သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထားဝယ္မွာ ကိုဗစ္ကူးသူ ျပန္မ်ားေန 


Virus Outbreak

[[Zawgyi/Unicode]]

ကိုဗစ္အတည္ျပဳလူနာ ျပန္မ်ားလာတဲ့ ျမန္မာႏိုင္ငံမွာ ရန္ကုန္တိုင္းေဒသႀကီးအျပင္ တျခားေဒသေတြမွာလည္း ကူးစက္သူေတြ တိုးေနပါတယ္။ တနသၤာရီတိုင္း ထားဝယ္ၿမိဳ႕နယ္ထဲမွာဆို ၂ ရက္အတြင္း ကိုဗစ္ေၾကာင့္ ေသဆံုးသူ ၃ ဦးရွိတယ္လို႔ နာေရးကူညီမႈအသင္းက ေျပာပါတယ္။ ေရာဂါမျပန္႔ေအာင္ အလွဴအတန္းေတြ၊ ဘာသာေရးအခမ္းအနားေတြ လူစုလူေဝးေတြကို ေရွာင္ၾကဖို႔ က်န္းမာေရးတာဝန္ရွိသူေတြ၊ ပရဟိတကူညီသူေတြက တိုက္တြန္းေနပါတယ္။ ျမန္မာႏိ္ုင္ငံကလာတဲ့ ကိုဗစ္ကူးစက္မႈ အေျခအေန သတင္းေပးပို႔ခ်က္ကို မအင္ၾကင္းႏိုင္က တင္ျပေပးထားပါတယ္။

စစ္ေကာင္စီ က်န္းမာေရးဌာန ထုတ္ျပန္ခ်က္ေတြအရ ျမန္မာႏိုင္ငံတဝန္း အခုရက္ ပိုင္း တေန႔ကို ဓါတ္ခြဲနမူနာ ၁ ေသာင္းေက်ာ္စစ္ေဆးတာမွာ ကိုဗစ္အတည္ျပဳလူနာ ၂၇၀ ထက္မနည္း ရွိေနပါတယ္။ အတည္ျပဳလူနာအမ်ားစုက ရန္ကုန္တိုင္းအတြင္းမွာ ျဖစ္ပါတယ္။ တနသၤာရီတိုင္း ထားဝယ္ၿမိဳ႕နယ္မွာလည္း အခုရက္ပိုင္း ကိုဗစ္အတည္ျပဳလူနာ သိသိသာသာ ျမင့္တက္လာသလို လူေသဆုံးတာေတြလည္း ရွိလာတဲ့အေၾကာင္း ထားဝယ္ၿမိဳ႕က နာေရးကူညီမႈအသင္း အတြင္းေရးမွဴး ဦးေအာင္ႏိုင္ဦးက ေျပာပါတယ္။ ထားဝယ္ၿမိဳ႕ နာေရးကူညီမႈအသင္းအေနနဲ႔ ေအာက္တိုဘာလ ၂၀ ရက္နဲ႔ ၂၁ ရက္ေန႔ ဒီႏွစ္ရက္အတြင္း ကိုဗစ္ေရာဂါနဲ႔ ေသဆုံးသူ အနည္းဆုံး ၃ ဦး မီးသၿဂၤဳိဟ္ပို႔ေဆာင္ခဲ့တယ္လို႔ ေျပာပါတယ္။

“လြန္လာတဲ့ ၁၅ ရက္ဝန္းက်င္ကပဲ မိန္းကေလးတေယာက္ဆုံးတာေပါ့ေနာ္- အသက္ ၈ ႏွစ္ခြဲအ႐ြယ္။ ဒါေပမယ့္ မေန႔ကေတာ့ အသက္ ၈၀ ေက်ာ္တေယာက္၊ ၿပီးေတာ့ အသက္ ၆၀ ေက်ာ္က တေယာက္။ မိန္းမႀကီး ၂ ေယာက္- ကိုဗစ္နဲ႔ ဆုံးတယ္။ ဒီေန႔လည္း အခု အခုပဲ ကိုဗစ္အေလာင္းကို သၿဂိဳဟ္ဖို႔ လုပ္ေနတာ၊ ဒီေန႔မွလည္း တေလာင္းရွိတယ္ခင္ဗ်။ အသက္ ၇၀ ေက်ာ္ အဖိုးႀကီးတေယာက္ေလ။ အဲ့လိုေပါ့ ရက္တိုင္း၊ ကိုဗစ္နဲ႔ ဆက္တိုက္ေတာ့ျဖစ္ေနတယ္။ ၿပီးေတာ့ က်ေနာ္တို႔ ေဆး႐ုံမွာရွိတဲ့ ကိုဗစ္ၾကပ္မပ္ကုေနတဲ့ Isolation word မွာလည္း ဒီလူနာေတြရွိေနတာေပါ့။ အခုက ဘယ္လိုျဖစ္လဲဆိုေတာ့ တျခားေရာဂါျဖစ္ရင္ စစ္လိုက္ရင္ ကိုဗစ္ေရာဂါျဖစ္ေနတယ္။ ကိုဗစ္ျဖစ္တဲ့လူေတြ နည္းနည္းမ်ားေနတာေပါ့ေနာ္။”

အခုတေလာ ေန႔တိုင္းလိုလို ကိုဗစ္နဲ႔ ေသဆုံးသူေတြရွိေနၿပီး ေဆး႐ုံက ကိုဗစ္စင္ တာမွာလည္း လူနာေတြရွိေနပါတယ္။ တခ်ိဳ႕ လူနာေတြကစိုးရိမ္ရတဲ့ အေျခအေနမွာ ရွိေနတာလို႔ ဦးေအာင္ႏိုင္ဦးက ေျပာပါတယ္။ သတင္းကၽြတ္ၿပီးကာလ ကထိန္ပြဲနဲ႔ မဂၤလာေဆာင္အလွဴပြဲေတြလို လူစုလူေဝးျဖစ္တဲ့ အခမ္းအနားေတြ မ်ားေနတာေၾကာင့္ ေနာက္ထပ္ ပ်ံ႕ႏွံ႔ကူးစက္မွာ စိုးရိမ္စရာျဖစ္တယ္လို႔လည္း အတြင္းေရးမွဴး ဦးေအာင္ႏိုင္ဦးက ေျပာပါတယ္။

“က်ေနာ္တို႔ ထားဝယ္မွာက ဒီအခ်ိန္မွာ အလႉအတန္းမ်ားတဲ့အခ်ိန္မွာေပါ့ေနာ္။ ကထိန္ကာလေပါ့ဗ်ာ။ ကထိန္ခင္းအလႉေတြ အရမ္းမ်ားတယ္။ ၿပီးေတာ့ မဂၤလာေဆာင္လည္းမ်ားတယ္။ အဲ့ေတာ့ လူစုလူေဝးကေတာ့ နည္းနည္းမ်ားေနေသးတယ္ေပါ့ေနာ္။ တကယ္လို႔မ်ား ဒီဆုံးတဲ့ လူနာမ်ားလာမယ္၊ ဆက္တိုက္လည္းျဖစ္ လာမယ္ဆိုရင္ေတာ့ အဲ့ခုနက အခမ္းအနားေလးေတြကေတာ့ ေလွ်ာ့ေပးရင္ေတာ့ ေကာင္းမယ္ထင္တာပဲ။ က်ေနာ္တို႔ အျမင္ေပါ့ေနာ္ မႏွစ္ကလည္း ၂၀၂၁ မွာတုန္းကလည္း အဲ့လိုပဲ။ တေျဖးေျဖးျခင္းနဲ႔သူက မ်ားသြားတာကိုး။”

တေၾကာ့ျပန္ ျဖစ္ပြားေနတဲ့ ကိုဗစ္ေရာဂါပိုးဟာ ျပင္းထန္တဲ့ ေရာဂါလကၡဏာေတြ မေတြ႕ရတာမို႔ အမ်ားစုက ေပါ့ေပါ့တန္တန္သေဘာထားၿပီး ဂ႐ုတစိုက္မရွိၾကတာလို႔ ေျပာပါတယ္။ ေသဆုံးသူအမ်ားစုဟာ နဂို ေရာဂါအခံရွိၿပီး မက်န္းမမာျဖစ္ေနသူေတြမ်ားတယ္လို႔ က်န္းမာေရးအရာရွိေတြနဲ႔ ပရဟိတကူညီသူက ေျပာပါတယ္။ တျခားသူေတြဆီ ေရာဂါမကူးစက္ေအာင္ကာကြယ္ဖို႔နဲ႔ ကိုယ့္ဆီကိုလည္း ေရာဂါ ဝင္မလာေအာင္ အျပင္သြားရင္ အခ်ိန္ျပည့္ ႏွာေခါင္းစည္း တပ္ဆင္ထားသင့္တဲ့အေၾကာင္း ေဒါက္တာေက်ာ္မင္းထြန္းက မၾကာခဏတိုက္တြန္းေနပါတယ္။

“Mask ေတြကို ျဖစ္ႏိုင္ရင္ ကိုယ့္ရဲ႕ႏွာေခါင္းမွာေပါ့ေနာ္ အျပင္သြားတိုင္း အၿမဲတမ္း ေတာက္ေလွ်ာက္တပ္သင့္တယ္ေပါ့ေနာ္။ အဲ့ဒါမွလည္း ဒီ protection (အကာအကြယ္) ေပါ့ေနာ္၊ protection ကို ၁၀၀ ရာခိုင္ႏႈန္းမရရင္ေတာင္မွ အနည္းဆုံး ၈၀ ၊ ၉၀ ရာခိုင္ႏႈန္းေလာက္ေတာ့ အကာအကြယ္ရတယ္ေပါ့ေနာ္။ ကိုယ့္ဆီ ေရာဂါမကူးစက္သလို အျပင္ကေရာဂါလည္း ကိုယ့္ဆီကို မဝင္ဘူးေပါ့ေနာ္။”

ကူးစက္ျမန္ ကိုဗစ္ေရာဂါပိုးဟာ ေနရာတိုင္းမွာ ပ်ံ႕ႏွံ႔ေနႏိုင္တာမို႔ ကိုဗစ္လကၡဏာ
ျဖစ္တဲ့ ႏွာေစး၊ ဖ်ားနာ၊ ေခ်ာင္းဆိုး ကိုယ္လက္ကိုက္ စတာေတြ ျဖစ္လာရင္ နီးစပ္ ရာ ေဆး႐ုံ ေဆးခန္းေတြမွာ စမ္းသပ္ၿပီး ကုသမႈခံယူဖို႔ကိုလည္း က်န္းမာေရးဆရာဝန္နဲ႔ ပရဟိကူညီသူေတြက သတိေပးထားပါတယ္။

ေအာက္တိုဘာလ ၂၀ ရက္ေန႔အထိ က်န္းမာေရး ဌာနေတြက ထုတ္ျပန္တဲ့ စာရင္းေတြအရ ျမန္မာႏိုင္ငံမွာ ကိုဗစ္ အတည္ျပဳလူနာ ေျခာက္သိန္း ႏွစ္ေသာင္းေက်ာ္ရွိၿပီး ေသဆုံးသူ တေသာင္း ကိုးေထာင့္ ေလးရာေက်ာ္ရွိပါတယ္။ က်န္းမာေရး စစ္ေဆးႏိုင္တဲ့ ပမာန အားနည္းခ်က္ေတြေၾကာင့္ အမွန္တကယ္ ကူးစက္သူနဲ႔ ေသဆုံးသူဟာ တရားဝင္စာရင္းေတြထက္ မ်ားမယ္လို႔လည္း ျပည္တြင္းျပည္ပ အကဲခတ္ေတြ ပညာရွင္ေတြက ခန႔္မွန္းေနၾကပါတယ္။

ထားဝယ္မွာ ကိုဗစ္ကူးသူ ျပန္မ်ားေန.mp3
please wait

No media source currently available

0:00 0:04:08 0:00
တိုက္႐ိုက္ လင့္ခ္

===========

[[Unicode]]

ထားဝယ်မှာ ကိုဗစ်ကူးသူ ပြန်များနေ

ကိုဗစ်အတည်ပြုလူနာ ပြန်များလာတဲ့ မြန်မာနိုင်ငံမှာ ရန်ကုန်တိုင်းဒေသကြီးအပြင် တခြားဒေသတွေမှာလည်း ကူးစက်သူတွေ တိုးနေပါတယ်။ တနင်္သာရီတိုင်း ထားဝယ်မြို့နယ်ထဲမှာဆို ၂ ရက်အတွင်း ကိုဗစ်ကြောင့် သေဆုံးသူ ၃ ဦးရှိတယ်လို့ နာရေးကူညီမှုအသင်းက ပြောပါတယ်။ ရောဂါမပြန့်အောင် အလှူအတန်းတွေ၊ ဘာသာရေးအခမ်းအနားတွေ လူစုလူဝေးတွေကို ရှောင်ကြဖို့ ကျန်းမာရေးတာဝန်ရှိသူတွေ၊ ပရဟိတကူညီသူတွေက တိုက်တွန်းနေပါတယ်။ မြန်မာနိုင်ငံကလာတဲ့ ကိုဗစ်ကူးစက်မှု အခြေအနေ သတင်းပေးပို့ချက်ကို မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

စစ်ကောင်စီ ကျန်းမာရေးဌာန ထုတ်ပြန်ချက်တွေအရ မြန်မာနိုင်ငံတဝန်း အခုရက် ပိုင်း တနေ့ကို ဓါတ်ခွဲနမူနာ ၁ သောင်းကျော်စစ်ဆေးတာမှာ ကိုဗစ်အတည်ပြုလူနာ ၂၇၀ ထက်မနည်း ရှိနေပါတယ်။ အတည်ပြုလူနာအများစုက ရန်ကုန်တိုင်းအတွင်းမှာ ဖြစ်ပါတယ်။ တနင်္သာရီတိုင်း ထားဝယ်မြို့နယ်မှာလည်း အခုရက်ပိုင်း ကိုဗစ်အတည်ပြုလူနာ သိသိသာသာ မြင့်တက်လာသလို လူသေဆုံးတာတွေလည်း ရှိလာတဲ့အကြောင်း ထားဝယ်မြို့က နာရေးကူညီမှုအသင်း အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောပါတယ်။ ထားဝယ်မြို့ နာရေးကူညီမှုအသင်းအနေနဲ့ အောက်တိုဘာလ ၂၀ ရက်နဲ့ ၂၁ ရက်နေ့ ဒီနှစ်ရက်အတွင်း ကိုဗစ်ရောဂါနဲ့ သေဆုံးသူ အနည်းဆုံး ၃ ဦး မီးသြင်္ဂိုဟ်ပို့ဆောင်ခဲ့တယ်လို့ ပြောပါတယ်။

“လွန်လာတဲ့ ၁၅ ရက်ဝန်းကျင်ကပဲ မိန်းကလေးတယောက်ဆုံးတာပေါ့နော်- အသက် ၈ နှစ်ခွဲအရွယ်။ ဒါပေမယ့် မနေ့ကတော့ အသက် ၈၀ ကျော်တယောက်၊ ပြီးတော့ အသက် ၆၀ ကျော်က တယောက်။ မိန်းမကြီး ၂ ယောက်- ကိုဗစ်နဲ့ ဆုံးတယ်။ ဒီနေ့လည်း အခု အခုပဲ ကိုဗစ်အလောင်းကို သဂြိုဟ်ဖို့ လုပ်နေတာ၊ ဒီနေ့မှလည်း တလောင်းရှိတယ်ခင်ဗျ။ အသက် ၇၀ ကျော် အဖိုးကြီးတယောက်လေ။ အဲ့လိုပေါ့ ရက်တိုင်း၊ ကိုဗစ်နဲ့ ဆက်တိုက်တော့ဖြစ်နေတယ်။ ပြီးတော့ ကျနော်တို့ ဆေးရုံမှာရှိတဲ့ ကိုဗစ်ကြပ်မပ်ကုနေတဲ့ Isolation word မှာလည်း ဒီလူနာတွေရှိနေတာပေါ့။ အခုက ဘယ်လိုဖြစ်လဲဆိုတော့ တခြားရောဂါဖြစ်ရင် စစ်လိုက်ရင် ကိုဗစ်ရောဂါဖြစ်နေတယ်။ ကိုဗစ်ဖြစ်တဲ့လူတွေ နည်းနည်းများနေတာပေါ့နော်။”

အခုတလော နေ့တိုင်းလိုလို ကိုဗစ်နဲ့ သေဆုံးသူတွေရှိနေပြီး ဆေးရုံက ကိုဗစ်စင် တာမှာလည်း လူနာတွေရှိနေပါတယ်။ တချို့ လူနာတွေကစိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတာလို့ ဦးအောင်နိုင်ဦးက ပြောပါတယ်။ သတင်းကျွတ်ပြီးကာလ ကထိန်ပွဲနဲ့ မင်္ဂလာဆောင်အလှူပွဲတွေလို လူစုလူဝေးဖြစ်တဲ့ အခမ်းအနားတွေ များနေတာကြောင့် နောက်ထပ် ပျံ့နှံ့ကူးစက်မှာ စိုးရိမ်စရာဖြစ်တယ်လို့လည်း အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောပါတယ်။

“ကျနော်တို့ ထားဝယ်မှာက ဒီအချိန်မှာ အလှူအတန်းများတဲ့အချိန်မှာပေါ့နော်။ ကထိန်ကာလပေါ့ဗျာ။ ကထိန်ခင်းအလှူတွေ အရမ်းများတယ်။ ပြီးတော့ မင်္ဂလာဆောင်လည်းများတယ်။ အဲ့တော့ လူစုလူဝေးကတော့ နည်းနည်းများနေသေးတယ်ပေါ့နော်။ တကယ်လို့များ ဒီဆုံးတဲ့ လူနာများလာမယ်၊ ဆက်တိုက်လည်းဖြစ် လာမယ်ဆိုရင်တော့ အဲ့ခုနက အခမ်းအနားလေးတွေကတော့ လျှော့ပေးရင်တော့ ကောင်းမယ်ထင်တာပဲ။ ကျနော်တို့ အမြင်ပေါ့နော် မနှစ်ကလည်း ၂၀၂၁ မှာတုန်းကလည်း အဲ့လိုပဲ။ တဖြေးဖြေးခြင်းနဲ့သူက များသွားတာကိုး။”

တကြော့ပြန် ဖြစ်ပွားနေတဲ့ ကိုဗစ်ရောဂါပိုးဟာ ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ မတွေ့ရတာမို့ အများစုက ပေါ့ပေါ့တန်တန်သဘောထားပြီး ဂရုတစိုက်မရှိကြတာလို့ ပြောပါတယ်။ သေဆုံးသူအများစုဟာ နဂို ရောဂါအခံရှိပြီး မကျန်းမမာဖြစ်နေသူတွေများတယ်လို့ ကျန်းမာရေးအရာရှိတွေနဲ့ ပရဟိတကူညီသူက ပြောပါတယ်။ တခြားသူတွေဆီ ရောဂါမကူးစက်အောင်ကာကွယ်ဖို့နဲ့ ကိုယ့်ဆီကိုလည်း ရောဂါ ဝင်မလာအောင် အပြင်သွားရင် အချိန်ပြည့် နှာခေါင်းစည်း တပ်ဆင်ထားသင့်တဲ့အကြောင်း ဒေါက်တာကျော်မင်းထွန်းက မကြာခဏတိုက်တွန်းနေပါတယ်။

“Mask တွေကို ဖြစ်နိုင်ရင် ကိုယ့်ရဲ့နှာခေါင်းမှာပေါ့နော် အပြင်သွားတိုင်း အမြဲတမ်း တောက်လျှောက်တပ်သင့်တယ်ပေါ့နော်။ အဲ့ဒါမှလည်း ဒီ protection (အကာအကွယ်) ပေါ့နော်၊ protection ကို ၁၀၀ ရာခိုင်နှုန်းမရရင်တောင်မှ အနည်းဆုံး ၈၀ ၊ ၉၀ ရာခိုင်နှုန်းလောက်တော့ အကာအကွယ်ရတယ်ပေါ့နော်။ ကိုယ့်ဆီ ရောဂါမကူးစက်သလို အပြင်ကရောဂါလည်း ကိုယ့်ဆီကို မဝင်ဘူးပေါ့နော်။”

ကူးစက်မြန် ကိုဗစ်ရောဂါပိုးဟာ နေရာတိုင်းမှာ ပျံ့နှံ့နေနိုင်တာမို့ ကိုဗစ်လက္ခဏာ
ဖြစ်တဲ့ နှာစေး၊ ဖျားနာ၊ ချောင်းဆိုး ကိုယ်လက်ကိုက် စတာတွေ ဖြစ်လာရင် နီးစပ် ရာ ဆေးရုံ ဆေးခန်းတွေမှာ စမ်းသပ်ပြီး ကုသမှုခံယူဖို့ကိုလည်း ကျန်းမာရေးဆရာဝန်နဲ့ ပရဟိကူညီသူတွေက သတိပေးထားပါတယ်။

အောက်တိုဘာလ ၂၀ ရက်နေ့အထိ ကျန်းမာရေး ဌာနတွေက ထုတ်ပြန်တဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ ကိုဗစ် အတည်ပြုလူနာ ခြောက်သိန်း နှစ်သောင်းကျော်ရှိပြီး သေဆုံးသူ တသောင်း ကိုးထောင့် လေးရာကျော်ရှိပါတယ်။ ကျန်းမာရေး စစ်ဆေးနိုင်တဲ့ ပမာန အားနည်းချက်တွေကြောင့် အမှန်တကယ် ကူးစက်သူနဲ့ သေဆုံးသူဟာ တရားဝင်စာရင်းတွေထက် များမယ်လို့လည်း ပြည်တွင်းပြည်ပ အကဲခတ်တွေ ပညာရှင်တွေက ခန့်မှန်းနေကြပါတယ်။

XS
SM
MD
LG