သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တ႐ုတ္မွာ ကိုဗစ္ေၾကာင့္ ေသဆုံးသူ ၂ ရက္အတြင္း ၃ ဦးရွိလာ


တ႐ုတ္ႏိုင္ငံ၊ ေဘဂ်င္းၿမိဳ႕မွာ ကိုဗစ္ကာကြယ္တားဆီးေရးဝန္ထမ္းေတြ အသြားအလာကန္႔သတ္ထားတဲ့ေနရာမွာ အလုပ္လုပ္ေနၾကစဥ္။ (ႏိုဝင္ဘာ ၁၈၊ ၂၀၂၂)

[[Zawgyi/Unicode]]

ကိုဗစ္ကူးစက္မႈေတြ တေက်ာ့ျပန္ျဖစ္ေနတဲ့ တ႐ုတ္ႏိုင္ငံ ၿမိဳ႕ေတာ္ေဘဂ်င္းမွာ ဒီကေန႔ တနလၤာေန႔ ကိုဗစ္ေၾကာင့္ ေသဆုံးသူ ၂ ေယာက္ရွိတယ္လို႔ အစိုးရက ထုတ္ျပန္ပါတယ္။ တနဂၤေႏြေန႔ကလည္း သက္ႀကီး႐ြယ္အိုတဦး ကိုဗစ္ေၾကာင့္ေသဆုံးခဲ့တာေၾကာင့္ ၿပီးခဲ့တဲ့ ေမလေနာက္ပိုင္း တ႐ုတ္မွာ ကိုဗစ္ေၾကာင့္ ပထမဆုံး ေသဆုံးသူ သုံးေယာက္ရွိလာတာျဖစ္ပါတယ္။

အခုေသဆုံးသူ ၃ ေယာက္က ေရာဂါအခံရွိသူ အသက္ ၈၀ နဲ႔ ၉၀ ေက်ာ္ေတြျဖစ္ပါတယ္။ ကိုဗစ္ကင္းစင္ေရး zero-Covid မူခ်မွတ္ထားတဲ့ တ႐ုတ္မွာ ၿပီးခဲ့တဲ့ ဧၿပီလေနာက္ပိုင္း ႏိုင္ငံတဝန္း ၿမိဳ႕ႀကီးေတြမွာ ကူးစက္မႈေတြ ျပန္မ်ားလာတာေၾကာင့္ လူေတြကို အိမ္ျပင္မထြက္ဖို႔နဲ႔ အစုလိုက္ေရာဂါစစ္ေဆးတာနဲ႔ သီးျခားခြဲတာေတြကို ဆက္ၿပီးလုပ္ေဆာင္ေနပါတယ္။

အစိုးရက ဒီလထဲ ကန္႔သတ္ခ်က္ေတြကို ေျဖေလွ်ာ့ေပးမယ္လို႔ ေၾကညာထားေပမဲ့ အခုထိေတာ့ ကန္႔သတ္ထိန္းခ်ဳပ္မႈေတြကို တင္းၾကပ္ထားဆဲျဖစ္ပါတယ္။ တနလၤာေန႔မွာ ကူးစက္သူ အသစ္ ၉၀၀ ေက်ာ္ရွိတာပါ။ ေဘဂ်င္းမွာ ေနရာ ေတာ္ေတာ္မ်ားမ်ားကို ကူးစက္ႏိုင္တဲ့အႏၲရာယ္ျမင့္မားတဲ့အဆင့္သတ္မွတ္ထားၿပီး အဲဒီေနရာေတြမွာေနထိုင္သူေတြကို ရက္အေတာ္ၾကာ အိမ္ျပင္မထြက္ဖို႔နဲ႔ သီးျခားခြဲ ေနထိုင္ဖို႔ တားျမစ္ထားပါတယ္။

တခ်ိဳ႕ေနရာေတြမွာေတာ့ စီးပြါးေရးလုပ္ငန္းေတြကို ပိတ္ထားသလို စာသင္ေက်ာင္းေတြကိုေတာ့ အြန္လိုင္းကေနေျပာင္းၿပီး သင္ၾကဖို႔ အမိန္႔ထုတ္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

===================

[[Unicode]]

တရုတ်မှာ ကိုဗစ်ကြောင့် သေဆုံးသူ ၂ ရက်အတွင်း ၃ ဦးရှိလာ

ကိုဗစ်ကူးစက်မှုတွေ တကျော့ပြန်ဖြစ်နေတဲ့ တရုတ်နိုင်ငံ မြို့တော်ဘေဂျင်းမှာ ဒီကနေ့ တနင်္လာနေ့ ကိုဗစ်ကြောင့် သေဆုံးသူ ၂ ယောက်ရှိတယ်လို့ အစိုးရက ထုတ်ပြန်ပါတယ်။ တနင်္ဂနွေနေ့ကလည်း သက်ကြီးရွယ်အိုတဦး ကိုဗစ်ကြောင့်သေဆုံးခဲ့တာကြောင့် ပြီးခဲ့တဲ့ မေလနောက်ပိုင်း တရုတ်မှာ ကိုဗစ်ကြောင့် ပထမဆုံး သေဆုံးသူ သုံးယောက်ရှိလာတာဖြစ်ပါတယ်။

အခုသေဆုံးသူ ၃ ယောက်က ရောဂါအခံရှိသူ အသက် ၈၀ နဲ့ ၉၀ ကျော်တွေဖြစ်ပါတယ်။ ကိုဗစ်ကင်းစင်ရေး zero-Covid မူချမှတ်ထားတဲ့ တရုတ်မှာ ပြီးခဲ့တဲ့ ဧပြီလနောက်ပိုင်း နိုင်ငံတဝန်း မြို့ကြီးတွေမှာ ကူးစက်မှုတွေ ပြန်များလာတာကြောင့် လူတွေကို အိမ်ပြင်မထွက်ဖို့နဲ့ အစုလိုက်ရောဂါစစ်ဆေးတာနဲ့ သီးခြားခွဲတာတွေကို ဆက်ပြီးလုပ်ဆောင်နေပါတယ်။

အစိုးရက ဒီလထဲ ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးမယ်လို့ ကြေညာထားပေမဲ့ အခုထိတော့ ကန့်သတ်ထိန်းချုပ်မှုတွေကို တင်းကြပ်ထားဆဲဖြစ်ပါတယ်။ တနင်္လာနေ့မှာ ကူးစက်သူ အသစ် ၉၀၀ ကျော်ရှိတာပါ။ ဘေဂျင်းမှာ နေရာ တော်တော်များများကို ကူးစက်နိုင်တဲ့အန္တရာယ်မြင့်မားတဲ့အဆင့်သတ်မှတ်ထားပြီး အဲဒီနေရာတွေမှာနေထိုင်သူတွေကို ရက်အတော်ကြာ အိမ်ပြင်မထွက်ဖို့နဲ့ သီးခြားခွဲ နေထိုင်ဖို့ တားမြစ်ထားပါတယ်။

တချို့နေရာတွေမှာတော့ စီးပွါးရေးလုပ်ငန်းတွေကို ပိတ်ထားသလို စာသင်ကျောင်းတွေကိုတော့ အွန်လိုင်းကနေပြောင်းပြီး သင်ကြဖို့ အမိန့်ထုတ်ထားပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG