေရေဆးတဲ့ေနရာ၊ အဲဒီေနရာေလးမေရာက္ခင္ေကြ႔ေလးမွာကားတစီးမီးေလာင္သြားတာပါ။”

ေနလယ္ပုိင္းကစျပီး ကုန္ကားေတြေရာ ခရီးသြားကားေတြပါ သြားလာလို႔မရေတာ့ဘဲ ကားလမ္းပိတ္လိုက္တယ္လုိ႔လည္း ေဒသခံတဦးကေျပာပါတယ္။

“ဒီေန႔ ၂ ခ်က္ထိုးက ပိတ္လုိက္တယ္။ ကားတစီးမီးရွိဳ ့ခံထိလို႔တဲ့။”

အခုလိုတုိက္ပဲြေတြျဖစ္တုိင္း ျမဝတီ-ေကာ့ကရိတ္ အာရွလမ္းမွာသြားလာေနတဲ့ကုန္ကားေတြ၊ လူစီးကားေတြပစ္ခတ္မီးရွိဳ ႔ခံရတာမ်ဳိး မၾကာခဏျဖစ္ခဲ့ျပီးလူေသဆံုးမႈေတြလည္းရွိခဲ့ပါတယ္။ ဒီအာရွလမ္းဟာ ထိုင္း-ျမန္မာ ႏွစ္ႏုိင္ငံကုန္စည္စီးဆင္းရာမွာ အဓိကက်တဲ့လမ္းျဖစ္ျပီး စစ္ေကာင္စီအာဏာသိမ္းျပိီးခ်ိန္ကစလို႔ ကရင္တုိင္းရင္းသားလက္နက္ကိုင္ေတြနဲ့ စစ္ေကာင္စီတပ္ေတြ နယ္ျခားေစာင့္တပ္ေတြ မၾကာခဏ တိုက္ပဲြျဖစ္ပြားေနတဲ့လမ္းလည္းျဖစ္ပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

==========

[[Unicode]]

ကော့ကရိတ်မှာ တိုက်ပွဲဖြစ်၊ ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီး ပြန်ပိတ်

ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပြီး စစ်ကောင်စီက ၃ ရက် ဆက်တိုက် လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့မှာ ဒီကနေ့လည်း တိုက်ပွဲတွေ ဆက်ဖြစ်ခဲ့ပါတယ်။ ဒီကနေ့တိုက်ပွဲကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ပြန်ဖွင့်ပေးခဲ့တဲ့ ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးကိုလည်း ဒီကနေ့ နေ့လယ်ကစပြီး ပြန်ပိတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

KNU တပ်မဟာ ၆ ထိန်းချုပ်ရာ ကော့ကရိတ်တောင်ပိုင်း၊ ကော့နွဲ့ကျေးရွာအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ KNU ပူးပေါင်းတပ်ဖွဲ့တွေကြား အောက်တိုဘာလ၂၅ ရက်နေ့က တိုက်ပွဲတွေဆက်ဖြစ်ခဲ့ပြီး စနေနေ့ကပြန်ဖွင့်ခဲ့တဲ့ ကော့ကရိတ် မြဝတီအာရှလမ်းလည်း ပြန်ပိတ်ထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကခေါင်းဆောင်တဦးဖြစ်တဲ့ကိုစောမွန်ကပြောပါတယ်။

“ကော့နွဲ့မှာစစ်ကောင်စီက စစ်ကြောင်းထိုးလာတယ်လေ။ အဲဒီမှာတိုက်ပွဲဖြစ်တယ်။ အာရှလမ်းသစ်မှာ ကော့ကရိတ်-မြဝတီလမ်းသစ်မှာပေါ့ လမ်းသစ်လို့ခေါ်တယ်။ ကော့နွဲ့ရွာသစ်ဘက်မှာ တိုက်ပွဲဖြစ်တယ်။ တပ်ရင်း (၁၇)၊ တပ်ရင်း(၂၇)၊ PDF ပူးပေါင်းတပ်တွေနဲ့ စကစတို့တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲဖြစ်တော့ ကားလမ်းတွေ အကုန်ပိတ်ကုန်တယ်။ မြဝတီအတက်ကားလမ်းတွေ အကုန်ပိတ်ကုန်တယ်။ တိုက်ပွဲတွေဖြစ်တော့ ကားတွေသွားလို့မရဘူး။ BGF တွေကလည်း လမ်းလုံခြုံရေးယူထားတော့ သူတို့လမ်းတွေ အကုန်ပိတ်ထားတယ်။”

တိုက်ပွဲတွေဖြစ်ပြီး မြဝတီ-ကော့ကရိတ် အာရှလမ်းပေါ်မှာသွားလာနေတဲ့ ကုန်ကားတစီး မီးလောင်သွားတယ်လို့လည်း ဆိုပါတယ်။

“အဲဒီမှာတိုက်ပွဲဖြစ်ရင်းနဲ့ ဘယ်သူပစ်လို့ပစ်မှန်းတော့မသိဘူး။ တွဲကားတစီးမီးလောင်သွားတယ်။ မြဝတီကနေ ကော့ကရိတ်အဆင်း ကော့ကရိတ်ကားရေဆေးတဲ့နေရာ၊ အဲဒီနေရာလေးမရောက်ခင်ကွေ့လေးမှာကားတစီးမီးလောင်သွားတာပါ။”

နေလယ်ပိုင်းကစပြီး ကုန်ကားတွေရော ခရီးသွားကားတွေပါ သွားလာလို့မရတော့ဘဲ ကားလမ်းပိတ်လိုက်တယ်လို့လည်း ဒေသခံတဦးကပြောပါတယ်။

“ဒီနေ့ ၂ ချက်ထိုးက ပိတ်လိုက်တယ်။ ကားတစီးမီးရှို့ခံထိလို့တဲ့။”

အခုလိုတိုက်ပွဲတွေဖြစ်တိုင်း မြဝတီ-ကော့ကရိတ် အာရှလမ်းမှာသွားလာနေတဲ့ကုန်ကားတွေ၊ လူစီးကားတွေပစ်ခတ်မီးရှို့ခံရတာမျိုး မကြာခဏဖြစ်ခဲ့ပြီးလူသေဆုံးမှုတွေလည်းရှိခဲ့ပါတယ်။ ဒီအာရှလမ်းဟာ ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်စည်စီးဆင်းရာမှာ အဓိကကျတဲ့လမ်းဖြစ်ပြီး စစ်ကောင်စီအာဏာသိမ်းပြီးချိန်ကစလို့ ကရင်တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ စစ်ကောင်စီတပ်တွေ နယ်ခြားစောင့်တပ်တွေ မကြာခဏ တိုက်ပွဲဖြစ်ပွားနေတဲ့လမ်းလည်းဖြစ်ပါတယ်ရှင်။

XS
SM
MD
LG