သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရန္ကုန္ၿမိဳ႕လယ္မွာ လူအုပ္စုဖြဲ႕ အၾကမ္းဖက္လႈံ႕ေဆာ္


ကိုဂ်င္မီ နဲ႔ ကိုၿဖဳိးေဇယ်ာေသာ္

[[Zawgyi/Unicode]]

ရန္ကုန္ၿမိဳ႕လယ္မွာ လူအုပ္စုတစုဟာ ေသဒဏ္စီရင္ခံခဲ့ရတဲ့ ဦးဂ်င္မီနဲ႔ ဦးၿဖိဳးေဇယ်ာေသာ္တို႔ေနအိမ္ေတြေရွ႕ကို ဒီကေန႔ေန႔လည္ပိုင္း ကားေတြနဲ႔ေရာက္လာၿပီး ေနအိမ္ကို ခဲေတြနဲ႔ပစ္ေပါက္ ေအာ္ဟစ္ဆဲဆိုတာေတြနဲ႔ အၾကမ္းဖက္မႈလုပ္ခဲ့ၾကပါတယ္။ လူ ၅ ေယာက္အထက္ မစုေဝးရဆိုၿပီး အမိန႔္ထုတ္ျပန္ထားတဲ့ေနရာမွာ၊ အခုလို လူအုပ္စုလိုက္ အၾကမ္းဖက္လုပ္ေဆာင္မႈကို လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြ ေရာက္မလာတဲ့အေပၚ ေဝဖန္ျပစ္တင္မႈေတြရွိေနပါတယ္။ ရန္ကုန္က ေပးပို႔တဲ့သတင္း မအိသန႔္စင္က တင္ျပေပးထားပါတယ္။

ထင္ရွားတဲ့ ႏိုင္ငံေရးေခါင္းေဆာင္ ၂ ဦး ျဖစ္တဲ့ ဦးဂ်င္မီနဲ႔ ဦးၿဖိဳးေဇယ်ာေသာ္အပါအဝင္ ၄ ဦးကို စစ္ေကာင္စီက ေသဒဏ္စီရင္ခဲ့တဲ့အေပၚ ျပည္တြင္းေရာ ျပည္ပမွာပါ ေဝဖန္မႈေတြရွိေနခ်ိန္မွာပဲ အခုလို ေသဒဏ္ေပးခံရသူေတြရဲ႕ေနအိမ္ေတြေရွ႕ အမည္မသိလူအုပ္စုလိုက္ေရာက္လာၿပီး အၾကမ္းဖက္မႈေတြလုပ္ခဲ့ၾကပါတယ္။

ဒီကေန႔ မြန္းလြဲ ၁ နာရီခန႔္က ေက်ာက္တံတားၿမိဳ႕နယ္၊ အေနာ္ရထာလမ္းနဲ႔ မဟာဗႏၶဳလလမ္းၾကားက ဗိုလ္ေအာင္ေက်ာ္လမ္း အတြင္းပိုင္းမွာတည္ရွိတဲ့ ကိုေဇ‌ယ်ာေသာ္ အိမ္ေရွ႕ကို Light Truck ကား ၅ စီးနဲ႔ ခန႔္မွန္းအမ်ိဳးသား၊ အမ်ိဳးသမီးစုစုေပါင္း လူအေယာက္ ၅၀ ေလာက္ ေရာက္ရွိလာၿပီး ေအာ္ဟစ္ဆဲဆိုတာေတြ တိုက္ခန္းကို ခဲနဲ႔ပစ္ေပါက္တာေတြလုပ္ခဲ့ၾကပါတယ္။

တခ်ိန္တည္းမွာပဲ ဦးဂ်င္မီရဲ႕ေနအိမ္လို႔ယူဆရတဲ့ အင္းစိန္ၿမိဳ႕နယ္၊ အင္းစိန္ေဈးေရွ႕ရပ္ကြက္၊ သရက္ၿခံ ၁ လမ္းမွာရွိတဲ့ ေနအိမ္တလုံးကိုလည္း လူအုပ္စုတစုက ၾကက္ဥေတြနဲ႔ လာေရာက္ပစ္ေပါက္ခဲ့ၾကပါတယ္။

ဒီလိုလုပ္ခဲ့ၾကတဲ့ ဗြီဒီယိုဖိုင္ေတြလည္း လူမႈကြန္ယက္မွာထြက္ေပၚလာသလို ဗြီအိုေအ ကလည္း မ်က္ျမင္ေတြနဲ႔ အတည္ျပဳႏိုင္ခဲ့ပါတယ္။

ရန္ကုန္ၿမိဳ႕လယ္ေခါင္မွာ အခုလိုလူအုပ္စုလိုက္ ေအာ္ဟစ္ဆဲဆို အၾကမ္းဖက္ေနတာကို လုံၿခဳံေရးတပ္ဖြဲ႕ဝင္တဦးတေယာက္မွာ လာေရာက္တားျမစ္ဟန႔္တားတာမ်ိဳးမရွိခဲ့ဘူးလို႔ မ်က္ျမင္ေတြက ေျပာပါတယ္။

တရားလႊတ္ေတာ္ေရွ႕ေနတဦးကေတာ့ ရန္ကုန္တိုင္းအတြင္း လူ ၅ ဦးထက္မစုရဆိုတဲ့ ပုဒ္မ ၁၄၄ ထုတ္ထားတဲ့ၾကားထဲကက အခုလို ျဖစ္ပြားတာဟာ တရားဥပေဒစိုးမိုးမႈမရွိဘူးဆိုတဲ့ အေျခအေနျဖစ္တယ္လို႔ ေဝဖန္ေျပာဆိုပါတယ္။

“ဒီလိုမ်ိဳး ၅ ေထာင္ တေသာင္းေပးၿပီးေတာ့ ခိုင္းလို႔ရတဲ့ လူ႔တိရိစၦန္ေတြက ဒီျဖစ္ရပ္ မ်ိဳးက်ဴးလြန္တာကို တရားဥပေဒစိုးမိုးေရးနဲ႔ႏိုင္ငံေတာ္ လုံၿခဳံေရး ေဆာင္႐ြက္ရတဲ့ ရဲတပ္ဖြဲ႕အေနနဲ႔ တစုံတေယာက္ကမွေရာက္မလာဘူး။ အေရးမယူဘူး။ ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၁၄၄ အရ ၅ ေယာက္ထက္ေက်ာ္ရင္ ဥပေဒနဲ႔ဆန႔္က်င္တဲ့ အစုအေဝးပဲ။ တရားဥပေဒစိုးမိုးေရးအတြက္ အင္မတန္ရွက္ဖြယ္ျဖစ္တဲ့လုပ္ရပ္ပဲ။ တရားဥပေဒစိုးမိုးေရးကို ကိုင္တြယ္ထိန္းသိမ္းေနတဲ့ အဖြဲ႕အစည္းေတြရဲ႕ တာဝန္ ပ်က္ကြက္မႈ၊ ညံ့ဖ်င္းမႈအေပၚကိုလည္း အင္မတန္ကို စက္ဆုပ္႐ြံရွာဖြယ္ေကာင္းတယ္လို႔ ဒီတိုင္းမွတ္ခ်က္ခ်ခ်င္တယ္။”

ရန္ကုန္ၿမိဳ႕ခံတဦးကလည္း ၿမိဳ႕လယ္ေခါင္မွာ ျဖစ္တဲ့ဒီလုပ္ရပ္ဟာ ႏိုင္ငံေရးအရ တစုအဖြဲ႕က လုပ္တယ္လို႔ ယူဆပါတယ္။

“တခါတရံမွာ ႏိုင္ငံေရးကို ဥပေဒနဲ႔ၾကည့္မရဘူး။ တခါတရံမွာ ဥပေဒကိုႏိုင္ငံေရးနဲ႔ၾကည့္မရဘူး။ ဒီေန႔ျပဳမူတာသည္ ေအာက္တန္းက်တဲ့ ႏိုင္ငံေရးျပဳမူခ်က္ျဖစ္တယ္။ ျပည္သူေတြကလက္ရွိခ်ိန္မွာ တရားဥပေဒေဘာင္ထဲမရွိဘူး။ ဒီလိုခ်ိန္မ်ိဳးမွာ ဒီလိုလုပ္တာကို ဒီလိုလႊတ္ထားတာသည္ တရားဥပေဒစိုးမိုးတယ္လို႔ ဘာမွေျပာမရတဲ့ ေအာက္တန္းက်တဲ့ႏိုင္ငံေရးကစားကြက္ပဲ။”

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ဆႏၵျပမႈေတြျဖစ္လာတဲ့အခါတုန္းကလည္း စစ္တပ္ကိုေထာက္ခံတဲ့ အခုလို လူအုပ္စု ထြက္လာဖူးၿပီး အျပန္အလွန္ အၾကမ္းဖက္မႈေတြျဖစ္ေအာင္လို႔ လႈံ႕ေဆာ္ခဲ့ဖူးပါတယ္။ လတ္တေလာ စစ္ပြဲေတြျဖစ္ေနတဲ့ ျမန္မာႏိုင္ငံအလယ္ပိုင္းမွာလည္း ပ်ဴေစာထီးဆိုတဲ့ စစ္တပ္လိုလားတဲ့ လက္နက္ကိုင္အဖြဲ႕တခ်ိဳ႕နဲ႔ ေဒသခံကာကြယ္ေရးအဖြဲ႕ေတြအၾကား ပဋိပကၡေတြရွိေနပါတယ္။ ျမန္မာစစ္ေကာင္စီကေတာ့ ပ်ဴေစာထီးအဖြဲ႕ေတြဟာ သူတို႔နဲ႔မဆိုင္ဘူးလို႔ ျငင္းပါတယ္။ အခုလို ရန္ကုန္ၿမိဳ႕တြင္း လူအုပ္စုလိုက္ အၾကမ္းဖက္ဆဲဆိုတာေတြနဲ႔ပတ္သက္ လို႔လည္း ျမန္မာစစ္ေကာင္စီက တစုံတရာထုတ္ျပန္ေျပာဆိုတာမရွိပါဘူး။

တိုက္႐ိုက္ လင့္ခ္

===========

[[Unicode]]

ရန်ကုန်မြို့လယ်မှာ လူအုပ်စုဖွဲ့ အကြမ်းဖက်လှုံ့ဆော်

ရန်ကုန်မြို့လယ်မှာ လူအုပ်စုတစုဟာ သေဒဏ်စီရင်ခံခဲ့ရတဲ့ ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့နေအိမ်တွေရှေ့ကို ဒီကနေ့နေ့လည်ပိုင်း ကားတွေနဲ့ရောက်လာပြီး နေအိမ်ကို ခဲတွေနဲ့ပစ်ပေါက် အော်ဟစ်ဆဲဆိုတာတွေနဲ့ အကြမ်းဖက်မှုလုပ်ခဲ့ကြပါတယ်။ လူ ၅ ယောက်အထက် မစုဝေးရဆိုပြီး အမိန့်ထုတ်ပြန်ထားတဲ့နေရာမှာ၊ အခုလို လူအုပ်စုလိုက် အကြမ်းဖက်လုပ်ဆောင်မှုကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရောက်မလာတဲ့အပေါ် ဝေဖန်ပြစ်တင်မှုတွေရှိနေပါတယ်။ ရန်ကုန်က ပေးပို့တဲ့သတင်း မအိသန့်စင်က တင်ပြပေးထားပါတယ်။

ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင် ၂ ဦး ဖြစ်တဲ့ ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်အပါအဝင် ၄ ဦးကို စစ်ကောင်စီက သေဒဏ်စီရင်ခဲ့တဲ့အပေါ် ပြည်တွင်းရော ပြည်ပမှာပါ ဝေဖန်မှုတွေရှိနေချိန်မှာပဲ အခုလို သေဒဏ်ပေးခံရသူတွေရဲ့နေအိမ်တွေရှေ့ အမည်မသိလူအုပ်စုလိုက်ရောက်လာပြီး အကြမ်းဖက်မှုတွေလုပ်ခဲ့ကြပါတယ်။

ဒီကနေ့ မွန်းလွဲ ၁ နာရီခန့်က ကျောက်တံတားမြို့နယ်၊ အနော်ရထာလမ်းနဲ့ မဟာဗန္ဓုလလမ်းကြားက ဗိုလ်အောင်ကျော်လမ်း အတွင်းပိုင်းမှာတည်ရှိတဲ့ ကိုဇေ‌ယျာသော် အိမ်ရှေ့ကို Light Truck ကား ၅ စီးနဲ့ ခန့်မှန်းအမျိုးသား၊ အမျိုးသမီးစုစုပေါင်း လူအယောက် ၅၀ လောက် ရောက်ရှိလာပြီး အော်ဟစ်ဆဲဆိုတာတွေ တိုက်ခန်းကို ခဲနဲ့ပစ်ပေါက်တာတွေလုပ်ခဲ့ကြပါတယ်။

တချိန်တည်းမှာပဲ ဦးဂျင်မီရဲ့နေအိမ်လို့ယူဆရတဲ့ အင်းစိန်မြို့နယ်၊ အင်းစိန်ဈေးရှေ့ရပ်ကွက်၊ သရက်ခြံ ၁ လမ်းမှာရှိတဲ့ နေအိမ်တလုံးကိုလည်း လူအုပ်စုတစုက ကြက်ဥတွေနဲ့ လာရောက်ပစ်ပေါက်ခဲ့ကြပါတယ်။

ဒီလိုလုပ်ခဲ့ကြတဲ့ ဗွီဒီယိုဖိုင်တွေလည်း လူမှုကွန်ယက်မှာထွက်ပေါ်လာသလို ဗွီအိုအေ ကလည်း မျက်မြင်တွေနဲ့ အတည်ပြုနိုင်ခဲ့ပါတယ်။

ရန်ကုန်မြို့လယ်ခေါင်မှာ အခုလိုလူအုပ်စုလိုက် အော်ဟစ်ဆဲဆို အကြမ်းဖက်နေတာကို လုံခြုံရေးတပ်ဖွဲ့ဝင်တဦးတယောက်မှာ လာရောက်တားမြစ်ဟန့်တားတာမျိုးမရှိခဲ့ဘူးလို့ မျက်မြင်တွေက ပြောပါတယ်။

တရားလွှတ်တော်ရှေ့နေတဦးကတော့ ရန်ကုန်တိုင်းအတွင်း လူ ၅ ဦးထက်မစုရဆိုတဲ့ ပုဒ်မ ၁၄၄ ထုတ်ထားတဲ့ကြားထဲကက အခုလို ဖြစ်ပွားတာဟာ တရားဥပဒေစိုးမိုးမှုမရှိဘူးဆိုတဲ့ အခြေအနေဖြစ်တယ်လို့ ဝေဖန်ပြောဆိုပါတယ်။

“ဒီလိုမျိုး ၅ ထောင် တသောင်းပေးပြီးတော့ ခိုင်းလို့ရတဲ့ လူ့တိရိစ္ဆန်တွေက ဒီဖြစ်ရပ် မျိုးကျူးလွန်တာကို တရားဥပဒေစိုးမိုးရေးနဲ့နိုင်ငံတော် လုံခြုံရေး ဆောင်ရွက်ရတဲ့ ရဲတပ်ဖွဲ့အနေနဲ့ တစုံတယောက်ကမှရောက်မလာဘူး။ အရေးမယူဘူး။ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၄၄ အရ ၅ ယောက်ထက်ကျော်ရင် ဥပဒေနဲ့ဆန့်ကျင်တဲ့ အစုအဝေးပဲ။ တရားဥပဒေစိုးမိုးရေးအတွက် အင်မတန်ရှက်ဖွယ်ဖြစ်တဲ့လုပ်ရပ်ပဲ။ တရားဥပဒေစိုးမိုးရေးကို ကိုင်တွယ်ထိန်းသိမ်းနေတဲ့ အဖွဲ့အစည်းတွေရဲ့ တာဝန် ပျက်ကွက်မှု၊ ညံ့ဖျင်းမှုအပေါ်ကိုလည်း အင်မတန်ကို စက်ဆုပ်ရွံရှာဖွယ်ကောင်းတယ်လို့ ဒီတိုင်းမှတ်ချက်ချချင်တယ်။”

ရန်ကုန်မြို့ခံတဦးကလည်း မြို့လယ်ခေါင်မှာ ဖြစ်တဲ့ဒီလုပ်ရပ်ဟာ နိုင်ငံရေးအရ တစုအဖွဲ့က လုပ်တယ်လို့ ယူဆပါတယ်။

“တခါတရံမှာ နိုင်ငံရေးကို ဥပဒေနဲ့ကြည့်မရဘူး။ တခါတရံမှာ ဥပဒေကိုနိုင်ငံရေးနဲ့ကြည့်မရဘူး။ ဒီနေ့ပြုမူတာသည် အောက်တန်းကျတဲ့ နိုင်ငံရေးပြုမူချက်ဖြစ်တယ်။ ပြည်သူတွေကလက်ရှိချိန်မှာ တရားဥပဒေဘောင်ထဲမရှိဘူး။ ဒီလိုချိန်မျိုးမှာ ဒီလိုလုပ်တာကို ဒီလိုလွှတ်ထားတာသည် တရားဥပဒေစိုးမိုးတယ်လို့ ဘာမှပြောမရတဲ့ အောက်တန်းကျတဲ့နိုင်ငံရေးကစားကွက်ပဲ။”

စစ်တပ်က အာဏာသိမ်းပြီးနောက် ဆန္ဒပြမှုတွေဖြစ်လာတဲ့အခါတုန်းကလည်း စစ်တပ်ကိုထောက်ခံတဲ့ အခုလို လူအုပ်စု ထွက်လာဖူးပြီး အပြန်အလှန် အကြမ်းဖက်မှုတွေဖြစ်အောင်လို့ လှုံ့ဆော်ခဲ့ဖူးပါတယ်။ လတ်တလော စစ်ပွဲတွေဖြစ်နေတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းမှာလည်း ပျူစောထီးဆိုတဲ့ စစ်တပ်လိုလားတဲ့ လက်နက်ကိုင်အဖွဲ့တချို့နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေရှိနေပါတယ်။ မြန်မာစစ်ကောင်စီကတော့ ပျူစောထီးအဖွဲ့တွေဟာ သူတို့နဲ့မဆိုင်ဘူးလို့ ငြင်းပါတယ်။ အခုလို ရန်ကုန်မြို့တွင်း လူအုပ်စုလိုက် အကြမ်းဖက်ဆဲဆိုတာတွေနဲ့ပတ်သက် လို့လည်း မြန်မာစစ်ကောင်စီက တစုံတရာထုတ်ပြန်ပြောဆိုတာမရှိပါဘူး။

XS
SM
MD
LG