သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကူးစက္ျမန္ ကိုဗစ္မ်ိဳးကြဲသစ္ အိႏၵိယမွာ ေတြ႕ရွိ 


Virus Outbreak Latest Omicron Mutant


[[Zawgyi/Unicode]]

အိႏၵိယႏိုင္ငံမွာ ကိုဗစ္ဗိုင္းရပ္စ္ မ်ိဳးကြဲအသစ္ BA.2.75 ကို ေတြ႕ရွိၿပီး ျမန္ျမန္ဆန္ဆန္ ပ်ံ႕ႏွံ႔ ႏိုင္တဲ့အတြက္ သိပၸံပညာရွင္ေတြ စိုးရိမ္ေနၾကပါတယ္။ ဒီမ်ိဳးကြဲဟာ အရင္တုန္းက ကိုဗစ္ ကူးစက္လို႔ျဖစ္ေစ၊ ကာကြယ္ေဆးထိုးလို႔ျဖစ္ေစ ကိုယ္ခံအားရရွိေနေပမယ့္ ကူးစက္ႏိုင္ပါတယ္။

တကမာၻလုံးမွာ ခု ပ်ံ႕ႏွံ႔ေနတဲ့ BA.5 ထက္ ပိုၿပီး ေရာဂါလကၡဏာေတြကို ျပင္းထန္ေစမလား ဆိုတာကေတာ့ မရွင္းလင္းလွေသးပါဘူး။ ဒီ မ်ိဳးကြဲပိုးကို အိႏၵိယႏိုင္ငံရဲ႕ ျပည္နယ္ အေတာ္မ်ားမ်ားမွာ ေတြ႕ေနရၿပီလို႔ နယူးေဒလီအေျခစိုက္Council of Scientific and Industrial Research က သိပၸံပညာရွင္ Lipi Thukral က ေျပာပါတယ္။

အေမရိကန္အပါအဝင္ အျခား ၁၀ ႏိုင္ငံမွာလည္း စတင္ေတြ႕ရွိေနၿပီ ျဖစ္ပါတယ္။ အထူးသျဖင့္ အိႏၵိယမွာ ကူးစက္ပုံက exponential growth လို႔ ေျပာတဲ့ ထပ္ကိန္း ပုံေသနည္းနဲ႔ ကူးစက္ပုံမ်ိဳး ျဖစ္တယ္လို႔ အေမရိကန္ႏိုင္ငံ မီနီဆိုးတား ျပည္နယ္ Mayo Clinic က ဗိုင္းရပ္စ္ ေဗဒပညာရွင္ Matthew Binnicker က ဆိုပါတယ္။ ပညာရွင္ေတြ စိုးရိမ္ေနၾကတဲ့ ေနာက္ အေၾကာင္းတခုကေတာ့ ဒီဗိုင္းရပ္စ္မ်ိဳးကြဲဟာ ပဋိဇီဝ ေဆးေတြ မတိုးမွာကို ျဖစ္ပါတယ္။

ဘယ္လိုပဲရွိေစ၊ ကိုဗစ္ ကာကြယ္ေဆးကို ထပ္ေၾကာ့ထိုးတာ ဟာ ခု အခ်ိန္အထိေတာ့ အေကာင္းဆုံး ကာကြယ္တာပဲျဖစ္ပါတယ္လို႔ ပညာရွင္ Binnicker က ေျပာပါတယ္။ ကာကြယ္ေဆးထိုးထားသူေတြကိုလည္း မ်ိဳးကြဲအသစ္ေတြက ကူးစက္ေပမယ့္ ေဆး႐ုံတက္ရႏႈန္းနဲ႔ ေသႏႈန္းေတြ ကေတာ့ သိသိသာသာ က်ဆင္းသြားတာကို ေတြ႔ရတယ္လို႔ သူက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============
[[Unicode]]

ကူးစက်မြန် ကိုဗစ်မျိုးကွဲသစ် အိန္ဒိယမှာ တွေ့ရှိ

အိန္ဒိယနိုင်ငံမှာ ကိုဗစ်ဗိုင်းရပ်စ် မျိုးကွဲအသစ် BA.2.75 ကို တွေ့ရှိပြီး မြန်မြန်ဆန်ဆန် ပျံ့နှံ့ နိုင်တဲ့အတွက် သိပ္ပံပညာရှင်တွေ စိုးရိမ်နေကြပါတယ်။ ဒီမျိုးကွဲဟာ အရင်တုန်းက ကိုဗစ် ကူးစက်လို့ဖြစ်စေ၊ ကာကွယ်ဆေးထိုးလို့ဖြစ်စေ ကိုယ်ခံအားရရှိနေပေမယ့် ကူးစက်နိုင်ပါတယ်။

တကမ္ဘာလုံးမှာ ခု ပျံ့နှံ့နေတဲ့ BA.5 ထက် ပိုပြီး ရောဂါလက္ခဏာတွေကို ပြင်းထန်စေမလား ဆိုတာကတော့ မရှင်းလင်းလှသေးပါဘူး။ ဒီ မျိုးကွဲပိုးကို အိန္ဒိယနိုင်ငံရဲ့ ပြည်နယ် အတော်များများမှာ တွေ့နေရပြီလို့ နယူးဒေလီအခြေစိုက်Council of Scientific and Industrial Research က သိပ္ပံပညာရှင် Lipi Thukral က ပြောပါတယ်။

အမေရိကန်အပါအဝင် အခြား ၁၀ နိုင်ငံမှာလည်း စတင်တွေ့ရှိနေပြီ ဖြစ်ပါတယ်။ အထူးသဖြင့် အိန္ဒိယမှာ ကူးစက်ပုံက exponential growth လို့ ပြောတဲ့ ထပ်ကိန်း ပုံသေနည်းနဲ့ ကူးစက်ပုံမျိုး ဖြစ်တယ်လို့ အမေရိကန်နိုင်ငံ မီနီဆိုးတား ပြည်နယ် Mayo Clinic က ဗိုင်းရပ်စ် ဗေဒပညာရှင် Matthew Binnicker က ဆိုပါတယ်။ ပညာရှင်တွေ စိုးရိမ်နေကြတဲ့ နောက် အကြောင်းတခုကတော့ ဒီဗိုင်းရပ်စ်မျိုးကွဲဟာ ပဋိဇီဝ ဆေးတွေ မတိုးမှာကို ဖြစ်ပါတယ်။

ဘယ်လိုပဲရှိစေ၊ ကိုဗစ် ကာကွယ်ဆေးကို ထပ်ကြော့ထိုးတာ ဟာ ခု အချိန်အထိတော့ အကောင်းဆုံး ကာကွယ်တာပဲဖြစ်ပါတယ်လို့ ပညာရှင် Binnicker က ပြောပါတယ်။ ကာကွယ်ဆေးထိုးထားသူတွေကိုလည်း မျိုးကွဲအသစ်တွေက ကူးစက်ပေမယ့် ဆေးရုံတက်ရနှုန်းနဲ့ သေနှုန်းတွေ ကတော့ သိသိသာသာ ကျဆင်းသွားတာကို တွေ့ရတယ်လို့ သူက ပြောပါတယ်။

XS
SM
MD
LG