သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေမရိကန္က ကိုဗစ္ေ၀ဒနာရွင္ ၂၀% မွာ နာတာရွည္ေရာဂါ ခံစားေနရ (သုေတသန)


FILE - In this Jan. 23, 2020, photo, a patient gets an influenza vaccine in Mesquite, Texas.


[[Zawgyi/Unicode]]

အေမရိကန္ျပည္ေထာင္စုမွာ အရင္ ကိုဗစ္ 19 ေရာဂါ ျဖစ္ခဲ့ဖူးတဲ့ အရြယ္ေရာက္သူ ၅ ေယာက္မွာ ၁ ေယာက္ဟာ ေရရွည္ ေရာဂါလကၡဏာ က်န္ေနတာ ေတြ႔ရတဲ့အေၾကာင္း ဇြန္လ ပထမသီတင္း ၂ ပတ္အတြင္း ေကာက္ခံတဲ့ စစ္တမ္းေတြမွာ ေတြ႕ရတယ္လို႔ အေမရိကန္ က်န္းမာေရးအရာရွိေတြ မေန႔က ေျပာဆိုပါတယ္။

ေယဘုယ်အားျဖင့္ေတာ့ အရြယ္ေရာက္သူ ၁၃ ေယာက္မွာ ၁ ေယာက္က ကိုဗစ္ ေရာဂါ ျဖစ္ပြားၿပီးခ်ိန္ကေန ၃ လ ဒါမွမဟုတ္ ဒီထက္ပိုၿပီး အရင္ကမရွိခဲ့တဲ့ ေရာဂါ လကၡဏာေတြ က်န္ေနတဲ့အေၾကာင္း စစ္တမ္းေတြမွာ ေဖာ္ျပတာပါ။ အခ်က္အလက္ေတြကို ဇြန္လ ၁ ရက္ကေန ၁၃ ရက္အတြင္း အေမရိကန္ သန္းေခါင္စာရင္းဌာနက ေကာက္ခံခဲ့ၿပီး ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ ကာကြယ္ေရးဌာန CDC က သုံးသပ္ခဲ့ပါတယ္။

ေရရည္ ေရာဂါလကၡဏာဆိုတာဟာ ေမာပန္းတာ၊ ႏွလုံးခုန္ႏႈန္း ႐ုတ္တရက္ျမန္တာ၊ အသက္ရႈ မဝတာ၊ အစာေျခဖို႔ ခက္ခဲတာ၊ ကာလၾကာရွည္ နာက်င္တာ၊ အာ႐ုံခံမႈ ပုံမွန္မျဖစ္တာနဲ႔ ႂကြက္သားေတြ အားနည္းတာေတြ ပါ၀င္ပါတယ္။ အားအင္ ဆုတ္ယုတ္ၿပီး ျပန္လည္နာလန္ထဖို႔ သတင္းပတ္နဲ႔ခ်ီ၊ ဒါမွမဟုတ္ လနဲ႔ခ်ီၾကာႏိုင္ပါတယ္။

အသက္ငယ္တဲ့သူေတြမွာ လူႀကီးေတြထက္ ပိုၿပီး ေရရွည္ ေရာဂါလကၡဏာ ျပေနတတ္တယ္လို႔လည္း CDC ရဲ႕ သုံးသပ္ခ်က္မွာ ေဖာ္ျပပါတယ္။

ဒီအေတာအတြင္း ကုလသမဂၢဆိုင္ရာ အေမရိကန္ သံအမတ္ႀကီး Linda Thomas-Greenfield ကိုဗစ္ ေရာဂါ ကူးစက္ေနတဲ့အေၾကာင္း သူ႔ရဲ႕ ေျပာေရးဆိုခြင့္ရွိသူက ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။ သံအမတ္ႀကီး Thomas-Greenfield ဟာ ကာကြယ္ေဆးေရာ၊ အားျဖည့္ကာကြယ္ေဆးေရာ အျပည့္ထိုးထားၿပီးသား ျဖစ္ၿပီး ေရာဂါလကၡဏာကေတာ့ မျပင္းထန္ဘူးလို႔လည္း ေျပာခြင့္ရက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

============


[[Unicode]]

အမေရိကန်က ကိုဗစ်ဝေဒနာရှင် ၂၀% မှာ နာတာရှည်ရောဂါ ခံစားနေရ (သုတေသန)

အမေရိကန်ပြည်ထောင်စုမှာ အရင် ကိုဗစ် 19 ရောဂါ ဖြစ်ခဲ့ဖူးတဲ့ အရွယ်ရောက်သူ ၅ ယောက်မှာ ၁ ယောက်ဟာ ရေရှည် ရောဂါလက္ခဏာ ကျန်နေတာ တွေ့ရတဲ့အကြောင်း ဇွန်လ ပထမသီတင်း ၂ ပတ်အတွင်း ကောက်ခံတဲ့ စစ်တမ်းတွေမှာ တွေ့ရတယ်လို့ အမေရိကန် ကျန်းမာရေးအရာရှိတွေ မနေ့က ပြောဆိုပါတယ်။

ယေဘုယျအားဖြင့်တော့ အရွယ်ရောက်သူ ၁၃ ယောက်မှာ ၁ ယောက်က ကိုဗစ် ရောဂါ ဖြစ်ပွားပြီးချိန်ကနေ ၃ လ ဒါမှမဟုတ် ဒီထက်ပိုပြီး အရင်ကမရှိခဲ့တဲ့ ရောဂါ လက္ခဏာတွေ ကျန်နေတဲ့အကြောင်း စစ်တမ်းတွေမှာ ဖော်ပြတာပါ။ အချက်အလက်တွေကို ဇွန်လ ၁ ရက်ကနေ ၁၃ ရက်အတွင်း အမေရိကန် သန်းခေါင်စာရင်းဌာနက ကောက်ခံခဲ့ပြီး ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန CDC က သုံးသပ်ခဲ့ပါတယ်။

ရေရည် ရောဂါလက္ခဏာဆိုတာဟာ မောပန်းတာ၊ နှလုံးခုန်နှုန်း ရုတ်တရက်မြန်တာ၊ အသက်ရှု မဝတာ၊ အစာခြေဖို့ ခက်ခဲတာ၊ ကာလကြာရှည် နာကျင်တာ၊ အာရုံခံမှု ပုံမှန်မဖြစ်တာနဲ့ ကြွက်သားတွေ အားနည်းတာတွေ ပါဝင်ပါတယ်။ အားအင် ဆုတ်ယုတ်ပြီး ပြန်လည်နာလန်ထဖို့ သတင်းပတ်နဲ့ချီ၊ ဒါမှမဟုတ် လနဲ့ချီကြာနိုင်ပါတယ်။

အသက်ငယ်တဲ့သူတွေမှာ လူကြီးတွေထက် ပိုပြီး ရေရှည် ရောဂါလက္ခဏာ ပြနေတတ်တယ်လို့လည်း CDC ရဲ့ သုံးသပ်ချက်မှာ ဖော်ပြပါတယ်။

ဒီအတောအတွင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Linda Thomas-Greenfield ကိုဗစ် ရောဂါ ကူးစက်နေတဲ့အကြောင်း သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ကြေညာချက် ထုတ်ပြန်ထားပါတယ်။ သံအမတ်ကြီး Thomas-Greenfield ဟာ ကာကွယ်ဆေးရော၊ အားဖြည့်ကာကွယ်ဆေးရော အပြည့်ထိုးထားပြီးသား ဖြစ်ပြီး ရောဂါလက္ခဏာကတော့ မပြင်းထန်ဘူးလို့လည်း ပြောခွင့်ရက ပြောပါတယ်။
============

XS
SM
MD
LG